@dontcome567: အငယ်ဆုံးဆိုတဲ့သူတွေ အရွယ်ရောက်လာကြတဲ့အခါ သူတို့လေးတွေမှာ မျက်လုံးမှိုတ်လိုက်တိုင်း ဝင်လာတဲ့အတွေးတစ်ခုရှိတယ်။ ပထမ လောကကြီးအကြောင်းကို သိပ်မသိသေးတဲ့အရွယ်မှာတော့ ဘာအပူပင်အခက်တွေမှမရှိခဲ့ကြဘူး။ အဲ့အချိန်မှာဆို အထက်ကအကြီးတွေဟာ အကိုကြီးရင် အဖအရာ ၊ အမကြီးရင် အမိအရာ ဆိုတဲ့အတိုင်း မိသားစုတစ်ခုလုံး ဝမ်းရေးအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကိုနောက်မှာထားပြီး အောက်က လူတွေထမင်းမငတ်ဖို့ကို ကြိုးစားပေးခဲ့ကြတယ်။ အဲ့အချိန်မှာတော့ အငယ်ဆုံးလေးတွေကတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး ပျော်လို့ကောင်းတုန်း ရင်ခုန်လို့ကောင်းတုန်းပေါ့။ နောက်ဆုံး အကြီးဆုံးတွေဟာ သီးချိန် ပွင့်ချိန်တန်ပြီး အိမ်ထောင်တွေကျသွားကြတဲ့အခါမှာတော့ မိသားစုတာဝန်တစ်ခုလုံးဟာ အငယ်ဆုံးတွေရဲ့ပခုံးပေါ်ရောက်လာကြပါတော့တယ်။ အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ Challenge ( စိန်ခေါ်မှု ) ကြီးကြီးမားမားတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အထက်က အကြီးဆုံးတွေကတော့ ဝမ်းရေးအတွက် တာဝန်ကျေပေးခဲ့ကြပြီးတော့ အငယ်ဆုံးတွေရဲ့တာဝန်ကတော့ မိသားစုတစ်ခုလုံးကို ပြောင်းလဲပေးဖို့တာဝန်ဖြစ်လာခဲ့ပါတယ်။အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ မျက်လုံးမှိုတ်လိုက်ချိန်တိုင်းမှာ ဝင်လာတဲ့အတွေးတစ်ခုက ဒီမိသားစုကို ဒီလိုဘဝကနေ ငါကိုယ်တိုင် ပြောင်းလဲပေးနိုင်ရမယ်ဆိုတာပါပဲ။ ငါမပြောင်းလဲပေးနိုင်ရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ လာပြီးပြောင်းလဲပေးဖို့ရန်မရှိတော့ဘူး ဆိုတဲ့အတွေးတစ်ခုဟာ အမြဲတမ်း ညသခေါင်ယံကျော်လာကြပါတယ်။ ဒါကြောင့် အငယ်ဆုံးတွေဟာ အရွယ်ရောက်လာကြတဲ့အခါ သူများတွေထက်ပိုပြီး ရင့်ကျက်လာတက်ကြတယ် တစ်ချို့ဆိုရင် လုံးဝတိတ်ဆိတ်သွားတက်ကြတယ်။ "မိသားစုတစ်ခုမှာ အဲ့ဒီမိသားစုကိုပြောင်းလဲပေးမယ့်သူ တစ်ယောက်တော့ပါတယ်" ဆိုတဲ့စကားဟာ.... အငယ်ဆုံးတွေကို ရည်ရွယ်ပြီး ပြောခဲ့ကြတယ်ထင်ပါရဲ့.... အငယ်ဆုံးဆိုတဲ့ဂုဏ်ဟာ အကြီးမားဆုံးတာဝန်တစ်ခုကို ဖန်တီးရန်အတွက်ဖြစ်တည်လာတယ်ဆိုတာ နားလည်လာတဲ့အချိန်ဟာ အငယ်တွေဟာ ရုတ်တရက်အကြီးဖြစ်ကြတဲ့အချိန်ပါပဲ။ အစကတည်းက ပြီးပြည့်စုံနေကြတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းနေလို့မရဘူးဆိုတာသိလာကြတယ်။ ဒါကြောင့် သူများတွေ သုံးနိုင်ဖြုန်းနိုင်တာကို အားမကျပဲ "ဘဝ"မှာ ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာပဲ စဥ်းစားလာတက်ကြတယ်။#အငယ်ဆုံးတေဘဲသိတဲ့ခံစားချက်👍🥀#fyp
愛·|𝐌𝐈𝐋𝐎
Region: MM
Monday 29 June 2026 00:05:56 GMT
Music
Download
Comments
Sakura :
မှန်ပါတယ်ဗျာ😔
2026-07-28 02:04:05
1
💥prime flash💥 :
မှန်တယ်ဗျာ😔
2026-07-19 15:50:35
1
👾မောင်လူအေး🪖⛓️💥 :
စာလေးပို့ပေးပလားဗျာ
2026-08-03 06:23:34
0
💈Ko Hein💈💇♂💇♂ :
ပြန်တင်ပရစေ❤️
2026-07-18 15:00:21
1
🐬 :
စာသားယူသုံးမယ်နော်bro
2026-07-31 16:43:56
0
...... :
2026-07-29 01:29:24
0
𝒦ℴ.𝒫𝓎𝒶ℯ.❤️🔥.✌︎ :
စာသားလေးပြန်ယူသုံးမယ်နော် bro🥺
2026-07-31 02:53:28
0
Thant sin ko :
ဟုက်ပါ့ကွာ
2026-07-27 18:52:21
1
💫Kyal💫 :
စာသားတွေ ကထိတယ် ဗျ😞ျ😞
2026-08-04 00:33:32
0
စားတို :
2026-07-24 10:34:58
0
🤍🤍M.Ã.Ÿ🖤🖤 :
2026-07-23 07:59:18
0
OVER🤞🏻🇵🇹 :
ပြန်တင်ပရစေ🥺
2026-06-29 13:59:38
0
To see more videos from user @dontcome567, please go to the Tikwm
homepage.