@winechitmaung0: “နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လုပ်လာတာပဲ… ပြန်လာရင် အေးအေးဆေးဆေး နေနိုင်တော့မှာပေါ့…” လို့ ပြောတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့်… အဲဒီစကားကို ပြောတဲ့သူအများစုက နိုင်ငံခြားထွက်ပြီး ဘဝနဲ့ရင်းကာ အလုပ်လုပ်ဖူးတဲ့သူတွေ မဟုတ်တတ်ကြပါဘူး။ တစ်ကယ့် မြေပြင်က ဘဝတွေကတော့ အဲဒီလောက် မလွယ်ကူလှပါဘူး။ နှစ်ပေါင်းများစွာ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့တယ်။ အလုပ်မှာ အနိုင်ကျင့်ခံရတာတွေရှိတယ်။ ဂုန်းတိုက်ခံရတွေရှိတယ်။ မတရားဆက်ဆံခံရတာတွေရှိတယ်။ စိတ်နာစရာတွေကို မျိုသိပ်ပြီး ဆက်ရုန်းကန်ခဲ့ရတဲ့ နေ့တွေ မနည်းခဲ့ဘူး။ ငယ်တဲ့အချိန်က အဆင်ပြေနေသေးပေမယ့် .. ကိုယ့်အသက်အရွယ်တစ်ခုရလာတော့ ကိုယ့်နိုင်ငံပြန်ဖို့ စတွေးမိလာခဲ့ပြီ။ အဲ့ဒိအချိန် ပထမဆုံး ဝင်လာတဲ့ အတွေးက .. လက်ရှိနိုင်ငံရေး အခြေအနေနဲ့ .. " မြန်မာပြည်ရောက်ရင် ဘာလုပ်စားမှာလဲ " ဆိုတာပါပဲ.. အဲ့ဒိအချိန်မှာ သိန်းရာဂဏန်း လက်ထဲမှာ ရှိနိုင်ပေမယ့်... သိန်းထောင်ချီ မရှိဘူး။ တိုက်ကြီးတာကြီးလည်း မရှိဘူး။ လုပ်ငန်းကြီး စဖို့ အရင်းအနှီးလည်း မလုံလောက်ဘူး။ ဆိုခဲ့ရင်..... ဒီလိုနဲ့ ကိုယ့်အိမ်ယာလေးကို ပြန်ရောက်ပြီးတဲ့အချိန်မှာတောင် .. အရင်က ကိုယ်ငွေလွှဲပေးနေတဲ့ အိမ်က လူတွေက “အခု ဘာဆက်လုပ်မှာလဲ” လို့ မေးလာကြပါလိမ့်မယ်။ မိတ်ဆွေတစ်ချို့ကလည်း.. “နိုင်ငံခြားမှာ ဒီလောက်ကြာခဲ့တာပဲ စီးပွားရေးတစ်ခုခု လုပ်လို့ရမှာပေါ့” လို့ ပြောလာကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ မသိတာတစ်ခု ရှိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့တဲ့ နှစ်တွေထဲမှာ ကိုယ်ရှာတဲ့ ပိုက်ဆံတွေဟာ ကိုယ့်အတွက်ချည်း မဟုတ်ခဲ့ဘူးဆိုတာကိုပါပဲ။ မိဘတွေအတွက် ရှိခဲ့တယ်။ သားသမီးတွေအတွက် ရှိခဲ့တယ်။ ညီအစ်ကို မောင်နှမတွေအတွက် ရှိခဲ့တယ်။ အရေးပေါ် ပြဿနာတွေ အတွက် ရှိခဲ့တယ်။ အဲဒီကြားထဲမှာ စုဖို့ထက် သုံးဖို့က ပိုများခဲ့တယ်။ ဒါကြောင့်ပြန်ရောက်လာတဲ့အချိန်မှာ အသက်က ကြီးကောင်းကြီးနေပါလိမ့်မယ်။ သို့ပေမယ့် အတွေ့အကြုံတွေက အများကြီး ရှိလာနေပြီးပါပြီ။ ဒါပေမယ့်… အသစ်ကနေ ပြန်စရမယ့် ဘဝတစ်ခုကို ရင်ဆိုင်ရဖို့ကြိုးစားရပြန်တယ်။ တစ်ချို့တွေက စျေးရောင်းတယ်။ တစ်ချို့တွေက ဆိုင်သေးသေးလေး ဖွင့်တယ်။ တစ်ချို့တွေက Taxi မောင်းတယ်။ တစ်ချို့တွေက နေ့စားအလုပ် ပြန်လုပ်ကြတယ်။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ရိုးသားစွာ လုပ်စားနေရင်တော့ သိက္ခာမကျပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူးဆိုပေမယ့်.. တကယ်တော့… မိသားစု အတွက် ပေးဆပ်တဲ့ နိုင်ငံခြားက ပြန်လာတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ “ဘယ်လောက် စုမိခဲ့လဲ” ဆိုတာထက် “ဘယ်လောက် တာဝန်ကျေခဲ့လဲ” ဆိုတာက ပိုအရေးကြီးခဲ့လို့ပါ။ ဘာလို့လဲဆိုတော့… သူ့ဘဝ ထက် သူ့ မိသားစု အဆင်ပြေဖို့က ပိုအရေးကြီးတယ်လို့ ခံယူထားသူမို့ပါ။ အိမ်ပြန်တဲ့ အဲ့ဒီနေ့မှာ.. လက်ထဲမှာ ငွေအများကြီး ရှိချင်မှရှိနေနိုင်ပါလိမ့်မယ်။ ဒါပေမယ့်… မိဘတွေ အိုမင်းချိန်မှာ ပြုစုနိုင်ခဲ့တယ်။ သားသမီးတွေကို ပညာသင်ပေးနိုင်ခဲ့တယ်။ မိသားစုတစ်ခု ရပ်တည်နိုင်ခဲ့တယ်။ အဲဒါတွေကလည်း အောင်မြင်မှုတွေပါပဲ။ ဒါကြောင့်… နိုင်ငံခြားက ပြန်လာပြီး “ငါ ဘာလုပ်စားရမလဲ” လို့ စိတ်ညစ်နေမယ့်အစား… “ငါ ဒီအထိ ရောက်အောင် ရုန်းကန်ခဲ့ပြီးပြီ” ဆိုတာကိုပဲ မှတ်ထားရင်ရပါပြီ။ ဘဝက မပြီးသေးပါဘူး။ ညနေစောင်းနေပြီ ဆိုပေမယ့်… အလင်းရောင် လုံးဝ ပျောက်ကွယ်သွားနေတာမျိူး တော့မဟုတ်ပါဘူး။ အသက်ကြီးလာလို့ အိပ်မက်တွေ မပြီးဆုံးသေးသလို… လက်ထဲမှာ ငွေမများလို့လည်း ဘဝက မဆုံးသေးပါဘူး။ တဖြည်းဖြည်းနဲ့ ကိုယ်တတ်နိုင်တဲ့ အလုပ်တစ်ခုကိုလုပ်ရင်း .. နိုင်ငံခြားပြန်ရင် ဘာလုပ်စားမလဲ ဆိုတာထက် ကျန်ရှိတဲ့ ဘဝကို ကိုယ့်အတွက်ကိုယ် ဂုဏ်သိက္ခာရှိရှိ ဆက်လျှောက်သွားရုံပါပဲ။ ဘာကြောင့်ဆို ကိုယ်ဟာ မိသားစု ရဲ့ တာဝန်ကို ကျေခဲ့ပြီးသား လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ #reatorsearchinsights #fbyツ #စာသားcrd
㍿・Rᴇʏ✓
Region: TH
Monday 29 June 2026 01:28:39 GMT
Music
Download
Comments
𝓦 :
G.12ပြီးအောင် တက်ချင်ခဲ့ပေမဲ့ မိဘရဲ့အခြေအနေကိုကြည့်ပြီးအလုပ်လုပ်ဖို့ရွေးချယ်ခဲ့တာ ဒါမဲ့ သူငယ်ချင်းတွေရဲ့စာမေးပွဲresultတွေမြင်တော့ အရမ်းသိမ်ငယ်မိတယ် ဘာဆက်လုပ်ရမလဲ လမ်းတွေပျောက်နေတယ် ဒီနိုင်ငံမှာနေပြီး ကိုယ့်ဘဝကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲလဲ မသိတော့ဘူး ဘာဖြစ်ချင်မြန်းလည်း ရေရေရာရာမသိဘူး စိတ်ဓာတ်တွေကျနေပြီ ကိုယ့်နိုင်ငံပြန်ရင်ရော ဘာလုပ်ရမလဲ ကိုယ့်ဘဝကအဲ့ကြဘယ်လိုဖြစ်နေမလဲ မတွေးတတ်တော့ဘူး🙂↕️
2026-06-29 11:31:17
74
꧁☆**☆꧂ :
😌အားတတ်ရပါတယ်ဗျာ
ဘဝတေက တကယ် မလွယ်ပါဘူး
ကျေးဇူးပါဗျာ
2026-06-29 09:49:38
6
Esther Vancermawi :
Thankyou ❤️❤️
2026-06-30 01:41:32
0
𖣂 Mj 𖣂 :
2026-06-29 11:34:00
1
🐸𝙽𝚊𝚞𝚗𝚐 𝙽𝚊𝚞𝚗𝚐🪰 :
စာသားလေပေးလို့ရမလားဗျ
2026-06-29 08:20:01
11
🍉แดงโม🍉 :
စာသားလေးcopyလိုချင်လိုပါ❤️
2026-06-29 14:03:44
1
Yaminkoko :
စာလေးcopyယူပါစေရှင်🥰
2026-06-29 13:54:32
1
🌺🌺ငြိမ်း🌺🌺 :
စာသားလေးဖတ်ရတာ...တကယ်အားရှိပါတယ်🥰🥰🥰🥰
2026-06-29 12:43:09
1
🗿💐 :
စာသားလေ ပေးပါလာဗျ
2026-06-29 09:00:12
1
Nar Nar Nu🥬🍲 :
ဖတ်ရင်းနဲ့ငိုမိသွားတာ🥺🥺
2026-06-29 12:42:16
1
Honey :
ပြင်းလို့ မဖတ်ချင်ဘူး အသံလေးနဲ့ နားထောင်ချင်တယ်
2026-06-29 14:06:28
1
PAING SOE ツ :
Comment ထဲစာသားလေးချပေးပါလား bro copy ယူချင်လို့ please
2026-06-29 08:36:41
5
🍀W💜♓ :
စာသားလေးပေးပါဗျာ
2026-06-29 13:54:19
1
ဖိုးပြည့် :
ပြန်တင်ခွင့်ပြု့ပါဗျ
2026-06-29 11:14:40
1
Śĥankś :
ဟူး...........
2026-06-29 10:16:51
2
e_mi1_1 :
မျက်ရည်တောင်ကျမိတယ်😭
2026-06-29 13:58:24
1
user987654321234december :
🇹🇭ဒီနိုင်ငံကနေပြန်မယ်လို့တွေးတိုင်းလမ်း
တွေဘာပျောက်သွားတယ်တွေးတိုင်း"😇😇
2026-06-29 15:43:19
2
🐰 :
ပြန်တင်ပါရစေနော်🤍
2026-06-29 14:54:13
1
D i O :
ကျေးဇူးညီကို
2026-06-29 13:27:42
1
Macara ᥫ᭡𖹭 :
တကယ်ပါ...ပြန်ရမလား ထပ်နေရမလား နဲ့တင် ဝေခွဲမရဖြစ်နေပြီ.. ဆက်လည်းမနေချင်တော့ဘူး ပြန်ရင်လည်းဘာလုပ်ရမှန်းမသိတော့ဘူးရယ်.. ဘာသာစကားကလွဲ ပြီးတတ်မြောက်တဲ့အတတ်ပညာသိပ်မရှိသလိုဖြစ်နေပြီ ဘဝကတိုတိုလေးချစ်ရတဲ့သူတွေနဲ့အချိန်တွေဖြုန်းချင်ပါသေးတယ်
2026-06-29 08:41:14
4
🦉Mí Šŭ🦉🇲🇲🇸🇬 :
စာသားလေးပေးလို့ရမလားရှင့်
2026-06-29 14:02:06
1
T❤️🎶 :
စာသာလေးချပေးပါလား
2026-06-29 13:32:00
1
La yake :
စာသားလေးအရမ်းကြိုက်တယ်☺️
2026-06-29 15:36:53
1
To see more videos from user @winechitmaung0, please go to the Tikwm
homepage.