@mhpowos.store: All-knowing wiring harness One-meter solar cable and versatile connectors for the panel#SolarPanel #SolarEnergy #Tech #OutdoorTech #cable

MHPOWOS
MHPOWOS
Open In TikTok:
Region: US
Monday 29 June 2026 17:15:00 GMT
40
1
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @mhpowos.store, please go to the Tikwm homepage.

Other Videos

လူတစ်ယောက်က  မင်းကို တန်ဖိုးမထားဘူးဆိုတာ  အဲဒီလူက မင်းရဲ့တန်ဖိုးကို
လူတစ်ယောက်က မင်းကို တန်ဖိုးမထားဘူးဆိုတာ အဲဒီလူက မင်းရဲ့တန်ဖိုးကို "မသိတာ" ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် မင်းရဲ့တန်ဖိုးကို "မလိုချင်တာ" ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်.. အဲဒီလို လူမျိုးနားမှာ မင်းက ဆက်ပြီး ရှိနေတယ်ဆိုရင် အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် "စော်ကား" နေတာနဲ့ အတူတူပဲ။ ဒီလိုပြောတော့ စိတ်မကောင်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ မင်းလက်ထဲမှာ ပတ္တမြားတစ်လုံး ရှိတယ်ဆိုပါစို့။ အဲဒီ ပတ္တမြားကို ကျောက်ကုန်သည်ဆီ ယူသွားရင် သိန်းရာချီ ရနိုင်တယ်။ ဒါပေမဲ့ အဲဒီ ပတ္တမြားကိုပဲ ကန်စွန်းရွက်သည်ဆီ ယူသွားပြီး ရောင်းမယ်ဆိုရင် သူက ဘယ်လောက်ပေးမယ် ထင်သလဲ။ ကန်စွန်းရွက် နှစ်စည်းလောက်နဲ့ လဲရင် လဲလိမ့်မယ်။ အဲဒီတော့ ကန်စွန်းရွက်သည်က ပတ္တမြားကို တန်ဖိုးမထားလို့ သူ့ကို အပြစ်ပြောမလား။ မပြောနဲ့။ အပြစ်မတင်နဲ့။ သူ့အလုပ်က ကန်စွန်းရွက်ရောင်းတာလေ။ ကျောက်မျက်ရတနာအကြောင်း သူမှ နားမလည်တာ။ နားမလည်တဲ့သူဆီသွားပြီး တန်ဖိုးဖြတ်ခိုင်းနေတဲ့ မင်းမှာသာ အပြစ်ရှိတာ။ လောကကြီးမှာလည်း ဒီအတိုင်းပဲ။ မင်းရဲ့ မေတ္တာ၊ မင်းရဲ့ စေတနာ၊ မင်းရဲ့ အရည်အချင်းတွေကို တန်ဖိုးမထားတတ်တဲ့ နေရာမှာ သွားပြီး ပုံအောပေးနေတာဟာ... "ငါးပိဈေးမှာ ရွှေသွားရောင်းနေတာ" နဲ့ အတူတူပဲကွ။ နောက်တစ်ချက် ပြောချင်တာက "သိက္ခာ (Dignity)" ဆိုတဲ့ ကိစ္စပဲ။ လူဆိုတာ သိက္ခာနဲ့ နေရတာ ။ ကိုယ့်ကို မလိုချင်မှန်းသိလျက်နဲ့၊ ကိုယ့်ကို အရေးမလုပ်မှန်း သိလျက်နဲ့ မျက်နှာငယ်လေးနဲ့ ကပ်နေရတယ် ဆိုတာဟာ လူ့သိက္ခာ ကျဆင်းစရာ အကောင်းဆုံး ကိစ္စပဲ။ "ကျွန်တော်က ချစ်လို့ပါ၊ ကျွန်တော်က ခင်လို့ပါ" လို့ မင်းက ဆင်ခြေပေးချင် ပေးလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ... တဖက်သတ် ပေးဆပ်ရတဲ့ အချစ်၊ တဖက်သတ် ပေးရတဲ့ မေတ္တာဆိုတာ ကြာလာရင် "ကျွန်ခံ" ရသလို ဖြစ်သွားတတ်တယ်။ မင်းက ပေးလေလေ၊ ဟိုက အထင်သေးလေလေ ဖြစ်လာမှာ။ဒါကြောင့်... ။ နေရာမှားနေပြီလို့ ခံစားရရင် "ရွေ့" လိုက်ပါ။ အပင်တစ်ပင်တောင်မှ သူနဲ့ မကိုက်ညီတဲ့ မြေဆီလွှာမှာ စိုက်မိရင် သေသွားတတ်တာပဲ။ လူဆိုတာကတော့ ဉာဏ်ရှိတဲ့ သတ္တဝါပဲကွာ။ ကိုယ်နဲ့ မကိုက်တဲ့နေရာ၊ ကိုယ့်ကို ညှိုးနွမ်းစေတဲ့နေရာကနေ ရုန်းထွက်ရဲရမှာပေါ့။ ကိုယ့်တန်ဖိုးကို သိတဲ့နေရာ၊ ကိုယ့်ကို လိုလိုလားလား ကြိုဆိုတဲ့နေရာကို ရောက်သွားတဲ့အခါကျမှ... "ဪ... ငါ့နေရာမှန်က ဒီနေရာပါလား" ဆိုတာ မင်း နားလည်လာလိမ့်မယ်။ ပန်းကောင်းတစ်ပွင့်ဟာ ဝက်ခြံထဲမှာ ပွင့်နေရင် ဝက်တွေက နင်းချေပစ်မှာပဲ။ ဘုရားပန်းအိုးထဲ ရောက်သွားမှ လူတွေက ဦးခိုက်မှာပဲ။ ကိုယ်ရောက်နေတာ "ဝက်ခြံ" ဖြစ်နေရင်တော့... ဘုရားပန်းအိုး ရှိရာဆီကို မင်းကိုယ်တိုင်ပဲ လမ်းလျှောက်ထွက်ခဲ့လိုက်ပါ။

About