@gazea4244:

Abo/𝓜𝓮𝓼𝓱𝓪𝓻𝓲
Abo/𝓜𝓮𝓼𝓱𝓪𝓻𝓲
Open In TikTok:
Region: SA
Monday 29 June 2026 08:22:33 GMT
2223
20
1
17

Music

Download

Comments

user4049550270810
Mnsoor :
🥰🥰🥰
2026-07-01 09:12:04
0
To see more videos from user @gazea4244, please go to the Tikwm homepage.

Other Videos

##သွေးသားထဲက_သူစိမ်းများ## လောကမှာ နီးလျက်နဲ့ အဝေးဆုံးရောက်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲလို့ မေးလာခဲ့ရင်
##သွေးသားထဲက_သူစိမ်းများ## လောကမှာ နီးလျက်နဲ့ အဝေးဆုံးရောက်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲလို့ မေးလာခဲ့ရင် "တစ်အိမ်တည်းနေပြီး စိမ်းကားသွားတဲ့ ညီအကိုမောင်နှမများ" လို့ပဲ နာကျင်မှုတွေနဲ့ရင်းပီး ဖြေဆိုရပါလိမ့်မယ်။ တစ်ချိန်က နို့ရည်တစ်စက်တည်းကို မျှဝေစို့ခဲ့ကြပြီး၊ ကစားစရာတစ်ခုအတွက် လုယက်ငိုယိုခဲ့ဖူးတဲ့ လက်ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်ဖို့အတွက် အားအင်တွေ ဖြစ်သွားကြတယ်။ ညီအကိုမောင်နှမဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ ကံကြမ္မာရဲ့ လက်ဆောင်တစ်ခု ဖြစ်ပေမဲ့၊ အဲဒီလက်ဆောင်ဟာ တစ်ခါတလေမှာ အဆိပ်အတောက်တွေ ပြည့်နေတဲ့ သေတ္တာတစ်လုံးလို ဖြစ်နေတတ်ပါတယ်။ သူစိမ်းဆိုတာကတော့ အစကတည်းက မျှော်လင့်ချက်မရှိလို့ နာကျင်စရာမလိုပါဘူး။ ဒါပေမဲ့ သွေးသားချင်းတွေဆီကရတဲ့ အေးစက်မှုကတော့ နှလုံးသားကို ဓားနဲ့မွှန်းသလိုပါပဲ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီးမှ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က မုဒိတာမပွားနိုင်တာ၊ တစ်ယောက်ရဲ့ ကျဆုံးမှုကို တစ်ယောက်က ကျိတ်ပြီး ဝမ်းသာနေတာမျိုးဟာ ရန်သူထက်တောင် ပိုပြီး ကြောက်စရာကောင်းလှပါတယ်။ သွေးသားချင်းတွေကြားမှာ "အမုန်း"ထက် ပိုပြီးကြောက်စရာကောင်းတာက "လျစ်လျူရှုခြင်း" ပါပဲ။ ရန်ဖြစ်နေကြသေးရင် သံယောဇဉ် ရှိနေသေးတယ်လို့ ဆိုနိုင်ပေမဲ့၊ တစ်ယောက်ရဲ့ တည်ရှိမှုကို တစ်ယောက်က အသိအမှတ်မပြုတော့တဲ့အခါ၊ သေရေးရှင်ရေး ကြုံရင်တောင် "ငါနဲ့မဆိုင်ဘူး" ဆိုတဲ့ အတွေးဝင်လာတဲ့ အခါမှာတော့ အဲဒီ ညီအကိုမောင်နှမ ဆက်ဆံရေးဟာ သူစိမ်းထက်တောင် ပိုပြီး နိမ့်ကျသွားရပါတော့တယ်။ အပြင်ပန်းမှာတော့ "မောင်နှမ"ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားကြပေမဲ့၊ စိတ်ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တွေ၊ အမနာပစကားတွေနဲ့ တံတိုင်းတွေ အထပ်ထပ် ကာရံထားကြတယ်။ အဲဒီတံတိုင်းတွေဟာ အပြင်ကလူတွေ မြင်နိုင်တဲ့ တံတိုင်းမျိုး မဟုတ်ဘဲ နှလုံးသားချင်း ဝေးကွာသွားစေတဲ့ ထာဝရ အေးစက်မှုတွေသာ ဖြစ်ပါတယ်။ အမှန်တော့ ညီအကိုမောင်နှမဆိုတာ ဘဝရဲ့ မုန်တိုင်းထန်ချိန်တွေမှာ အတူရပ်တည်ပေးရမယ့် "အဖော်" တွေ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အတ္တတွေ၊ မနာလိုမှုတွေနဲ့ မာနတွေက ရှေ့ကခံနေတဲ့အခါမှာတော့... သွေးသားဆိုတာဟာ စာချုပ်ပေါ်က အမည်နာမတစ်ခုထက် မပိုတော့ပါဘူး။ သူစိမ်းဆိုတာ ပြန်ဆုံချင်မှ ဆုံရမှာဖြစ်ပေမဲ့၊ သွေးသားချင်း သူစိမ်းဖြစ်သွားတဲ့အခါမှာတော့ နေ့စဉ်မြင်တွေ့နေရတဲ့ မျက်နှာတွေကပဲ သင့်ကို တစ်သက်လုံး စိတ်ဒဏ်ရာ ပေးနေပါလိမ့်မယ်။ ဒါကြောင့် "သွေးသည် ရေထက်ပျစ်သည်" ဆိုတဲ့ စကားထက် "မေတ္တာတရားမရှိရင် သွေးသားဟာလည်း ရေထက်ပင် ပို၍ အေးစက်သွားတတ်သည်" ဆိုတာက ပို၍ မှန်ကန်နေပါတော့တယ်။ #ဦးဝေပုလ္လ(ပခုက္ကူ) #ဘုန်းဝေ_ပခုက္ကူ

About