@l.k.7.s.g: မန္တလေး-နေပြည်တော် အမြန်လမ်းတွင် စစ်တပ်အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦး ဖမ်းဆီးခံထားရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာ(ရုပ်/သံ) ဇွန် ၂၉၊ ၂၀၂၆ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင် (EC) ဖြစ်သူ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးဟာ မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ စစ်တပ်အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးဟာ မန္တလေး- နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ အဖွဲ့ကနေ သိန်းဇော်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်နီလာအောင်ဆီကို Viber ကနေ ဖမ်းဆီးထားကြောင်း Video နဲ့အတူ ၁၀ ရက်အတွင်း ငွေကျပ် သိန်း ၅၀၀၀ နဲ့ လာရောက် လဲလှယ်ဖို့ ဆက်သွယ်လာတယ်လို့ သိရပါတယ်။ “ကျွန်တော် သိသလောက် လိုက်မေးတာတော့ တော်လှန်ရေးတပ်တွေက ဖမ်းထားတဲ့ အနေအထားမျိုး မတွေ့ရဘူး၊ အဖမ်းခံလိုက်ရတာတော့ သေချာတယ်။ မန္တလေးကနေ နေပြည်တော်ကို သွားတဲ့လမ်းပေါ့နော်၊ နေပြည်တော်ကို မရောက်ခင် နွားထိုး-မိထ္ထီလာ အဲကြားမှာ ပျောက်တယ်လို့ ယူဆပါတယ်၊ တော်လှန်ရေးတပ်တွေကတော့ သူတို့ မဟုတ်ဘူးလို့ ပြောကြတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးဟာ ဇွန်လ ၁ ရက်နေ့ကတည်းက စစ်မှုထမ်းဟောင်းရုံးအဖွဲ့နဲ့ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းရှိ ထပရ (၁၂၁) မှာ ရိက္ခာဆန်ကိစ္စတွေ သွားရောက်ဆောင်ရွက်နေကြောင်း နောက်ဆုံးအကြိမ် ဆက်သွယ်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ “သူက စစ်မှုထမ်းဟောင်းနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူတယောက်ပေါ့နော်။ ဒါကြောင့်လည်း တော်လှန်ရေးတပ်ပဲ ဖြစ်ဖြစ် သူ့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ကပဲ ဖြစ်ဖြစ် သူက သိန်း ၅၀၀၀ မက တန်တာမလို့ တောင်းတဲ့ အနေအထားပဲ။ ဘာလို့ဆို ထပရ (၁၂၁) ဆိုတာက တကယ့် တပ်အကြီးကြီးပဲ။ မန္တလေးတိုင်းတဝက်လောက်ကို ရိက္ခာဖြည့်တင်းတာမှာ သူက ကန်ထရိုက်ယူပြီး ဆန်သွင်းတဲ့သူပဲ။ အငြိမ်းစားလစာက အလွန်ဆုံးရမှ တလကို ၃သိန်းပေါ့။ လစာ ၃သိန်းရတဲ့သူကို သိန်း ၅၀၀၀ တောင်းတာဆိုတော့လေ။ ဒါမှမဟုတ် ပြောင်းပြန်တွေးကြည့်ရင်တော့ တော်လှန်ရေးတပ်တွေ လုပ်တာဆိုပြီး ဝါဒဖြန့်ပြီးတော့ သူ့မှာ အကြွေးတင်တာ ရှိနေတာတို့ နောက်ပြီးတော့ စစ်မှုထမ်းဟောင်း အဖွဲ့မှာက ရံပုံငွေ ဆိုတာရှိပါတယ်။ အဲ့တာကို သူက သုံးချင်လို့လား လိုချင်လို့လားပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က အခြေအနေတွေကို ရှင်းပြပါတယ်။ လက်ရှိ ပျောက်ဆုံးနေတဲ့ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးဟာ ဗိုလ်လောင်းအပတ်စဉ် ၁၀၅ က ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့ကနေ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ #ProofOfLife #FreeAungSanSukyi #JusticeForBurma #StandWithBurma #FreedomForHerFreedomForAll

L.K ( 7 ) S G
L.K ( 7 ) S G
Open In TikTok:
Region: TH
Monday 29 June 2026 08:34:13 GMT
92634
1885
15
167

Music

Download

Comments

myomiljwpps
Aung Thant Kyaw :
ဘာမှလည်းမဆိုင်
2026-06-29 12:38:31
1
pyae.phoo.wai167
♚♡𝒯𝒽𝓊𝓇𝒶 𝒜𝓊𝓃𝑔 ♡♚ :
ဘာဆိုင်လိုလဲ ကွာ
2026-06-29 11:58:54
0
ko.htetaung8
overtime 👍👍😍 :
ဘာဆိုင်လဲ အငြိမ်းစားက
2026-06-29 10:45:03
3
yuyi71656
Yuyi :
ကြည့်ရတာဝါနေတယ်
2026-06-29 13:52:16
1
ooookyawgyi114
OoOoKawGyi :
မြားသလားလို့ဘဲနော်
2026-06-29 15:52:29
0
yuueeujwjeej
yuueeujwjeej :
goooooood
2026-06-29 14:49:26
0
user744754923
❤pyae❤khaing❤ :
ရီမယ်နော် တပုဒ်
2026-06-30 13:45:11
0
myint.zaw1927
Myint Zaw :
👍👍👍👍
2026-06-29 11:59:49
1
capitalkyaw
ပေါက်စ :
❤️❤️❤️
2026-06-29 12:00:27
2
bo.htain45
Bo Htain :
😁😁😁
2026-06-29 09:01:22
2
ngahtike53
New Day :
😂😂😂
2026-06-29 12:40:35
1
ma.nyo5903
Ma Nyo :
🥰🥰🥰
2026-06-29 14:01:16
0
user2453939425955
ဇောိဇေား :
😁😁😁
2026-06-30 00:27:58
0
yankyarpauk
kyarpauk :
😁😁😁
2026-06-29 14:27:59
0
To see more videos from user @l.k.7.s.g, please go to the Tikwm homepage.

Other Videos


About