@nan...shweou: ကိုယ်အရမ်းချစ်ရတဲ့သူနဲ့ တစ်အိမ်တည်း အတူတူနေရရင် သိပ်ပျော်ရမှာပဲလို့ ယုံကြည်ခဲ့ပီး တကယ်တမ်း လက်ထပ်ပြီးသွားတဲ့အခါ ငါ ဘာလို့များ ဒီအိမ်ထောင်ကို ပြုခဲ့မိပါလိမ့် ဆိုတဲ့ နောင်တတွေမရချင်ပူး။ ချစ်တယ်၊ လွမ်းတယ် ဆိုတဲ့ စကားလုံးတွေ နေရာမှာ ဒီနေ့ ဘာဟင်းလဲ၊ ငါ့အင်္ကျီ ဘယ်နားထားလဲ၊ မင်းက နားပူတာပဲ ဆိုတဲ့ အမိန့်ပေးသံတွေ၊ ညည်းတွားသံတွေက အစားထိုး ဝင်ရောက်လာမာကြောက်တယ် ပိုပြီး နာကျင်ရမာက.. ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေ၊ သူငယ်ချင်းတွေ၊ ကိုယ့်အလှအပတွေကို ဒီမိသားစုအတွက် စတေးလိုက်ရပေမယ့်၊ သူကတော့ လူပျိုဘဝတုန်းကလိုပဲ ဘာတစ်ခုမှ အထိခိုက်မခံဘဲ နေနိုင်လွန်းတာကိုပဲမလား သူသွားချင်တဲ့အချိန် အပြင်သွားတယ်၊ သူဝယ်ချင်တာ ဝယ်တယ်.. ကိုယ်ကတော့ မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ကျန်ခဲ့ရပီးကိုယ့်တွက်မတွေးပေးတော့မာကိုကြောက်တယ်။ အတူတူ နေရရင် ပျော်မယ်ထင်ခဲ့ပီး တကယ်တမ်းကျတော့ ကိုယ့်ကို ဂရုမစိုက်တော့တဲ့၊ ကိုယ့်ပင်ပန်းမှုကို မစာနာတော့တဲ့၊ ဖုန်းတစ်လုံးနဲ့ ကမ္ဘာပတ်နေတဲ့ ကျောပြင်ကြီးတစ်ခုနဲ့ တစ်ကုတင်တည်း အတူအိပ်ရပီး တစ်ယောက်တည်း အထီးကျန်နေရမာကိုကြောက်တယ် ကိုယ့်ကိုချစ်တယ်ပြောပီးအလျော့မပေးတဲ့ယောက်ျားကိုကြောက်တယ်❤️‍🩹#fypシ

SWE🪭
SWE🪭
Open In TikTok:
Region: MM
Monday 29 June 2026 10:08:34 GMT
4958
237
3
30

Music

Download

Comments

amelina313
amelina313 :
မမစာသားလေးချပေးလို့ရလားရှင့်
2026-06-30 11:03:58
1
To see more videos from user @nan...shweou, please go to the Tikwm homepage.

Other Videos


About