@ketchupwithemily: တိုဟူးကောင်းကောင်းလေးကျိုပြီး တိုဟူးကြော်ကြွပ်ကြွပ်ရွရွလေးရယ် တိုဟူးသုပ်လေးရယ်လုပ်စားကြမယ်နော် တိုဟူးကျိုမယ်ဆိုရင် အရေးကြီးဆုံးက ပဲစိမ်းမှုန့်နံ့မကျန်ဘဲ ဆိမ့်ဆိမ့်လေးဖြစ်ပြီး တိုဟူးသားလေးချောဖို့ပါရှင် ကျိုတဲ့အချိန်မှာလဲ တူးမသွားကပ်မသွားအောင်ရယ် ပဲစိမ်းနံ့ပျောက်ဖို့ရယ်ဆို Em က မီးကိုခပ်အေးအေးပဲထားပြီးကျိုပါတယ် ကိုယ်သုံးတဲ့အိုးဆိုဒ်ရယ် မီးအရှိန်ရယ်ကို တစ်ချက်ချိန်ပါနော် နောက်ပြီး ပဲစိမ်းမှုန့်ပေါ်မှာလဲ အနည်းငယ်မူတည်ပါတယ် တစ်ချို့ပဲစိမ်းမှုန့်လေးတွေက ပျစ်တာပိုလွယ်ပြီး တစ်ချို့ကနည်းနည်းခက်တတ်တယ်လို့လဲထင်ပါတယ် ဒါကတော့ Em စမ်းကြည့်သလောက်ပါနော် Em သုံးတဲ့ဒီတံဆိပ်လေးက ဒီကျိုတဲ့အချိုးအစားနဲ့ ကျိုတဲ့ကြာချိန်အတွက် အဆင်ပြေဆုံးပါရှင် တစ်ခြားပဲစိမ်းမှုန့်ဆိုရင်တော့ တစ်ချက်အခြေအနေလေးကြည့်ပြီး သိပ်ပျစ်မလာဘူးဆို နည်းနည်းပိုကြာကြာကျိုပေးပါနော် Em က ၁၁ မိနစ်လောက်ထိပဲကျိုတာပါ ပဲစိမ်းမှုန့်အချိုးအစားရယ် ထည့်တဲ့ရေအနည်းအများပေါ်မူတည်ပြီးနဲ့ ၁၅ -၂၀ မိနစ်လောက်အထိကျိုလို့လဲရပါတယ် အဆက်မပြတ်မွှေပေးဖို့တော့ မမေ့ပါနဲ့နေဦာ် ပဲစိမ်းမှုန့်ဖျော်တဲ့နည်းကလေ Em က Matcha သောက်တော့ Matcha ဖျော်တဲ့နည်းအတိုင်းစမ်းလုပ်ကြည့်တာ တော်တော်လေးအဆင်ပြေသွားတာပါ မဟုတ်ရင် ပဲစိမ်းမှုန့်တွေပျော်ဖို့ကခက်ပြီး အကုန်မပျော်တာဖြစ်တတ်ပါတယ် ဒီနည်းလေးအတိုင်းက မြန်လဲမြန်အကုန်လဲပျော်ပါတယ်ရှင် ပါဝင်ပစ္စည်းလေးတွေကတော့ - ပဲစိမ်းမှုန့်/Gram Flour - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၂ ခွက် ရေ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၆ ခွက် (ထည့်ဖျော်တာ ၄ ခွက်နဲ့ ကျိုမယ့်အိုးထဲထည့်ပြီး အရင်ဆူအောင်တည်တာ ၂ ခွက်ပါ) နနွင်းမှုန့် -အနည်းငယ် ဆား - လက်ဖက်စားဇွန်းဝက် ကြက်သားမှုန့် - လက်ဖက်စားဇွန်းဝက် ဆီ - ထမင်းစားဇွန်း ၁ ဇွန်း တိုဟူးကြော်အချဥ်ရည် - မန်ကျည်းနှစ် - ထမင်းစားဇွန်း ၂ ဇွန်း ငရုတ်ဆီ/Sriracha - ထမင်းစားဇွန်းဝက် သကြား - လက်ဖက်စားဇွန်းဝက် ရေ - အနည်းငယ် အချိုမှုန့် - အနည်းငယ် ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ကြက်သွန်ဖြူ - ၄ တက် ငရုတ်သီးစိမ်း - ၃တောင့် တိုဟူးသုပ်ရန် - ဂေါ်ဖီ - အနည်းငယ် ကြက်သွန်နီအသေး - ၂ လုံးခန့် နံနံပင် - အနည်းငယ် ကြက်သွန်နီဆီချက် - ကြက်သွန်နီအသေး ၂ လုံးခန့်သုံးပြီးချက်ထားပါတယ် ပဲကျက်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ငရုတ်သီးမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း အချိုမှုန့် - အနည်းငယ် အချဥ်ရည် - ထမင်းစားဇွန်း ၃ ဇွန်း အသုပ်အချဥ်ရည် - မန်ကျည်းနှစ် - ထမင်းစားဇွန်း ၁-၂ ဇွန်း ငရုတ်ဆီ/Sriracha - ထမင်းစားဇွန်းဝက် သကြား - လက်ဖက်စားဇွန်းဝက် ရေ - အနည်းငယ် #myanmartiktok #တိုဟူး #တိုဟူးကြော် #တိုဟူးသုပ်
Ketchup with Emily - အမ်မလီ
Region: GB
Monday 29 June 2026 11:53:21 GMT
Music
Download
Comments
Ei Latt 1123 :
တိုဟူးလေးတွေကပြောင်ချောပီးနူးညံ့လှပနေတာဘဲသမီးရေလူလေးကလဲလှအစားအသောက်တွေကလဲသန့်ပြန့်ပီးစားချင်စရာတွေ
2026-07-03 15:10:57
2
Dream’s note :
တော်ထားတဲ့တို့ဘူးကိုလဲ သုတ်စားလို့ရတယ် တို့ဟူးကြော်ကိုညှပ်ထည့် ပဲပင်ပေါက်ရေနွေးဖျောတာလေးထည့် သခွါးလေးသီးလှီးထည့် ဆီချက် အချဉ်ရည်အနီ ငံပြာရည် အရသာမှုန့် ထည့်ပြီးနယ်ရုံပါပဲ ဘူးသီးဟင်းခါး လေးနဲ့တွဲစားလို့ရပါတယ် တောင်ငူမှာ သုတ်စားတဲ့ပုံစံလေးပါ တောင်ငူကတို့ဟူးသုတ် တို့ဟူးကြော်သုတ် အရမ်းကောင်းပါတယ် 🥰
2026-06-30 05:18:45
2
Wai Wai Aung🌼🍓💜 :
နောက်နေ့လုပ်စားအုန်းမမEmရေ🥰🥰
2026-06-30 12:03:31
1
Swe Swe Myint :
ကြိုက်ကြိုက်
2026-06-29 15:45:08
1
A Phyu Yaung :
အသံလေးကချစ်စရာလေး🥰
2026-06-30 05:13:44
1
အိဖြူ :
ဒီနေ့စားချင်နေတာနဲ့ အတော်ပဲကွယ်🥰
2026-06-30 03:33:24
2
Burmese Housewife :
စားချင်စရာ
2026-06-30 10:23:34
1
အိတ်ပုတ်လေး :
Em တို့ဖူးက အရမ်းလှနေတယ် 🧡🥰
2026-06-29 14:42:41
1
ရစ်လုံးလေး🧶🧵🧵🧵🧶 :
စားချင်စရာလေး
2026-06-29 13:22:26
1
Thwe’s Okonomi🍀 :
စားချင်စရာလေး အမ်ရေ .. သိပ်တော်တာပဲ.. တို့ဖူးလေးက လူလေးအတိုင်း လှလိုက်တာ 🥰🥰🥰
2026-06-29 12:18:29
1
Lwin Moe Htwe :
ကျနော်တို့ကျကုလာပဲစိမ်းနဲပဲလုပ်တယ် အရသာကျကွာတယ်
2026-07-02 03:06:58
1
ဘေဘီရစ်လုံး🥰 :
သန့်ရှင်း သပ်ရပ်ပီး စားချင်စဖွယ်လေးပါ😋😋😋
2026-06-30 05:45:16
1
khine khin aye :
စုစုပေါင်း ရေခြောက်ခွက်ဖြစ်တာလားရှင့်
2026-06-30 12:52:30
1
♓P🍃🤍007 :
ခုပဲကြိုလိုက်အုံးမယ် မမရေ
2026-06-30 03:06:10
1
Max Eric :
တောင်ငူစတိုင် မန်ကျည်းချဉ်ရယ် ငံပြာရည်ရယ် ဆီချက်လေးရယ် သုပ်စားကကြည့်ပါ အရမ်းကောင်းပါတယ် ထမင်းပူပူလေးနဲ့စားရင်
2026-07-04 19:22:28
0
San San Myint :
ရေက စုစုပေါင်း 6ခွက်ပေါ့ မမ ဟလား
2026-07-05 23:15:17
0
ခိုင် :
🥰🥰🥰🥰🥰
2026-07-01 10:40:35
1
Ko Sithu :
🥰🥰🥰
2026-06-30 08:06:03
1
Ni Ni Aung :
🥰🥰🥰🥰🥰🥰🥰🥰
2026-06-30 10:40:24
1
Aye Thinzar Bo :
🥰🥰🥰
2026-06-29 11:57:36
1
Nwe Pin :
🤤🤤🤤
2026-06-30 03:17:32
1
yati :
🥰🥰🥰🥰🥰
2026-06-30 03:31:25
1
🇲🇲May🇯🇵🎌 :
🥰🥰🥰
2026-07-07 05:26:55
0
Gita Thapa :
🥰🥰🥰
2026-07-07 07:04:09
0
To see more videos from user @ketchupwithemily, please go to the Tikwm
homepage.