@kbzfoundation: KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။ ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုး မရှိသောလူနာများ ဖြစ်ရပါမည်။ လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင် တစ်ဦးဦးကသော် လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်ပါသည်။ လျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်တို့၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက ကျောက်ကပ်အခမဲ့ သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။ ယခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် လျှောက်လွှာထုတ်ယူ၍ လာရောက် လျှောက်လွှာတင်ပြီးသားသူများ အနေဖြင့် ထပ်မံထုတ်ယူရန် မလိုအပ်ဘဲ ယင်းလျှောက်လွှာများထဲမှထပ်မံရွေးချယ်သွားမည် ဖြစ်ပါသည်။ လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှုအား ယခုအခါ ကျောက်ကပ် သွေးသန့်စင်စက် အလုံးရေ (၂၀) ဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးနေပါသည်။ KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်း နိုင်ပါသည်။ #KBZCenterMandalay #Earthquakereliefefforts #Rehabilitationefforts #KBZBank #CSRInitiative

KBZ Foundation
KBZ Foundation
Open In TikTok:
Region: MM
Monday 29 June 2026 13:32:23 GMT
972
90
2
5

Music

Download

Comments

user3575410314991
Nay :
ဒုတိယအသုပ်ရှောက်လွှာတင်ထားတာမခေါ်သေးလို့ပါ
2026-06-29 13:43:47
0
zawzawnaing319
zawzawnaing319 :
🥰🥰🥰
2026-06-29 14:21:04
0
To see more videos from user @kbzfoundation, please go to the Tikwm homepage.

Other Videos


About