@kyawzinxlaing_: သံယောဇဉ်ဆိုတာ ရုန်းထွက်ဖို့ အင်မတန်မှ ခက်ခဲသော မမြင်ရတဲ့ ကြိုးပါပဲ။ သံယောဇဉ်ကို အရင်းတည်ပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးဟာ နွေးထွေးမှုကို ဖြစ်စေနိုင်တယ်။ သံယောဇဉ် ဆိုတာ ချစ်တယ်ဆိုတာထက် ပ်ိုပြီး လေးနက်ပါတယ်။ ပိုပြီးတော့လည်း ခိုင်မြဲပါတယ်။ အချိန်ယူပြီး တည်ဆောက်ရတဲ့ အရာလည်း ဖြစ်ပါတယ်။ သံယောဇဉ်က ခပ်လွယ်လွယ်နဲ့ မဖြစ်နိုင်သလို သံယောဇဉ် တွယ်သွားပြီရင်လည်း လွယ်လွယ်နဲ့ မပြတ်တောက်နိုင်တော့ဘူး။ ချစ်တယ်ဆိုတာက အကြည့်တစ်ချက်မှာတင် ချစ်သွားနိုင်သလို သိပ်မကြာခင်မှာပဲ ပြောင်းလဲသွားနိုင်ပါတယ်။ အချစ်က အပြောင်းအလဲ သိပ်မြန်တတ်တယ်။ အားလုံးကို မဆိုလိုပါဘူး။ အများစုရဲ့ ဖြစ်တတ်တဲ့ သဘာဝပါ။ ဒီနေ့ ချစ်နေပြီး နောက်နေ့ မု.န်းသွားတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ချစ်တာက မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြောင်းလဲသွားနိုင်တယ်။ ချစ်တယ်ဆိုတာ အပေါ်ယံတွေမှာ အခြေခံကြတာ များပါတယ်။ သင့်မှာ ငွေမရှိလို့ ချစ်သူရဲ့လိုချင်တာတွေ မဖြည့်ဆည်းပေးနိုင်တဲ့အခါ မြက်ဖျားပေါ်က နှင်းစက်လေးတွေလိုပဲ။ ခဏလေးနဲ့ ဝေးကွားသွားပါလိမ့်မယ်။ အချစ်က ငွေမရှိတဲ့ဒဏ်ကို ခံနိုင်ရည် မရှိဘူး။ အလွယ်တကူပဲ နောက်ဆုတ်တယ်။ သံယောဇဥ်ကတော့ ငွေမရှိတဲ့ဒဏ်ကို တောင့်ခံနိုင်တယ်။ ဒါကြောင့် သံယောဇဉ် ရှိတာနဲ့ ချစ်တာက အတော်လေးကို ကွဲပြားပါတယ်။ တူသယောင်ယောင် ရှိပေမယ့် လုံးဝမတူပါဘူး။ သံယောဇဉ်ဆိုတာက ချစ်တယ်ဆိုတာမျိုးလို အပြောင်းအလဲ သိပ်မရှိတတ်ပါဘူး။ ဒီနေ့ သံယောဇဉ် ရှိရင် နောက်နေ့, နောက်လ နောက် နှစ်ပေါင်းများစွာထိ ရှိနေမှာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာအပြင် သံယောဇဉ်ပါရှိသွားရင် ဘယ်သူ ဖျက်ဖျက် မပျက်တာက များပါတယ်။ သံယောဇဉ်က ဖြတ်ရခက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ် ဆိုရင်တောင် သံယောဇဉ်ကြောင့် မမေ့နိုင်ကြပါဘူး။ သံယောဇဉ်ဆိုတာ ချစ်တယ် ဆိုတာထက် ပိုပြီးလေးနက်ပါတယ်။ မမြင်ရပေမယ့် ရုန်းထွက်ဖို့ခက်တဲ့ အခိုင်မာဆုံးကြိုးက သံယောဇဉ်ဆိုတဲ့ ကြိုးပါပဲ။ ဘဝမှာ အဲ့ဒီသံယောဇဉ်တွေကြောင့်ပဲ ပူပင်သောက ရောက်ရတာ များပါတယ်။ ဘဝမှာ အပူအပင်နည်းချင်ရင်တော့ သံယောဇဉ်ကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရပါလိမ့်မယ်။ သံယောဇဉ်ထားတာက ချစ်တာထက် ပိုပြီး ခိုင်မြဲတယ်ဆိုပေမယ့် တတ်နိုင်သမျှ သံယောဇဉ် နည်းအောင်ပဲ ကြိုးစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သံယောဇဉ်ဆိုတာလည်း ပူပင်သောက ဖြစ်စေလို့ပါ။ သံယောဇဉ်နွံထဲက ရုန်းထွက်နိုင်လေ ဘဝက အေးချမ်းလေပါ#မူရင်းကိုcrdပေးပါတယ်
kyawzinxlaing_
Region: TH
Monday 29 June 2026 13:40:33 GMT
Music
Download
Comments
☺️☺️ U Ye🦸🦸🦹 :
အချစ်က ငွေမရှိတဲ့ဒဏ်ကို ခံနိုင်ရည်မရှိဘူးဆိုတဲ့စာသားအကြိုက်ဆုံးပါဗျ☺️
2026-08-06 22:22:23
3
panpan :
ဟုတ်တယ်လေ 😁🥰
2026-08-01 11:54:52
1
yin yin nu 052 :
အမှန်ပဲ
2026-08-02 09:02:41
2
Queen :
@အရမ်းမှန်တယ် 🥰🥰🥰🥰🥰🥰😁😁😁😁😁😁😁
2026-07-25 07:09:07
1
🌼🌼Marmy.cho🌼🌼 :
Right 👍👍👍
2026-07-17 22:53:59
2
war war :
ဒီသီချင်းလေး နဲ့ထပ်တူပဲ😅😅😅
2026-08-04 06:08:41
1
♍T🫶 N 🫶 N 🫶 L♍ :
ဟုတ်ပါတယ်
2026-07-20 01:01:52
4
Kyi Pyar :
အရမ်းမှန်တာပဲ
2026-07-07 08:06:47
1
Khin Khin Myint :
သံယောဇဉ်တဲ့၃/ လုံးထဲဒါပေမဲ့အဲ့ဒီ၃/ လုံးကတော်တော်လေးနက်နဲတယ်ခံစားရတယ်
2026-07-19 06:30:55
1
Ni Lar :
အမှန်ပေါ
2026-07-01 14:30:27
1
ဆောင်းလေပြေ :
ဟုတ်တာပ
2026-07-03 00:42:58
1
ဧရာဝတီသူပါ :
🥰🥰🥰🥰
2026-07-05 13:45:16
1
Zaysoehtet :
သီချင်းကြိုက်
2026-07-04 13:36:41
1
mayzinoo0793 :
အမှန်ပေါ့
2026-07-04 15:05:00
1
水を支え、平らにする :
သီချင်းလေးကြိုက်.
2026-07-04 13:29:50
1
(May)မေ :
ကန်သာယာ 🥰🥰🥰
2026-07-10 04:08:36
1
ဓန :
မင်္ဂလာပါ
2026-07-25 00:36:18
1
Susu :
မှန်တယ်နော်👍🥰🥰🥰
2026-07-01 14:30:36
1
Nyo Kyi :
မင်္ဂလာပါ
2026-07-21 07:27:59
1
Golden Butterfly :
အမှန်ဆုံးပါရှင်...🥰🥰🥰
2026-07-19 02:05:04
1
khunsai89 :
ja taung
2026-07-13 18:43:10
1
🌺Kara🌼🌷 :
အမှန်ဘဲ
2026-07-02 15:10:19
1
Ayethandar :
ဟုတ်တယ်
2026-07-02 05:58:20
1
To see more videos from user @kyawzinxlaing_, please go to the Tikwm
homepage.