@kyo.nova: ဝဠ်သာ တကယ်ရှိရင်... ဝဠ်လည်ပါစေလို့ ကိုယ် ဆုတောင်းမိတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာက... မင်းနာကျင်စေချင်လို့ မဟုတ်ပါဘူး။ ကိုယ်ခံစားခဲ့ရတဲ့ အလေးချိန်လောက်ကို... တစ်နေ့နေ့မှာ မင်းနားလည်လာစေချင်လို့ပါ။ ကိုယ်က မင်းကို ချစ်ခဲ့တဲ့အချိန်တွေမှာ... ကိုယ့်အတွက်ထက် မင်းအတွက် ပိုစဉ်းစားခဲ့တယ်။ မင်းစိတ်မကောင်းမဖြစ်အောင် ကိုယ့်နာကျင်မှုတွေကို ဖုံးထားခဲ့တယ်။ မင်းအဆင်ပြေဖို့ဆိုရင်... ကိုယ့်မာနတွေ၊ ကိုယ့်ခံစားချက်တွေကိုတောင် နောက်မှာထားခဲ့ဖူးတယ်။ ဒါပေမယ့်... ကိုယ်ပေးခဲ့သလောက် မရခဲ့တဲ့အခါ... နည်းနည်းတော့ ရင်နာမိတယ်။ လူတစ်ယောက်ကို အရမ်းချစ်မိတာက... တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင် မေ့သွားစေတတ်တယ်။ သူပျော်ရင် ကိုယ်ပျော်တယ်။ သူအဆင်ပြေရင် ကိုယ်စိတ်အေးတယ်။ ဒါပေမယ့် ကိုယ်ပင်ပန်းနေတဲ့အချိန်... ကိုယ့်ဘက်ကို ပြန်ကြည့်မယ့်သူ မရှိတဲ့အခါ... အဲ့ဒီအချစ်တွေက ဘယ်လောက်နာကျင်စေတယ်ဆိုတာ သိလာရတယ်။ ကိုယ်က မင်းကို မုန်းလို့ ဒီလိုပြောနေတာ မဟုတ်ဘူး။ တကယ်တော့... အခုထိလည်း တစ်နေရာမှာ ကောင်းစေချင်နေသေးတယ်။ ဒါပေမယ့်... ကိုယ့်ချစ်သလောက် ဘယ်သူမှမချစ်ခဲ့ကြဘူးဆိုတဲ့ အတွေးက... ရင်ထဲမှာတော့ အမာရွတ်တစ်ခုလို ကျန်နေခဲ့တယ်။ တစ်နေ့နေ့မှာ ဝဠ်ဆိုတာ တကယ်ရှိခဲ့ရင်... မင်းလည်း ကိုယ်ခံစားခဲ့ရသလို ခံစားရမယ်ဆိုတာထက်... တစ်ယောက်ယောက်ရဲ့ တန်ဖိုးကို နောက်ကျမှ မသိရပါစေနဲ့လို့ပဲ ဆုတောင်းချင်ပါတယ်။ ဘာလို့လဲဆိုတော့... ကိုယ်က မင်းကို နာကျင်စေချင်ခဲ့တဲ့လူ မဟုတ်ဘူး။ ကိုယ်က... တကယ်ချစ်ခဲ့ပြီး တိတ်တိတ်လေး နာကျင်ခဲ့ရတဲ့လူတစ်ယောက်ပါ... 🖤🥀 deepfeelings #karma #silentpain #brokenheart #naturevibes
Kuro Shadow
Region: TH
Monday 29 June 2026 14:43:16 GMT
Music
Download
Comments
Chue :
broဒီလိုဆုကိုတော့မတောင်းလိုက်ပါနဲ့နော်🤭❣️❣️❣️❣️❣️
2026-06-30 06:41:23
0
445400 :
ဟုတယ်နော်
2026-06-29 16:08:40
0
KO LIN :
😭ဝဋ်ကြွေးရှိယိင့်လေစေ့ပါကြေးတော့ဗျာ😭
2026-06-29 15:05:34
0
S✨ :
🥰🥰🥰🥰🥰
2026-06-29 15:44:17
0
To see more videos from user @kyo.nova, please go to the Tikwm
homepage.