@zawnaninglin: ရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင် အထက်တန်းကျောင်းမှ G-12 ကျောင်းသူ မနေခြည်ထွေးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာစာအပါအဝင် ဘာသာရပ် (၄) ခုဖြင့် ဂုဏ်ထူးဆောင်အောင်မြင်ခဲ့ကြောင်း သိရသည်။ မနေခြည်ထွေးသည် တောစပ်ဒေသတွင် နေထိုင်ရသဖြင့် ပညာသင်ကြားရေးတွင် အခက်အခဲများစွာရှိသော်လည်း ပညာရေးကိုသာ အဓိကထား၍ ကြိုးစားခဲ့သူဖြစ်သည်။ ကျူရှင်တက်ရောက်နိုင်ခြင်းမရှိသော်လည်း မိမိကိုယ်ကို လေ့လာသင်ယူမှုဖြင့်သာ အောင်မြင်မှုကို ရယူခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လျှပ်စစ်မီးမရရှိသည့်အချိန်များတွင် ဖယောင်းတိုင်မီးအလင်းရောင်ဖြင့်ပင် စာများကို ကြိုးစားလေ့လာခဲ့ခြင်းမှာ ထူးခြားသည့် ကြိုးစားမှုတစ်ခုအဖြစ် ဒေသခံများက မှတ်ချက်ပြုကြသည်။ စာရေးဆရာမတစ်ဦးဖြစ်လာရန် ရည်မှန်းချက်ထားရှိသည့် မနေခြည်ထွေးသည် လက်ရှိတွင်လည်း ကိုယ်ပိုင်ဝတ္ထုရှည်များကို ရေးသားနေသူဖြစ်သည်။ မူရင်းရေးသားသူ/ ခင်ဇော်(သီတာကုန်းပြင်) crdmyanmarcelebritytvclub #celebrity #creatorsearchinsights #ရေကြည်မြို့ #G12 #myanmartiktok🇲🇲🇲🇲
zawnaninglin272
Region: MM
Monday 29 June 2026 18:00:05 GMT
Music
Download
Comments
NSA :
ရုပ်ရည်ကကြည်လင်သန့်ရှင်းတယ်။အထက်တန်းစားဖြစ်လာမယ့်သူမျိုးပါ။🥰
2026-06-30 02:59:49
701
Daw Zar Zar Win :
ကျမ ကုန်းပြင်ကျောင်းမှာ တာဝန်ကျတုန်းက Grade10 အတန်းပိုင်လုပ်တုန်းက ကျမတပည့်မလေးပါ တော်ပီး လိမ္မာပါတယ် ရိုးရိုးသားသားကြိုးစားသူတစ်ယောက်ပါ ဝိုင်းဝန်းကူညီပေးကြပါ
2026-06-30 14:35:49
413
nini :
ညီမလေးရေ ပညာဆက်သင်ဖို့ အခက်အခဲရှိခဲ့ရင် ဆက်သွယ်ပေးပါ တတ်နိုင်တဲ့ဖက်က အကောင်းဆံုးကူညီပေးပါမယ်နော်
2026-06-30 06:19:44
974
T 🩵 H :
ခုpostကိုကြည့်နေတဲ့သူတွေ တစ်ယောက်5000စီ လောက်ကူညီနိုင်ရင်ကို အဲ့ညီမလေး ပညာသင်စရိတ် ရနိုင်တယ်❤️ကျနော် 10000 လှူမယ် တက်နိုင်သလောက်လှူပေးလိုက်ကြရင်ကောင်းမလားဗျ အကြံပြုတာပါဗျ
2026-06-30 12:39:22
610
Nay Min :
အဆင်မပြေတဲ့မိသားစုကဖြစ်နေတဲ့အတွက် စာရေးဆရာဖြစ်ချင်တာကို အားမပေးချင်ဘူး(ချိုးနှိမ်ခြင်းမဟုတ်ပါ)
စာရေးဆရာအများစု အဆင်မပြေကြပါဘူး...တစ်ခြားတက်လမ်းဖြစ်မယ့်ဟာကိုလျှောက်လှမ်းရင်း ဝါသနာအရပဲစာရေးစေချင်ပါတယ်ဗျ...
2026-06-30 02:40:35
1324
kohtayaung :
2026-06-30 06:15:14
147
michaelmoe :
ရေကြည်ကဆို တော့ ရေကြည်သူ ဌေးကြီးဦး ဇော် ဇော် တွေ့ရှိပီး ရှေ့ဆက်ပညာ ရေးအတွက်ကူညီနိုင်ပါ စေ
2026-06-30 01:38:51
256
sunflower :
မီဒီယာတွေနဲ့အမြန်တွေ့ပါဆေညီမလေး
2026-06-29 23:45:56
266
mg kin :
အဲဒါမှအစိုးရကျောင်းကွအစိုးရကျောင်းကနေအောင်တာ
2026-06-30 02:25:05
67
oe9s5 :
အရမ်းဂုဏ်ယူပါတယ်ကြိုးစားပါသမီးဖြစ်ခြင်တဲ့စာရေးဆရာမကြီးလဲဖြစ်ပါစေ
2026-06-30 01:27:50
144
Kaung Htet Min :
ဒီလောက်တော်နေတာ ဘာသာစကားသင်တန်းတက်ပြီးစကားပြန်လုပ်ပါ လစာကောင်းတဲ့အတွက်မိသားစုကိုကောင်းကောင်းထောက်ပံနိုင်ပါတယ် ဆရာမဖြစ်လည်းအစိုးရလစာကမကောင်းပါဘူး ၂သိန်း၃သိန်းလောက်ပဲ ကိုယ့်စရိတ်ကိုယ်စားအဆင်မပြေဘူး စကားပြန်သင်တန်းတက်ရင်အလွန်ဆုံး ၂နှစ်၃နှစ်ပါပဲ တကယ်တတ်ရင် ဘဝအာမခံချက်ရှိပါတယ် လစာလည်း ၁၀သိန်း ဝန်းကျင်နဲ့ ၁၀သိန်း အထက်မှာဒီတယ် ဒါကအနည်းဆုံးလစာပါ
2026-06-30 04:47:25
132
Nay Lin Tun :
အစိုးရက ဘယ်ရောက်😂
2026-06-30 01:08:38
63
Yumi💗💖 :
သူဌေးမင်းများ
သမီးငယ်လေးရဲ့ဘဝကို
အားပေးချီးမြှောက်ပေးကြပါအုံးလို့
လေးစားစွာတောင်းပန်အပ်ပါတယ်ဗျား
2026-06-30 02:24:54
83
ko ko aung :
ခုနှစ်ကထူးထူးခြားခြား ပညာအရမ်းထူးချွန်တဲ့ ရွက်ပုန်းသီးတွေ အများကြီး ထွက်ပေါ်ကြတယ် အဲ့ထဲမှာမှ ဒီညီမလေးကြိုးစားမှု့က အံမခမ်းပါ ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်အရည်အသွေး လေးစားတယ်ဗျာ ညီမလေး ပညာရေးထောက်ပံ့တဲ့အလှူရှင်တွေ မြင်ပါစေဗျာ
2026-06-30 06:06:09
69
Mar Car :
စာရေးဆရာ လုပ်မှာကိုအား
မပေးပါ ဘာဖြစ်လို့လည်းဆို
ရင် စာရေး ဆရာအများစုက
အဆင်မပြေကြသူများတာကို
တွေ့ရလို့ပါ အခြားလမ်းကြောင်း
ရွေးပါလို့ပဲ အကြံပြုပါရစေ
2026-06-30 01:21:10
63
ei :
[Sticker] 👍👍👍👍👍👍👍
2026-07-01 03:13:02
5
အဂ်ပူသားလေး :
ဂုဏ်ယူပါတယ်ကလေးရေ
အောင်မြင်မူ့တွေအများကြီးရပါစေနော်
2026-06-29 23:51:02
29
Aung Thu Ya :
ကူညီနိုင်တဲ့ သူဌေးတွေ ပရိဟိတ အဖွဲ့တွေ သူကို ပညာဆုံးခန်းတိုင်အောင် ထောက်ပံ့ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ဗျာ 🥰🥰🥰
2026-06-30 02:30:26
45
phyo zaw :
လှူတဲ့သူတွေ အမြန်တွေ့ပါစေ
2026-06-30 01:38:15
44
U Kyaw(Diamond) :
မရှိဆင်းရဲပီးအခက်ခဲမျိုးစုံနဲ့ရုန်းကန်နေရပေမဲ့၊ပညာရေးကိုလိုလားတဲ့စိတ်နဲ့ကြိုးစားလို့ထူးချွန်စွာအောင်မြင်လာခဲ့တဲ့သမီးလေး၊အရမ်းဝမ်းသာဂုဏ်ယူရပါတယ်ကွယ်၊
နောင်ဘဝအဆက်ဆက်မှာပညာတတ်ကြီးများဖြစ်နိုင်ရန်၊ပညာဒါနပြုလိုသူများလဲ၊သမီးလေးရဲ့ပညာရေးကိုထောက်ပံ့ကူညီပေးကြပါရန်မေတ္တာရပ်ခံလိုက်ရပါတယ်။
2026-06-30 02:08:00
51
Aung Aung :
မိန်းကလေးရဲ့ပညာရေးကိုထောက်ပံ့ကူညီမည့်သူများအမြန်ပေါ်ပေါက်လာပါစေ
2026-06-30 02:49:38
9
ပီနန်း🇲🇾ဇွဲရန်အောင်🇲🇲🇲🇾 :
ညီမလေးရယ်တဖက်တလှမ်းကူညီပါရစေညီမလေးပညာရေးအတွက်
2026-07-02 03:10:15
6
nayym33 :
ပညာတတ်ကြီးတစ်ယောက်ဖြစ်ပီးမိဖကျေးဇူသိတတ်သမီးလေးဖြစ်ပါစေ
2026-06-30 03:06:59
10
oohan1234567890 :
အဲဒါမပညာရေမှာထူးချွန်တယ်လိုခေါ်တာ
2026-06-30 02:32:15
8
Oo Zinn :
လေးစားတယ်သမီး ဂုဏ်ယူပါတယ်
2026-06-29 23:37:05
10
To see more videos from user @zawnaninglin, please go to the Tikwm
homepage.