@ath.creatives: ​လူတွေက ထင်တတ်ကြတယ်... အထီးကျန်တယ်ဆိုတာ ဘေးနားမှာ ဘယ်သူမှမရှိဘဲ တစ်ယောက်တည်း ပစ်ပယ်ခံထားရတာမျိုးပေါ့။ ဒါပေမဲ့ တကယ့်အစစ်အမှန် ဆိုးရွားလွန်းတဲ့ အထီးကျန်ခြင်းက လူတွေအများကြီးကြားထဲမှာ၊ ဆူညံသံတွေကြားထဲမှာ လာတတ်တာကိုတော့ သတိမထားမိကြဘူး။ ​ကိုယ့်ရင်ဘတ်ရဲ့ တစ်နေရာမှာ... ဘယ်သူနဲ့မှ အစားထိုးလို့မရတဲ့၊ ဘယ်သူ့ကိုမှလည်း ပေးမဝင်ချင်တဲ့ လူတစ်ယောက် ရှိနေခဲ့ရင်ပေါ့။ ​သူ့နောက်မှာ နောက်ထပ် လူပေါင်းများစွာ ကိုယ့်ဘဝထဲ ရောက်လာပါစေဦး... နှိုင်းယှဉ်စရာမလိုအောင်ကို သူ့နေရာက သီးသန့်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အဲ့ဒီလို အစားထိုးမရတဲ့သူကိုမှ "ပိုင်ဆိုင်ခွင့်မရှိဘူး" ဆိုတဲ့ ကံကြမ္မာအမှန်တရားကို သိလိုက်ရတဲ့အချိန်ဟာ နှလုံးသားကို အစိမ်းလိုက် ခွဲစိတ်ခံလိုက်ရသလိုပါပဲ။ ​ချစ်နေရလျက်နဲ့ လက်တွဲခွင့်မရှိဘူး... လွမ်းနေရလျက်နဲ့ ဖုန်းခေါ်ခွင့်မရှိဘူး... သတိရနေလျက်နဲ့ အနားကို သွားခွင့်မရှိတော့ဘူး။ ​တစ်ခါတလေ ကမ္ဘာပေါ်မှာ အယုတ်မာဆုံး ကံကြမ္မာဆိုတာ... ချစ်ခွင့်ပေးပြီး ပိုင်ဆိုင်ခွင့်မပေးတာပဲ။ ​ဘဝထဲက ထွက်သွားပြီးသားလူတစ်ယောက်ကို စိတ်ကူးထဲမှာတင် ပိုင်ဆိုင်ရတာဟာ တစ်သက်လုံးစာအတွက် သေဒဏ်ကျခံလိုက်ရတဲ့ အကျဉ်းသားတစ်ယောက်လိုပါပဲ။ မေ့ပစ်ဖို့ ကြိုးစားတိုင်းလည်း ပိုပြီး ထင်ရှားလာတတ်တာ အလွမ်းရဲ့ သဘာဝမို့... ဒီအတိုင်းပဲ ရင်ဘတ်ထဲမှာ ဆူးတစ်ချောင်းလို စိုက်ဝင်နေတဲ့ အဲ့ဒီအလွမ်းကိုပဲ ဖက်တွဲပြီး တစ်သက်လုံး လွမ်းနေရတော့မှာပေါ့။ ​ဘေးနားမှာ လူတွေဘယ်လောက်ပဲ ရှိနေပါစေ... ကိုယ်အလိုချင်ဆုံး အဲ့ဒီတစ်ယောက်တည်းသောသူ မရှိခြင်းကပဲ ကိုယ့်ကို သေလုမတတ် အထီးကျန်စေတာပါ။ #ဂျူး #ဂျိုးလေး #Trend #foryou #creatorsearchinsights

𝑩𝒆𝒚𝒐𝒏𝒅.𝒎𝒎
𝑩𝒆𝒚𝒐𝒏𝒅.𝒎𝒎
Open In TikTok:
Region: MM
Monday 29 June 2026 23:00:00 GMT
87293
4761
87
465

Music

Download

Comments

nyein.htet556
🇲🇲Nyein Htet Paing🇹🇭 :
လူတစ်ယောက်ကိုမေ့နိုင်ဖို့ဆိုတာ တကယ်မလွယ်ကူဘူး🥹🥹🥹
2026-07-01 12:03:12
1
rapunzel4728
Rapunzel :
အရမ်းမှန်တာပေါ့ အစားထိုးမရတဲ့ အချစ်ဦးကို မေ့ပစ်ဖို့ အတင်းကြိုးစားဖူးတယ် မေ့ပစ်ဖို့ ကြိုးစားလေ ပိုပီး နာကျင်ရလေဖြစ်တော့ အတင်းမကြိုးစားတော့ဘူး ကိုယ့်ရင်ဘတ်ထဲကနေရာတစ်ခုမှာ ဒီအတိုင်းလေးထားလိုက်တယ် လွမ်းတဲ့အခါလွမ်းလိုက်တယ် နာကျည်းတဲ့အခါလဲ ကိုယ့်အပေါ်လုပ်ရက်လေခြင်းဆိုတဲ့ နာကျည်းချက်များစွာနဲ့ပေါ့☺️☺️
2026-06-30 18:09:00
6
daweiwin91
Amon :
မှန်တာပေါ့ သူဆိုတာအစားထိုးမရဘူ🥺မပိုင်ဆိုင်ရတော့ဘူးလို့တွေးမိရင်နာကျင်တယ်😔
2026-07-01 11:51:08
1
thaethae12322
Thae Hsu :
လူတစ်ယောက်ကိုမေ့ဖို့ဘယ်လောက်ကြာလဲတဲ့ ကိုယ်တွေတော့တစ်သက်လုံးထင်ပါ့ ဘယ်သူ့မှအစားထိုးလို့မရဘူးကွယ်😢
2026-06-30 14:44:04
9
user521302376
Htet ♌️🌻 :
စာသားလေး copy ယူချင်တယ် ပေးပါလားရှင့်
2026-07-01 08:31:48
1
waiwaikhing139
waiwaikhing139 :
သိပ်မှန်တာပေါ့ခုချိန်ထိမေ့လို့မရနိုင်သေးဘူးသူ့ကိုမုန်းလိုက်မေ့လိုက်ချင်ပီဒါပေမဲ့ကိုယ့်နှလုံးသားကဆန်ါကျင်နေတယ်သူပြန်လာမယ်လို့မျှော်လင့်နေမိသေးတာ
2026-07-01 06:40:09
1
user4495514409086
🇱🇷ဖက်ဖူးရောင်နှင်းဆီ🌹 :
မှန်လိုက်တာ 😔
2026-06-30 08:16:19
3
moethu4362
🌧️🌧️ :
ရင်ထဲမှာပဲတိတ်တိတ်လေးလွမ်းနေမယ်
2026-06-30 16:26:06
1
shwemyanmar377
🦋Sweetly🦋 :
စာသားလေး copy ယူချင်တယ် ပေးပါလား
2026-06-30 03:41:04
4
aye.thandar.win01
🇲🇲🍁เอ เอ🍁🇹🇭 :
အရမ်းမှန်သောစကားလေးပါ ပိုင်ဆိုင်ခွင့်လဲမရခဲ့ပါဘူး အခုထိလဲ အရမ်းချစ်နေဆဲပါ💛💛💛💛
2026-06-30 16:56:00
1
thidar.linn922
Thidar Linn :
Writer. Jul ရေ အမှတ်တရ တွေပြန်တွေးကြည့်ရင် ရူးတောင် ရူးချင်ပါတယ်။
2026-06-30 12:57:19
1
user053531725
☕pyae😊😊 :
ပြန်တင်မယ်နော်
2026-06-30 15:17:02
1
maymon394
maymon394 :
အခုကြုံနေရကျွန်မပေါ့🥺
2026-06-30 13:32:41
1
user3086293873294
☔☔☔ :
ဟုတ်တယ်နော်
2026-06-30 11:18:06
1
hninmoethu287
🌻 Moe 🌻 :
စာသားလေး copy ယူပါရ ေစနော်
2026-06-30 15:35:52
1
user667349345596
U Hein :
ဟုတ်တယ်အဲ့လိုခံစားချက်မျိုးပါပ🥺
2026-06-30 09:47:31
1
nanthninkhatwai
Nanthninkhatwai :
right share ခွင့်ပြုပါရှင့်
2026-06-30 08:49:32
1
user5395188736869
Mon lay mon lay :
ဒီညလဲ အရမ်းလွမ်းနေပါတယ် ဒါမဲ့ မဆက်သွယ်တော့ပါဘူး 😳😳😳😳
2026-06-30 15:19:43
1
zune5085
🐼Zune🐼💛 :
စာသားလေး copy ယူပါရစေနော်☹️☹️
2026-06-30 12:36:33
1
phyu75329
phyu :
ကိုယ့်အဖြစ်နဲ့တူနေ🥲
2026-06-30 13:48:05
1
g5456102
G :
အဲလိုအလွမ်းမျိုးခံစားနေရသူပါ😭😭😭😭
2026-06-30 02:04:25
1
smileaway
နေ့ရက်တိုင်းပျော်ရွှင်ပါစေ🤍🤍 :
လွမ်းနေပေမဲ့မဆက်သွယ်မိအောင်နေရတာအဆိုးဆုံးပဲ💔💔💔
2026-06-30 03:03:26
1
zun.pwint.zaw
Zun Pwint Zaw :
စာသားလေး copy ယူပါရစေနော်
2026-06-30 11:54:11
1
zcw02
💜𝓩𝓪𝓻 𝓒𝓱𝓲 𝓦𝓲𝓷💜 :
အရမ်းလွမ်းတယ် ဒါမဲ့ မဆက်သွယ်တော့ဘူ🥺 copy ယူပါရစေ
2026-06-30 14:21:16
3
To see more videos from user @ath.creatives, please go to the Tikwm homepage.

Other Videos


About