@tr.iris: အသက် (၂) နှစ်ကနေ (၆) နှစ်အတွင်းရှိတဲ့ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဆဲလ်တွေ အမြန်ဆုံးဖွံ့ဖြိုးနေတဲ့ အချိန်မှာ ဒီလို Brain Development Activity လေးတွေကို နေ့စဉ်ပုံမှန် လေ့ကျင့်ပေးသင့်ပါတယ်ရှင်🥰 👏 To develop left brain and right brain skills 🧠🧠 👏 To develop concentration skills ✨ Brain Development ဖြစ်အောင်လေ့ကျင့်ပေးခြင်း ကြောင့် သားသားမီးမီးလေးတွေအနေနဲ့ဘာပဲသင်ယူ ရပါစေ Develop ဖြစ်ပြီးသား brain လေးတွေပိုင်ဆိုင်ထားပြီးသားမို့ သွက်သွက်လက်လက်နဲ့ အလွယ်တကူသင်ယူမှတ်မိနိုင်ကြမှာဖြစ်ပါတယ် ✨ 🧠 ဘယ်ဘက်ဦးနှောက်နှင့် ညာဘက်ဦးနှောက် မျှတစွာ ဖွံ့ဖြိုးခြင်း (Left & Right Brain Balance) လမ်းကြောင်းတွေကို စဉ်းစားတွေးခေါ်ပြီး အာရုံစိုက်လိုက်ရတဲ့အတွက် Logic (ကျိုးကြောင်းဆင်ခြင်မှု) အပိုင်းကို တာဝန်ယူတဲ့ ဘယ်ဘက်ဦးနှောက်ကို လှုံ့ဆော်ပေးသလို၊ ကာလာစုံအရောင်တွေနဲ့ ပုံသဏ္ဍာန်တွေကို မြင်တွေ့ခံစားရတဲ့အတွက် Creativity (ဖန်တီးနိုင်စွမ်း) အပိုင်းကို တာဝန်ယူတဲ့ ညာဘက်ဦးနှောက်ကိုလည်း တစ်ပြိုင်နက် ဖွံ့ဖြိုးစေပါတယ်။ 👁️✋ (Eye-Hand Coordination) မျက်စိက မြင်တဲ့လမ်းကြောင်းအတိုင်း လက်ညှိုးလေးနဲ့ လိုက်ပါထိတွေ့ရတဲ့အတွက် ကလေးတွေရဲ့ အမြင်အာရုံနဲ့ လှုပ်ရှားမှုအာရုံ ချိတ်ဆက်မှုကို အားကောင်းစေပြီး နောင်တစ်ချိန် စာရေး၊ စာဖတ်တဲ့နေရာမှာ ပိုမိုသွက်လက်လာစေပါတယ်။ 🎯 အာရုံစူးစိုက်မှု ကောင်းမွန်လာခြင်း (Focus & Concentration) အစက်ကလေးတွေ၊ လမ်းကြောင်းလေးတွေအတိုင်း မလွဲချော်အောင် အဆုံးအထိ စိတ်ရှည်လက်ရှည် နဲ့ အာရုံစိုက် လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိစေပါတယ်။ (Fine Motor & Emotional Control) လက်ချောင်းကြွက်သားငယ်လေးတွေကို အသုံးချပြီး စနစ်တကျ ထိန်းချုပ်ကစားရတာမို့ ကလေးရဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။ #triris✍️ #ကလေးများအတွက် #braindevelopment #preschoollearning #braingym

Tr.Iris
Tr.Iris
Open In TikTok:
Region: MM
Tuesday 30 June 2026 00:27:30 GMT
9566
225
6
37

Music

Download

Comments

eisan3418
Eaint Thet Htar San3418 :
🥰
2026-07-01 08:59:05
1
mgkyawzinhtet373
kyaw zin htet :
😘😘😘
2026-06-30 15:03:48
1
thiha3321
hninlay :
❤️❤️❤️
2026-06-30 07:13:29
1
To see more videos from user @tr.iris, please go to the Tikwm homepage.

Other Videos


About