@kiko257: ဘာကိုကြောက်မိသလဲ မေးရင် ကံပါမလာတဲ့အရာတွေ အပေါ် ဇွဲရှိနေမိမှာ ကြောက်တာပဲ ။ လွယ်လွယ်လက်မလျော့ပဲ ခေါင်းမာတတ်တဲ့ကိုယ်က မြတ်နိုးမိတဲ့အရာတစ်ခုကို အမှားအမှန်မသိပဲ စိတ်အား ထက်သန်နေခဲ့မှာကို ကြောက်မိပါတယ် ။ လက်လျော့တာက မကောင်းပေမဲ့ … ကိုယ့်အတွက် ဖြစ် မလာမဲ့အရာအပေါ် ခွန်အားတွေသုံးမိနေတာကို ရပ်တန့် ဖို့လိုမယ် ။ မချစ်ချင်သူက ဘယ်လိုဖြစ်ဖြစ် မချစ်လာမှာမို့ စိတ်ဝင်စားမှုလျော့နည်းသွားသူက ဘယ်လောက် ကြိုးစားပေးပေး စိတ်မလည်လာနိုင်တော့တာမို့ … သဘောမကျသူက မကျမှာပဲမို့ … အလိုက်တသိပဲ ငြိမ် သက်လိုက်တာက ကိုယ့်အတွက် ပို ကောင်းမှာပါ ။ ပြန်မလာချင်သူက ဘယ်လောက်ခေါ်ခေါ်ပြန်မလာ တောမာမိတော့မှာမို့ .. ဆက်မစောင့်တော့ပဲ ကိုယ်တိုင်သာ အနေ ထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။ ကိုယ်ဘယ်လောက်ပဲ လိုက်လျောသည်းခံပါစေ .. တချို့ အတွက်က ဘယ်တောမှ မလုံလောက်နိုင်တာမို့ … သူ့ အတွက် Energy တွေ အကုန်မခံတော့ပဲ အရှုံးပေးလိုက် တာက စိတ်အေးချမ်းရမှာပါ ။သေချာပေါက် ဖြစ်မလာ နိုင်မဲ့ … ကြိုးစားသမျှ အရာမထင်မဲ့ ကိုယ့်အတွက် ကံပါ မလာတဲ့ လူ ၊ အလုပ်ကိုင် ၊ ဝါသနာ ၊ နေရာ ၊ ရာထူး စ တာတွေကို ၊ နာကျင်စရာတွေပိုများမလာခင် ရပ်တန်းက ရပ်ပြီး အိမ် ပြန်လိုက်တာက ပိုကောင်းပါတယ် ။ လွန်လေပြီးတဲ့ အချစ် ၊ သံယောဇဉ် နှင့် effort တွေကို သင်ခန်းစာလို့ မှတ်ယူပြီး … ပိုကောင်းမဲ့အရာတစ်ခုကို သာ ထပ်ရွေးချယ်ရမှာပါ ။ ခေါင်းမာတဲ့ ကိုယ်က ကိုယ့်ဘက်မရှိတဲ့သူကို ဆွဲထားခဲ့ဖူးတယ် ။ ကိုယ် လက်လှမ်းမမှီတဲ့အရာကို လိုချင်ခဲ့ဖူးတယ် ။ ကိုယ်နဲ့ကံ မစပ်တဲ့အရာကို စွဲလမ်းခဲ့ဖူးတယ် ။ လက်မလျော့နိုင်ခဲ့ တဲ့ အရာရာအတွက် ကိုယ်ပြန်ရတာ အရှုံးတွေချည်းပါပဲ ဒီနေ့ ဒီအချိန်မှာတော့ … ရင့်ကျက်လာတဲ့စိတ်ကြောင့် ကြောက်တတ်လာတဲ့အရာတစ်ခုကလေ … ကိုယ့် အတွက် ကံပါမလာတဲ့အရာတွေအပေါ် ဇွဲရှိနေမိမှာကိုပဲ။ #crd #fyp

Kiko
Kiko
Open In TikTok:
Region: MM
Tuesday 30 June 2026 03:24:03 GMT
31434
2369
9
155

Music

Download

Comments

ei.ei.win7681
💦Êï ÊÏ Wîñ🫧 :
ပြန်တင်အုံးမယ်အမလေဗျ🥰
2026-07-01 02:11:35
1
ala.ra29
🌷🌷Yoo🌻🌻 :
ပြန်သုံးပရစေရှင့်
2026-06-30 12:30:36
1
122pcube
Pĥǔû♐ :
စာသားလေး ပေးလို့ရလားရှင်🥰
2026-06-30 08:23:22
1
phs825
phs11:11 :
ဘဝမှာမပိုင်ရမှာထက်ဘာမှမပိုင်တာကပိုကောင်းပီးနာကျင်မှုနည်းပါတယ်💔
2026-07-01 06:58:11
0
y.w.t76
Y.W.T :
ခေါင်းမာတတ်တဲ့ကိုယ်က မြတ်နိုးမိတဲ့အရာတစ်ခုကို အမှာ
2026-06-30 15:47:07
1
To see more videos from user @kiko257, please go to the Tikwm homepage.

Other Videos


About