@9thu.rain: #သမီးလေး #မနေခြည်ထွေးဟာ #ဧရာဝတီတိုင်း #ရေကြည်မြို့နယ်၊ #ရခိုင်ရိုးမခြေစပ်က စဉ့်အိုးကွဲရွာမှ ကျောင်းသူတစ်ဦးဖြစ်ပြီး မပြည့်မစုံ၊ စစ်ဘေးအန္တရာယ်ကြားကနေ G-12 စာမေးပွဲကို ကျူရှင်တောင်မတက်လဲ မြန်မာစာအပါအဝင် ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့တယ်လို့သိရပါတယ်… မိသားစုက ဆင်းရဲကြပ်တည်းပြီး မိဘတွေဟာ နေ့စားလုပ်ငန်းများ (ဝါးခုတ်၊ ထင်းခုတ်၊ နှီးရက်) နဲ့ အသက်မွေးရသူတွေဖြစ်ကာ သမီးလေးကလည်း ကျောင်းတက်ရင်း အိမ်အလုပ်တွေကိုပါ ကူညီလုပ်ကိုင်ခဲ့ရပါတယ်။ ကျောင်းသွားလာရာမှာလည်း ခရီးဝေးလျှောက်ရပြီး ရာသီဥတုဆိုးရွားမှုနဲ့ စစ်ဘေးအန္တရာယ်တွေကိုပါ ကျော်ဖြတ်ခဲ့ရပါတယ်… အခက်အခဲများစွာကြားကနေ ဖယောင်းတိုင်မီးနဲ့ စာလေ့လာခဲ့ရပေမယ့် ကြိုးစားအားထုတ်မှုကြောင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး အနာဂတ်မှာ ဆရာမဖြစ်ချင်သလို စာရေးဆရာမလည်းဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိနေပါတယ်…. သူမရဲ့အောင်မြင်မှုဟာ ဒေသအတွက် ပထမဆုံးထူးခြားအောင်မြင်မှုတစ်ခုလို သတ်မှတ်နိုင်ပြီး ပညာရေးအလင်းအိမ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမယ့် အခြေအနေဖြစ်ပါတယ်… တတ်နိုင်သူများ ကူညီလို့ရအောင် တင်ပေးခြင်းဖြစ်ပါတယ်.. သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ မှိုင်းဝေ
ThuRain9
Region: MM
Tuesday 30 June 2026 05:53:18 GMT
Music
Download
Comments
Naw Eh :
ဘုရားသခင် ကောင်းချီးပေးပါစေ။ မိသားစု နဲအတူ။ ထပ်တူ ဝမ်းသာပါတယ် ညီမလေး💕💕💕💕💕🥰🥰🥰
2026-06-30 09:40:02
73
San koko :
ဒါမှတကယ်တော်တဲ့ ညီမလေးပါ
2026-06-30 12:35:27
22
phyo zaw :
လှူမဲ့သူတွေ တွေ့ပါစေ
2026-06-30 10:32:57
95
Hein Min :
ဂုဏ်ယူတယ်သမီးလေး🥰🥰🥰🥰🥰🥰🥰
2026-06-30 06:53:23
31
U Haung Mang :
ပညာရေး တန်ဘိုးနားလည်၍ တတ်နိုင်သောသူများက. ဝိုင်းဝန်းဆွဲယူမြှင့်တင် ပေးနိုင်ကြပါစေ🥰🥰🥰
2026-06-30 07:05:25
43
KoKyawMin13723 :
သူတော်ကောင်းများ ဝိုင်းဝန်း ဖေးမကြပါစေ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပြီး အေးချမ်းသာယာတဲ့ မိသားစု ဘဝလေး ပိုင်ဆိုင်နိုင်ပါစေ
2026-06-30 07:14:44
50
ရှူမဝဘစိန် :
လှူခြင်ပါတယ်ဘယ်လိုဆက်သွယ်ရမလည်း🥰🥰🥰
2026-06-30 12:57:38
13
Ko Than Zaw Oo :
ဘယ်မြို့နယ်လဲ
2026-06-30 11:48:13
11
Gurugyi :
အကူအညီပုဂ္ဂိုလ်များရရှိပါ စေ
2026-06-30 12:18:59
11
Hein Min :
အဆင်ပြေပါစေ ညီမလေး အကိုယ်တို့ကမကူညီနိူင်လို့ပါ ကူညီနိူင်တဲ့သူတွေမြင်ပါစေဗျာ🥰🥰
2026-06-30 14:52:59
5
takhon😊😊 :
အရမ်းတော်တဲ့ ညီမလေးပါ
2026-06-30 14:01:41
6
အလွမ်း :
ကူညီမယ့်လူများသိပါစေအလှူရှင်အမြန်ဆုံးပေါ်ပါစေလို့ဆုတောင်းပေးပါတယ်
2026-06-30 11:44:01
13
AKS :
အရမ်းတော်တယ် Congratulations 👏👏👏👏👏
2026-06-30 07:57:45
13
DOL-O :
ပညာပါရမီ အလှူရှင်များ အမြန်ဆုံး ပေါ်ပေါက်ပါစေ🥰🥰🥰🥰
2026-06-30 13:51:28
5
U San Htun :
ကျောင်းပြီးအလုပ်တွေရတဲ့အထိကူညီပေးချင်ပါတယ် ဒါပေမယ့်ကိုယ်ကိုတိုင်ကအဆင်ပြေအောင်ရုန်းကန်နေရတဲ့ဘဝမို့ကူညီထောက်ပံ့ပေးနိုင်မယ့်သူတွေအများကြီးတွေ့ပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်
2026-06-30 12:13:52
11
တုန်သျှန်မေ အထည်ရောင်းဝယ်ရေး :
ကူညီမည့်သူများ တွေ့ပါစေ
2026-06-30 06:53:49
7
Tay Zar Htun :
ကူညီ မယ့်သူများ နဲ့ တွေ့ပါစေ
အောင်မြင်သော သူ ဖြစ်ပါစေ
2026-06-30 07:07:01
9
USoeKyi USK :
ဘယ်လိုစိတ်ကူးရှိတယ်ဆိုတာသမီးလေးစိတ်ကူးသိပါရစေ
2026-06-30 11:49:32
11
Hnin Nandar Aung :
🥰🥰🥰ဂုဏ် ယူပါတယ် ညိမလေးရေအလျူရှင်နဲ့အမြန်ဆုံးတွေ့လို့ လိုရာပန်းတိုင်ရှောက်နိူင်ပါစေ
2026-06-30 12:41:54
7
Zwe*88 :
2026-06-30 14:04:36
1
user12345678z75 :
2026-06-30 13:05:57
1
Ko Myo :
ဘာဆိုင်လို့လဲ
2026-06-30 14:46:05
0
Yaungwar :
တော်လိုက်တာသမီးရယ်🥰🥰🥰🥰🥰
2026-06-30 12:49:16
4
Aung Kyaw Kyaw🇲🇲🇯🇵 :
တော်လိုက်တာညီမလေးရယ်🥰🥰
2026-06-30 14:28:15
3
To see more videos from user @9thu.rain, please go to the Tikwm
homepage.