@marchspring19: သို့ ကျန်းဟိုင်ယန် မင်းနဲ့ စပြီးသိခါစတုန်းကဆိုရင် မင်းဟာ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လတ်ဆတ်တောက်ပတဲ့ မာနတွေနဲ့ ပြည့်နှက်နေပြီး၊ ဇွတ်တရွတ်နိုင်လှတဲ့ စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ မင်းက အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်တဲ့ ပင်လယ်လေပြေတစ်ခုလိုပဲ။ ဘယ်လိုလမ်းမျိုးကိုမဆို ရဲရဲဝံ့ဝံ့တိုးဝင်ရဲတယ်၊ ဘယ်လိုနေရာမျိုးကိုမဆို သွားရဲတယ်၊ ဘာလို့လဲဆိုတော့ မင်းရဲ့ဘေးမှာ အမြဲတမ်းအတူတူလျှောက်လှမ်းပေးမယ့် ရှားကျိုင် ရှိနေသလို၊ မင်းတို့အိမ်ပြန်လာမှာကို စောင့်ကြိုနေမယ့် ဆရာ နဲ့ မော်ကွန်းတိုက်ကြီး ရှိနေလို့ပဲ။ နောက်ပိုင်းမှာတော့၊ နန်ယန် ရဲ့ လှိုင်းလေတွေက ပိုမိုပြင်းထန်လာပြီး မမျှော်လင့်နိုင်တဲ့ ကံကြမ္မာတွေက ဝိုင်းရံလာခဲ့တယ်။ မင်းရဲ့ ရင့်ကျက်တည်ငြိမ်လှတဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်မှာကျန်ရှိနေသေးတဲ့ နွေးထွေးမှုလေးတစ်ခုတည်းကိုပဲ ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖြစ်ခဲ့ရရှာတယ်။ လူ့ဘဝဆိုတာ ရရှိခြင်းနဲ့ ဆုံးရှုံးခြင်းတွေကို တိုင်းတာရခက်လှပါတယ်။ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကြောင့် မင်းမှာ "မြွေဟောက်ဗီဇ" တွေ ရှိလာခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ ပုခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်နိုင်မယ့်၊ မင်းအတွက် အမြဲတမ်းနောက်ဆုတ်ဖို့လမ်း ချန်ထားပေးမယ့်၊ မင်းကိုယ်တိုင်လည်း သူ့အတွက် အရာအားလုံးကို ပေးဆပ်ဖို့ အသင့်ရှိနေမယ့် ရှားကျိုင် နဲ့ တွေ့ဆုံခွင့်ရခဲ့တာဟာ မင်းအတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ။ ရှားကျိုင် နဲ့ ဆရာ ဟာ မင်းရဲ့ဒီလိုအတက်အကျများလှတဲ့ ဘဝထဲမှာ ရှားရှားပါးပါး ရရှိခဲ့တဲ့ အလင်းရောင်လေးတွေဖြစ်ပြီး၊ ရှည်လျားလှတဲ့ အချိန်ကာလတွေထဲမှာ ဘာနဲ့မှ အစားမထိုးနိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်စေခဲ့တယ်။ သူတို့ရှိနေပေးလို့သာ မင်းက ဘာကိုမှ နောက်ဆံမတင်းဘဲ ရှေ့ကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်နိုင်ခဲ့တာ။ ကျန်းမျိုးနွယ်စုဝင်တွေရဲ့ အသက်ရှည်ခြင်းဟာ မင်းအတွက်တော့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် ဖြတ်သန်းရခက်တဲ့ ဝေဒနာ ဖြစ်ကောင်းဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း ပြန်လည်စောင့်မျှော်ခွင့်ရမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ အချိန်တွေကို နောက်ပြန်လှည့်လို့ရမယ်ဆိုရင်တော့၊ အချိန်တွေကို အဲဒီနှစ်က ရှမြို့လေးနဲ့ ကျန်းမျိုးနွယ်စုရဲ့ အိမ်ရာဝင်းလေး ထဲမှာပဲ ရပ်တန့်ထားလိုက်ချင်ပါတော့တယ်၊ အရာအားလုံးဟာ စတင်ခဲ့တဲ့ အစဦးဆုံး ပုံရိပ်အတိုင်းပေါ့။ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ လူတိုင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတိုင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ အမြဲတမ်း သတိရနေမှာပါ။ မှ ကျန်းရှင်းချန် #zhangxincheng #archivesthenanyangmystery #张新成 #南部档案 #ms19_

March Spring ❤️‍🔥
March Spring ❤️‍🔥
Open In TikTok:
Region: MM
Tuesday 30 June 2026 13:07:50 GMT
4248
820
9
22

Music

Download

Comments

meemee52010
Mee :
ငိုချင်လာပြီ🥺
2026-06-30 13:26:40
1
essybaruch8
essybaruch :
How can I move on? Whenever I'm opening this app surely they'll be the one I see 🥹
2026-07-03 13:00:38
0
soe.soe.myint62
ချစ်သောမိုင် :
S2မှာပြန်ဆုံကြမယ်နော်🥺
2026-06-30 14:46:38
2
vvic29
Marigold :
လွမ်းတာဟယ်🌹🌹🌹🌹
2026-06-30 14:41:03
0
gili.gili37
Gili Gili :
😏😏😏
2026-06-30 14:09:15
0
To see more videos from user @marchspring19, please go to the Tikwm homepage.

Other Videos


About