@heathbrooo: spend the morning with me 🐢🌞 @Oner Active code heather (wearing all true blue pieces!) #morningroutine #activemorning

Heather Brown
Heather Brown
Open In TikTok:
Region: US
Tuesday 30 June 2026 19:00:21 GMT
1052
97
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @heathbrooo, please go to the Tikwm homepage.

Other Videos

=========🙏========= ကိုယ့် ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် လှတယ်,  တင့်တယ်တယ်ဆိုတဲ့ အထင်ဟာ လူတိုင်းမှာရှိတယ် အဲဒီလို ရွိလို့သာ  … မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်။ အဝတ်အစားတွေဆိုရင်လည်း မလှ လှအောင်  ဝတ်ကြရတယ်နော်တင့်တယ်မှုတွေကို   ရှာကြံပြီးတော့ လုပ်ကိုင်နေကြတယ်  ဘာနဲ့ တူသတုန်းဆိုလို့ရှိရင်  … ပိုးဖလံလေးတွေမီးတောက်လေး မြင်တဲ့အခါ  အန္တရာယ်ရှိတဲ့အရာမှန်း မသိတော့
=========🙏========= ကိုယ့် ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် လှတယ်, တင့်တယ်တယ်ဆိုတဲ့ အထင်ဟာ လူတိုင်းမှာရှိတယ် အဲဒီလို ရွိလို့သာ … မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်။ အဝတ်အစားတွေဆိုရင်လည်း မလှ လှအောင် ဝတ်ကြရတယ်နော်တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်နေကြတယ် ဘာနဲ့ တူသတုန်းဆိုလို့ရှိရင် … ပိုးဖလံလေးတွေမီးတောက်လေး မြင်တဲ့အခါ အန္တရာယ်ရှိတဲ့အရာမှန်း မသိတော့ "အတော်လှတဲ့ ဟာလေးပဲ " ဆိုပြီး သဘောကျပြီးမီးထဲ တိုးဝင်လာတယ် တိုးဝင်လာတဲ့အခါ အလောင်ခံရတာပဲ ဘုန်းကြီးတို့တစ်တွေလည်း သေခြာ စဉ်းစားကြည့်လို့ ရှိရင် ခန္ဓာငါးပါးကို ပျော်စရာကြီး, လှတယ်လို့ ထင်တယ် ထင်တဲ့အတွက်ကြောင့် ခန္ဓာငါးပါး ကို တဏှာက တွယ်တာတယ် ။ တွယ်တာထားတဲ့အတွက်ကြောင့် … ဘဝဆက်တိုင်းဆက်တိုင်းမှာ ခန္ဓာချည်းပဲ ရနေတယ်ပိုးဖလံဟာ မီးတောက်ထဲ တိုးဝင်တဲ့အခါ မီးလောင်ပြီး သေရသလို … ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာရတိုင်း သေ,သေသွားကြရတာပဲ ။ သေသွားကြတဲ့ ပုဂ္ဂိုလ်တွေရော သေလတ္တံ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ စဉ်းစားကြည့်ရင် မီးတောက်ထဲကို တိုးဝင်နေတဲ့ ပိုးဖလံလေးတွေနဲ့ အတူတူပဲ ခန္ဓာကိုယ်ကြီးကို တွေ့ပြီး ခန္ဓာကိုယ်ကိုပဲ သဘောကျပြီးတော့ဒီ ခန္ဓာကိုယ်နဲ့ပဲ ပျော်မြူးပြီးတော့ နေကြတယ် ။ ဒါ ဘယ်သူ့ရဲ့ မှားယွင်းမှုတုန်း ? #တဏှာ ဆိုတဲ့ အတွေးရဲ့ မှားယွင်းမှုကြောင့် ဘဝတိုင်း သေဆုံးနေကြရတယ် တဏှာရဲ့ အထင်မှားမှု ပျောက်မှ … ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှုတွေ, ဆင်းရဲမှုတွေ ကိုရှုမြင် သုံးသပ်လာပြီးတော့ - "သြော် … ရုပ် ဆိုတာ … သူ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ နာမ်တရားသက်သက်မျှသာ ဖြစ်တယ်။ ခံစားမှုဟာလည်း ဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ခံစားမှု သက်သက်မျှသာ ဖြစ်တယ်။ သညာ … ဆိုတာလည်း မှတ်သားမှု သက်သက်မျှသာ ဖြစ်တယ်။ သင်္ခါရ … ဆိုတာလည်းမှတ်သားမှု သက်သက်မျှသာ ဖြစ်တယ်။ ဝိဉာဏ် … ဆိုတာလည်းသိမှု သက်သက်မျှသာ ဖြစ်တယ်။ ဒါတွေဟာ နေတံ မမ " ငါ့ ဟာ မဟုတ်ပါလား" လို့ တွေးမိလိမ့်မယ် ။ " သူ့ သဘာဝအတိုင်းသူဖြစ်နေတာ " လို့ ဒီအတွေးမျိုး မတွေးနိုင်သမျှကာလပတ်လုံး တဏှာ မညနာလို့ ခေါ်တဲ့တွယ်တာမှု , အထင်မှားမှုကြီးဟာမပျောက်ကင်းနိုင်ပါဘူး ။ မပျောက်ကင်းနိုင်လို့ရှိရင် … ပိုးဖလံလေးတစ်ကောင် မီးတောက်ထဲ ဝင်ပြီးတော့ ကစားသလို … လူတွေလည်း ခန္ဓာကိုယ်ကြီးကို ရအောင် ကြိုးစားနေကြဦးမှာပဲ ။ လူ့ခန္ဓာ မလိုချင်တဲ့အခါ နတ်ခန္ဓာဆိုတဲ့ နတ်သား နတ်သမီး ဖြစ်ရင် ကောင်းမှာပဲ ဗြဟ္မာ ဖြစ်ရင် ကောင်းမှာပဲ " ဆိုတဲ့ အတွေးတွေနဲ့ လာဦးမှာပဲ ။ တင့်တယ်လှပတဲ့ ဘဝတွေကို ရအောင် ဆုတောင်းပြီးတော့ နေကြဦးမှာပဲ ။ အဲဒါဟာ တဏှာရဲ့ အထင်မှားမှုပါပဲ အဲဒီ တဏှာရဲ့ အထင်မှားမှု ပျောက်အောင် ဘုန်းကြီးတို့တစ်တွေ စဉ်းစားရမှာက " နေတံ မမ" " ရုပ်ဟာ ရုပ်ပဲ, နာမ်ဟာ နာမ်ပဲသူ့အကြောင်း ကြောင့် သူဖြစ်နေတာငါလို့ ပြောစရာတစ်ခုမှမရှိဘူး ထာဝရ ရွှေ့လျားနေတဲ့ အရာကြီးသာ ဖြစ်တယ်" လို့ ဆိုတဲ့ သမ်မပ်ပညာယ ဒဋ်ဌဗ်ဗံ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုရမယ်တဲ့ အဲဒီလိုမရှုနိုင်သမျှ ကာလပါတ်လုံး ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီးတော့ "တဏှာမညနာ" လို့ ခေါ်တဲ့တွယ်တာမှု, အထင်မှားမှုကြီး ရှိနေဦးမှာပါပဲ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏 Crd Myomyint Htoo (Facebook) #ပါချုပ်ဆရာတော်ဘုရားကြီး၏အဆုံးအမ #တရားတော်များနာယူနိုင်ပါစေ🙏 __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"✅ •🙏"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ "🙏 •🙏"အလှူ အားလုံး ထဲတွင် • တရားအလှူသည် အမြတ်ဆုံးဖြစ်၏"🙏 •ဤ(ရုပ်/နာမ်-ခန္ဓာ)မှပြုခဲ့ရသော •ကောင်းမူအစုစုအား အားလုံးကိုအမျှဝေပါ၏✅ု •🙏 နတ်/လူ သာဓုခေါ်စေသော်။.....🙏 "ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု" •“နေရက်တိုင်းမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါ‌စေ” _________________________________

About