@maythadarmaung3: အမျိုးသမီးတစ်ယောက်က သူ့အမျိုးသားကို ကွာရှင်းတာ “ တစ်ဘဝလုံး တိုက်တွန်းပြောဆိုလာရတာ မောသွားလို့” တဲ့။ အခုမှ ကိုယ်လည်း တိုက်တွန်းပြောဆိုရတဲ့ လူတွေနဲ့ တွေ့မှ အဲ့စကားကို ရင်နဲ့ နားလည်တော့တယ်။ သူများကို တိုက်တွန်းပြောဆိုရတာ ကိုယ်လုပ်ရတာထက် ပိုခက်တယ်နော်။ ရေရှည်မှာ တကယ် စိတ်ကုန်၊ မောပန်း၊ ဝန်လေး၊ လက်မှိုင်ချ၊ ဝေးဝေးကို နေချင်လာတော့တာ။ ဘာကြောင့် ကိုယ် လုပ်ကိုလုပ်ရမယ်မှန်းသိနေတဲ့ တာဝန်ကို သူများက တိုက်တွန်းနှိုးဆွမှ လုပ်တတ်ရတာလဲ။ ဘာလို့ အဲဒီအချိန်ကို စောင့်တာလဲ။ ဘာလို့ ဘယ်တော့မှ မပြင်ဆင်ရတာလဲ။ ဒါ.. ..အပေါ်ယံ ဆက်ဆံရေးပဲရှိသေးတယ်။ အဲဒီအမျိုးသမီးပြောသလို ဘဝအိမ်ထောင်ဖက်အနေနဲ့ တွေးမိတဲ့အခါ ကိုယ်ဆို သူ့လောက် အသက်ကြီးတဲ့အထိ နေနိုင်ပါ့မလားတောင် ဒွိဟဖြစ်ရတယ်။ အိမ်ထောင်ဖက်တစ်ယောက်ဟာ ကိုယ်တိုင် ရေချိုးဖို့တောင် တိုက်တွန်းနေရတယ်။ ကိုယ့်အလုပ်ကို ပုံမှန်သွားဖို့ တိုက်တွန်းနေရတယ်၊ တာဝန်ကျေဖို့ တိုက်တွန်းနေရတယ် ။ အဲဒါ ဘဝအဖော်မှမဟုတ်တော့တာ၊ အဲဒါ ဘဝ ဝန်ထုပ်ပဲ။ တစ်ဘဝလုံး တွဲလွဲခိုပြီး လေးပင်နေရမှာ။ “ကိုကိုရယ်၊ ဒါလေး လုပ်လိုက်ပါ၊ နော် နော်” အဲဒီကနေ ထမလုပ်လို့ …. … “ နော်၊ နော်၊ လုပ်လိုက်ပါလို့၊ နော် နော်” က ရည်းစား ဘဝ ခဏ၊ ကိုယ့်လျှာတွေလည်း ပေါ့နေတုန်းပဲ ကောင်းတာ။ နောက်ကျ ကိုယ့်လျှာတွေလည်း မပေါ့နိုင်တော့ရော သူ လေးတာက.. … “ငါတော့ ဒင်းနဲ့ ဝေးဝေး နေချင်တယ်” ဆိုတဲ့ အခြေအနေကို ရောက်လာစေပြီး… “ပြောကြည့်ပါဦးဟယ်၊ ပြောရင် ရမှာပါ” လို့ လာဖျောင်းဖျတဲ့လူကိုလည်း “ အပိုင်ယူသွားပေးပါလားဟင်” တွေ၊ ဘာတွေ ဖြစ်လာတာ။ ဒါကြောင့် လက်တွဲဖော်တွေကို ကွဲစေတာက နာမည်ကြီးတဲ့ နည်းလမ်းတွေသာ ထင်ပေါ်လို့ အဲဒါကို စိုးရိမ်ကြပေမယ့်.. … တကယ် တွေ့မှ အငွေ့ပါပျံသွားမယ်ဆိုတဲ့ နောက်ထပ်နည်းလမ်းတွေလည်း အများကြီးရှိသေးလို့ အဲဒီထဲက တစ်ခုက ဘာနေနေ တိုက်တွန်းနှိုးဆွမှ၊ မဖြစ်မနေ၊ နောက်ဆုံးအခြေအနေမှ နေသာရုံလေး ထလုပ်တဲ့အကျင့်ရှိတာလည်း ပါတယ်လို့ သတိကပ်စရာပါ။ ပြီးတော့ အပိုဆုအနေနဲ့ အဲဒီလူက ကိုယ့်ကိုပါ လူကြမ်းကြီးအဖြစ် ပုံသွင်းပေးသွားပါလိမ့်မယ်။ ဒါက ဖြစ်စဉ်လေးတစ်ခုနဲ့ ယှဉ်တွဲဥပမာပေးတာဖြစ်ပြီး ဆိုလိုတာက.. ..တိုက်တွန်းနှိုးဆော်မှုကို အမြဲတမ်းလိုတဲ့သူဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ ရှိနိုင်တာမို့ လူတိုင်းဟာ ကိုယ်တိုင်မကြိုက်တာကို ကိုယ်တိုင်ဆင်ခြင်ပြီး၊ ကိုယ်မရချင်တာကို ကိုယ်မရသွားဖို့လည်း ကိုယ်တိုင်အကဲခတ်ရမှာပဲဖြစ်ပါတယ်။ #crd #tiktok #စာပေချစ်သူ✍ #ရင်တွင်းဖြစ်စာလွာများ
May Pearl🌻
Region: MM
Wednesday 01 July 2026 02:39:56 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @maythadarmaung3, please go to the Tikwm
homepage.