@shinkumarya72: #းနေမယ့်..အတူတူ စာဖတ်ပါ"📚 ======================== စာမဖတ်ရင် အကန်းဘဝ ရောက်သလို စာမဖတ်ရင် လူစင်မမှီတဲ့ ဘဝရောက်တတ်တယ် ဘယ်လောက်အဆင့်မြင့် ဘွဲ့ ဒီဂရီ တွေ ရ ရ ဘယ်လိုအဆင့်မြင့် ရာထူး ကိုင်ထား ကိုင်ထား ဘယ်လောက်ပဲ ကျိကျိတက် ချမ်းသာ ချမ်းသာ စာပေအဟာရ လုံလောက်အောင် ဖြည့်မထားလျှင် အတွေးအခေါ် အယူအဆ တွေ အဆင့်မမှီရင် အများနဲ့ စကားပြောတဲ့အခါကျရင် အကျိုးအကြောင်း မဆီလျော် ဆုံးဖြတ်ချက်တွေချဖို့ တွေဝေနေလိမ့်မယ် လုပ်ငန်းခွင်မှာ အလုပ်တွေ မပြောက်မြောက်နိုင်ဘူး ကိုယ်တိုင်ဖြတ်သန်းလာခဲ့ ဘဝအတွေ့အကြုံအရ လူတစ်ယောက်ရဲ့ ဘဝတိုးတက်အောင်မြင်ရေးမှာ စာဖတ်ခြင်းက"ခွန်အားဆိုတာ"သိလာခဲ့တယ် ဒါကြောင့် မိမိရောက်တဲ့ နိုင်ငံခြား နေရာတိုင်းမှာ လူငယ်ရော လူကြီးတွေပါ စာဖတ်ဖို့ တိုက်တွန်းပါတယ် ခေတ်ဟာ အမြဲတိုးတက် ပြောင်းလဲနေတယ် ဒါကြောင့် လူဟာလည်း တိုးတက်ပြောင်းလဲနေဖ်ို့ လိုပါတယ် အနားယူတာနဲ့ ပျင်းတာ ကွဲပြားဖို့ လိုပါတယ် မလုပ်နိုင်တာနဲ့ မလုပ်ချင်တာ ကွဲပြားဖို့ လိုပါတယ် ဝေဖန်တာနဲ့ အပြစ်ရှာတာ ကွဲပြားဖို့ လိုပါတယ် သုံးတာနဲ့ ဖြုန်းတာ ကွဲပြားဖို့ လိုပါတယ် သတင်းနဲ့ အတင်း ကွဲပြားဖို့ လိုပါတယ် တာဝန်နဲ့ အာဏာ ကွဲပြားဖို့ လိုပါတယ် လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားဖို့ လိုပါတယ် ဘာပဲလုပ်လုပ် အမြဲသတိနဲ့ အသိ ရှိပါ ကောင်းတဲ့အရာတွေကိုသာ ပိုကောင်းပါစေ ဆိုးတဲ့အရာတွေကိုတော့ ပိုဆိုးမလာပါစေနဲ့ သိချင်ရင် အမြင်ကျယ်ချင်ရင် စာဖတ်ပါ တော်ချင်ရင် တတ်ချင်ရင် စာဖတ်ပါ လိမ္မာချင်ရင် ယဉ်ကျေးချင်ရင် စာဖတ်ပါ ငွေမရှိလဲ လူ့အောက်မကျချင်ရင် စာဖတ်ပါ ဘဝကို ရဲရဲဝံ့့ဝံ့ ဖြတ်သန်းချင်ရင် စာဖတ်ပါ ဘဝ အဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ မအချင်ရင် အညာမခံချင်ရင် စာဖတ်ပါ အနိုင်ကျင့် စော်ကားမခံချင်ရင် စာဖတ်ပါ အဆင့်ရှိရှိ စကားပြောတတ်ချင်ရင် စာဖတ်ပါ ဟန်မဆောင်ပဲ ပြုံးတတ်ချင်ရင် စာဖတ်ပါ ခေါင်းဆောင်ကောင်း ဖြစ်ချင်ရင် စာဖတ်ပါ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဘဝ မရောက်ချင်ရင် စာဖတ်ကြပါ ကြားသမျှ လိုက်ပြောတဲ့ သာလိကာလို အာမညောင်းရအောင် စာဖတ်ကြပါ မစူးစမ်းမဆင်ခြင်တဲ့ ယုန်စသူငယ်လို ဦးနှောက်မမဲ့အောင် စာဖတ်ကြပါ ဆီဆုံမှာ တပ်ထားတဲ့ နွားတို့လို အလှည့်အပတ်မခံရအောင် စာဖတ်ကြပါ မျက်မမြင် ပုံဏ္ဏားတွေလို အမြင်မရှိပဲ ရမ်းမတုတ်ရအောင် စာဖတ်ကြပါ လေယူရာ ယိမ်းတဲ့ကောက်ပင်လို သူများဆွယ်တိုင်း မပါရအောင် စာဖတ်ကြပါ ဦးနှောက်မရှိတဲ့ ကော်ပတ်ရုပ်လို ထားရာနေရတဲ့ ဘဝမရောက်အောင် စာဖတ်ကြပါ စာဖတ်ပါ။ အတွေးတွေ လေးနက်လာလိမ့်မယ် စာဖတ်ပါ။ စကားလုံးတွေ ကျစ်လျစ်လာလိမ့်မယ် စာဖတ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်တွေ မြင့်တက်လာလိမ့်မယ် စာဖတ်ပါ။ အရာရာကိုတိုးတက်ပြောင်းလဲနိုင်စွမ်းရှိပါတယ် ဒါကြောင့်.....မိတ်ဆွေတို့အတွက် "ကျွန်တော်"ရဲ့ စကားလက်ဆောင်ဆိုရင် "စာဖတ်ဖို့ "အချိန်ပေးပါ။ စာဖတ်ပါ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာတစ်ခုရှိတယ် အဲဒါကို အချိန်လို့ ခေါ်တယ် ဘက်မလိုက်သလိုပဲ ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှလည်း ပြန်မရနိုင်ဘူး ပြန်တော့မှ ရပ်တန့်မနေအောင် လူကို တွန်းအားပေး တိုးတက်ပြောင်းလဲစေတဲ့ အရာ တစ်ခု ရှိတယ် အဲဒါကို"စာဖတ်ခြင်း" လို့ ခေါ်ပါတယ် ရှင်သန်နေသမျှ မိတ်ဆွေနဲ့ အနီးဆုံးမှာ ရှိပေးနိုင်တာ ခွန်အားပေးနိုင်တာဆိုလို့ ( စာအုပ် စာပေ)တွေပါပဲ။ #ဆရာအောင်သင်း #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙

(အမြင်နဲ့မဆုံးဖြတ်ပါနဲ့)✍✍✍
(အမြင်နဲ့မဆုံးဖြတ်ပါနဲ့)✍✍✍
Open In TikTok:
Region: MM
Wednesday 01 July 2026 05:20:34 GMT
268448
31012
224
1639

Music

Download

Comments

soe.soe.san55
soe soe san :
ယခုလိုဘဝတိုးတက်ပြောင်းလဲစေတဲ့စာသားလေးတွေရေးပြီးတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်မှတ်လည်းမှတ်သားထားပါမယ်နော်စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးဟာဘဝအတွက်အရမ်းကိုအရေးပါအရာရောက်တယ်ဆိုတာကိုလည်းသိရှိနားလည်လို့ခံစားနားလည်ရပါတယ်နော်အလှအတွက်မှန်ကြည့်သလိုဘဝအတွက်ကိုလည်းမှတ်သားဖွယ်ရာစာပေဗဟုသုတသင်ခန်းစာများကိုဖတ်ပေးသင့်ပါတယ်ရှင့်စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသိထားသင့်သလောက်တော့သိ ထားပါတယ်နော်ဒါပေမဲ့လည်းယခုလိုထပ်မံလို့သိရှိနားလည်ခွင့်ထပ်မံရရှိသည့်အတွက်ကျေးဇူးအထူးတင်မိပါတယ်ရှင့်စာသားလေးတွေကိုနှစ်သက်သဘောကျမိပါတယ်နော်ကျေးဇူးပါအမြဲတမ်းအားပေးနေပါတယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-05 08:40:27
11
moe49786
moe :
စာဖတ်တာကိုအလွန်ဝါသနာပါတာပါရှင်🙏🙏🙏👍🏻
2026-08-04 11:59:50
4
knt.knt006gmail.c
knt [email protected] :
သားသားနဲ့သမီးသင်ပေးနိုင်အောင်လို့နော်။
2026-08-04 13:38:39
1
yiyi.soe
Dawyiyisoe :
အရန်ဗဟုသုတရပါတယ်
2026-08-04 02:54:03
1
koyar.gic
om sar gar pal :
စာဖတ်ရတာကြိုတဲဗျ
2026-08-04 06:12:48
1
thet.htar.san065
ဖေ့သမီးကြီး :
အလိမ္မာစာမှာရှိပါဘုရား🥰🥰🥰
2026-08-02 13:00:05
4
user5946524981712
user5946524981712 :
စာဖတ်တာဝါသနာပါတယ်ခဗျများများတင်ထာဝစဉ်အမြဲအားပေးနေမယ်
2026-08-03 15:13:42
2
hlaing.sandar.htu8
Hlaing Sandar Htun :
ကျေးဇူးတင်ပါတယ်ရှင့် ဘဝကိုအဆိုးဆုံးအခြေအနေရောက်ရင်တောင်လဲမကျဘဲရပ်တည်နိုင်အောင်ကြိုးစားနေပါတယ်ရှင့်🥰🥰
2026-08-07 14:55:21
2
phyo.thu.ya.aung57
ဖိုးထူးကာတွန့်ကာထုပ်လုပ်ရေ🤑 :
ဟုတ်ကဲ့ ဖတ်ပါတယ်စာဖတ်ရတာဝါသနာပါပါတယ်
2026-08-06 06:55:59
1
phyoeisan5277
🥰🥰 :
ကျေးဇူးတင်ပါတယ်🙏🙏🙏🙏🙏
2026-08-02 14:09:29
2
yin.may.hini
Yin May Hini :
ဒီနေ့ကစစာဖတ်ပမယ်ယုံယုံကြည်ကြည်🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-29 03:16:01
2
zawminko252
k. G. l :
ဟုတ်😁တယ်
2026-08-04 13:08:37
1
xfgbkknl
xfgbkknl :
ကျေးဇူးပါ
2026-08-04 04:18:39
1
daw.ne34
Daw Ne :
ကျေးဇူ
2026-08-06 02:33:15
1
kyaw.zayza
Kyaw zayza :
ကောင်းလိုက်တဲ့ စာတွေ
2026-07-04 15:21:27
1
nay.win.naing92
Asylum :
2026-07-27 17:44:15
1
swe.zin.aung28
Swe Swe :
ကျေးဇူးတင်ပါတယ်
2026-08-03 09:58:48
1
mgswe703
Mg Mg Swe :
ကျေးဇူးတင်ပါတယ်
2026-08-02 12:14:46
1
eversmillay
EverSmilLay😊😊😊 :
ကျေးဇူးတင်ပါတယ်ဗျ
2026-08-02 15:22:57
1
user1910190612193
မေမေရယ််် မီးမီး :
ကောင်းလိုက်တာ
2026-07-05 02:40:07
1
victormyo66
Daw ye ye Myintမဂ်လာပါရှင့် :
မျှဝေမှုကိုလေးစားလျက်ပါ🙏🙏🙏
2026-08-02 09:00:42
1
khaing.shwe.win805
Khaing shwe win :
ဟုတ် ကျေးဇူးတင်ပါတယ်
2026-08-03 03:44:04
1
user254883436
Kyaw Lay :
စာဖတ်ခြင်းရဲ့အကျိုးတော့သိပါတယ်ဘယ်ကစဖတ်ရမှန်းမသိဘာစာအုပ်မှမရှိ
2026-08-06 01:24:24
1
thuya.aung7517
Thuya Aung :
စာသားတွေကောင်းပါတယ်
2026-07-30 12:39:14
1
user4853955415908
Phyu Zin Aung :
ဘာစာတွေဘယ်လိုမျိုးစာတွေဖတ်ရမလဲကျွန်မဘဝမှာအရာရာဆုံးရှုံးမှုတွေများပီးနာကျင်ခြင်းတွေပဲရနေတယ်.ဘဝကဓားမနောက်ပိတ်ခွေးဖြစ်နေတယ်
2026-07-31 06:01:09
1
To see more videos from user @shinkumarya72, please go to the Tikwm homepage.

Other Videos


About