@shwebonesan4: ၅.၄.‎၂၀၂၆ တနင်္ဂနွေနေ့စောစောတွင် ကျွန်ုပ်နှင့် ယောဂီများသည် မှော်ဘီမြို့၊ အောင်ထူးမြတ် စေတီရှိရာ သဲအင်းဆရာတော်ကြီး၏ အောင်မြေသို့ ရောက်ရှိကြတော့သည်။ သဲအင်းဆရာတော်ကြီး၊ သာသနာစောင့် အရိယာကြီးများနှင့် မှော်ဘီဘိုးဘိုးကြီးတို့အား ပွဲများဖြင့်ကပ်လှူပူဇော်ခဲ့သည်။ ရန်ကုန် အပြန်ခရီး၊ မှော်ဘီဈေးရှေ့အရောက်တွင် အမတော်မှ ကျွန်ုပ်အား ပြောတော့သည်။ ‎ပန်ထွာ ။ ။ အမတော်ရဲ့ဓါတ်နန်းက သဲဖြူရိပ်သာမှာရှိတယ်၊ နီးနီးလေး၊ လာခဲ့ပါ။ ‎ကျွန်ုပ် ။ ။ ဟုတ်ကဲ့ပါ အမတော်၊ ရောက်အောင်လာခဲ့ပါမယ်။ ‎သဲဖြူတောရရိပ်သာ ဆိုင်းဘုတ်ရှိရာ ကတ္တရာလမ်းအတိုင်း လာခဲ့ရသည်။ ရိပ်သာအတွင်းဝင် သော ကားလမ်းတလျှောက်၌ သာသနာ့အလံများစွာသည် လေထဲတွင် တလူလူလွင့်နေပေတော့သည်။ လွန်စွာ ကျယ်ဝန်းလှသော သာသနာ့နယ်မြေကြီးပင် ဖြစ်ချေသည်။ မကြာမှီအချိန်၌ ကုန်းပေါ်ရှိ အမတော်၏ ရုပ်ပွားတော်ရှိရာသို့ ရောက်ရှိတော့သည်။ ထိုအချိန်၌ပင် အမတော်မှ ကျွန်ုပ်အား ပြော တော့သည်။ ‎ပန်ထွာ ။ ။ မယ်တော်စန္ဒမုခိနဲ့ ပန်ထွာဘုရင်မက အမောင်ကို ကြိုဆိုနေပါတယ်၊ မနက်ခင်းက လာသူ နည်းသေးတယ်၊ အမောင်တို့လာမယ်မှန်းသိတော့ အနွယ်တော်တွေကို ဖိတ်ကြားလိုက် တယ်၊ စည်စည်ကားကားဖြစ်အောင်လို့။ ‎ဓါတ်နန်းအဆောင်ကြီးသည် ခမ်းနားထည်ဝါသော နန်းတော်ကြီးပင် ဖြစ်ချေသည်။ အမတော်၏ ဆွေတော်မျိုးတော်များသည် ခန်းမကျယ်ကြီးအတွင်း တိုးမပေါက်အောင် စည်ကားနေပေတော့သည်။ ကပ်လှူထားသော ပွဲများသည် ထားစရာနေရာပင်မရှိအောင် ပြည့်နှက်နေပေတော့သည်။ ကျွန်ုပ်၏ဘဝ တွင် ထိုနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ခဲ့ခြင်းပင်ဖြစ်ချေတော့သည်။ မယ်တော်ကြီးနှင့် အမ တော်တို့ကို မေတ္တာပို့ အမျှအတန်း ပေးဝေခဲ့ပြီး အိမ်ပြန်ခဲ့တော့သည်။ ‎အိမ်သို့ရောက်ရောက်ခြင်း အမတော်မှ ပြောတော့သည်။ ‎ပန်ထွာ ။ ။ ငါ့မောင် အိမ်ကို ချောချောမောမော ပြန်ရောက်ပြီနော်၊ အိမ်ရောက်တဲ့အထိ အမတော်က စောင့်ရှောက်ခဲ့တယ်၊ အမတော် သွားတော့မယ်။ ‎ကျွန်ုပ် ။ ။ အမတော်ရဲ့ မေတ္တာကို ခံယူပါတယ်။ ‎စန္ဒမုခိ မယ်တော်ကြီး၊ အမတော်နှင့် ဆွေတော်မျိုးတော်အားလုံး လောကီအကောင်းစားများနှင့် လောကုတ္တရာအမြတ်စားဖြစ်သော သစ္စာလေးပါးတရားကို ရရှိကြပါစေ။ ‎မှတ်ချက် ။ ကျွန်ုပ်သည် အကြားဓာတ်၊ အမြင်ဓာတ်ရှိသူ မဟုတ်ပါ။ ဘုရင်မကြီးမှ ကျွန်ုပ်အား ပြော ကြားခဲ့သော စကားများကို နောင်လာနောက်သားများအတွက် မှတ်တမ်းတင် စာပေ အက္ခရာတင်ခြင်းသာ ဖြစ်ပါသည်။ အမတော်ကို ယုံကြည်လေးစားသူတို့သည် ဝိပဿနာ တရားကို ကျင့်ကြံပွားများအားထုတ် နိုင်ကြပါစေသတည်း။ ‎ ‎#ဦးဧဟန် ‎

🌸🌸🌸🌸
🌸🌸🌸🌸
Open In TikTok:
Region: MM
Wednesday 01 July 2026 05:33:58 GMT
10645
777
15
18

Music

Download

Comments

user4911501638055
user4911501638055 :
အနော်ရထာ သဲအင်း သာသနာ နဲ့ သွားမယ်မဟုတ်လား အခု ပန်ထွာ နဲ့ သွားတော့မယ် ပေါ့
2026-07-01 14:54:13
1
utheinzaw768
u thein zaw :
ကိုယ်တွေလိုက်မမှီနိူင်တဲ့နားလည်ဖို့ခက်ခဲတဲ့အရာတွေအများကြီးပါလားနော်
2026-07-01 15:39:15
1
user6540611121801
သဘာဝ သစ္စာ :
သာဓုသာဓုသာဓု
2026-07-01 11:33:02
1
winzaw16784
Win Zaw Htun :
ဟ မေတ္တာပို့ဆုတောင်းပေးတာကြီးကလဲ ကွက်ပြီးတော့လား ထောက်ပြတာပါဗျာ စိတ်တော့မဆိုးပါနဲ့
2026-07-01 11:57:49
0
ps.diana8
Ps Diana :
အနော်ရထာမင်း အခုမူလ သဲအင်ဂူ ဆရာတော် ဘုရားကြီးြဖစ်ပီး အနော်မင်းလက်ထက်အရည်းကြီးများဟာ ယခု နတ်စိမ်းများ ြဖစ်နေကြတယ် သဲအင်းတအားထုတ်သူယောဂီများဟာ အနော်မင်းလက်ထက်က အနော်ရထာရဲ့ အားထားရတဲ့ ဓမ္မဘက်တော်သား ဗုဒ္ဓ အနွယ်၀င်များ ြဖစ်ခဲ့ကြတယ်လို့ သဲအင်းဆရာတော်ကြီးရဲ့ တရားထဲမှာ မှတ်သား နာယူဖူးပါတယ် ရှင်
2026-07-03 03:21:23
1
tyatar3
yoon okok :
🙏🙏🙏🙏🙏
2026-07-01 15:47:27
1
shwe.goldy
Shwe Goldy :
🙏🙏🙏
2026-07-01 15:49:38
1
kyawkyawtun509
kyawkyawtun509 :
🥰🙏
2026-07-01 06:43:46
2
than.thar2
Than Thar :
❤️❤️❤️
2026-07-01 05:40:50
2
tantan1133333
ဘုန်းကြီးကျောင်းသား 39 :
🙏🙏🙏
2026-07-01 15:20:18
1
To see more videos from user @shwebonesan4, please go to the Tikwm homepage.

Other Videos


About