@thurizza2000: 🔸❝ လမ်းဆုံးပို့မှာ ဝိပဿနာ ❞ ◄►◄►◄►◄►◄►◄►◄►◄► 🧘 ဒါနမှုတွေ ပြုခဲ့ကြတာ အကြိမ်ပေါင်း များခဲ့ပါပြီ။ သီလမှုတွေ ဆောက်တည်ခဲ့ကြတာ အကြိမ်အရေအတွက် များခဲ့ပါပြီ။ ဒါနရဲ့တာဝန်က လမ်းသွားတဲ့နေရာ ခရီးသွားတဲ့နေရာတွေမှာ ရိက္ခာထုပ်ပဲ။ သီလရဲ့တာဝန်က ကိုယ်သွားနေတဲ့ နေရာရောက်ဖို့အတွက် ဖဝါးလှမ်းတွေပဲ။ သီလက လူ့ဘဝ နတ်ဘဝ တာဝန်ယူမှာ။ လူ့ဘဝ နတ်ဘဝ ရောက်တဲ့အခါ လူ့စည်းစိမ် နတ်စည်းစိမ် ခံစားဖို့ကျ ဒါနက တာဝန်ယူမှာ။ ဒါနက ကောင်းစားဖို့ရာ တာဝန်ယူတယ်။ သီလက ချမ်းသာဖို့ရာ တာဝန်ယူတယ်။ ပစ္စည်းရှိတိုင်း မချမ်းသာဘူး။ ရာထူးကြီးတိုင်းလည်း မချမ်းသာဘူး။ သီလပါမှ ချမ်းသာတာ။ သီလက သူများအပေါ် ပြစ်မှားမဲ့ မတော် မတရား ရယူမဲ့ဟာတွေကို ရှောင်လွဲခဲ့ရတာ။ သီလဆောက်တည်ပြီး သူတစ်ပါးအပေါ် စိတ်အနှောက်အယှက် မဖြစ်စေခဲ့ရင် ကိုယ့်ကျလည်း စိတ်အနှောက်အယှက် မဖြစ်ဘူးပေါ့။ သီလ မဆောက်တည်ခဲ့ကြပဲ သူတစ်ပါးအပေါ် စိတ်အနှောက်အယှက် ဖြစ်စေခဲ့ရင် ကိုယ့်ကျလည်း စိတ်အနှောက်အယှက် ဖြစ်မှာပေါ့။ စိတ်တော့ချမ်းသာပြီး ဒါန မပါရင် မကောင်းစားပါဘူး။ လူ့ဘဝရောက်လဲ သူတစ်ပါးရဲ့ အနှောက်အယှက် ကင်းကင်းနဲ့ ကိုယ့်ဒါန ရိက္ခာထုပ် ထိုင်ခံစားဖို့ကျ သီလပါမှ ရတယ်။ ဒါနနဲ့ စုထားတဲ့ ရိက္ခာတွေလဲ တော်တော်များတယ်။ သီလနဲ့သွားနေတဲ့ ဖဝါးလှမ်းတွေလဲ များပါတယ်။ ဘယ်နေရာမှာ ရပ်မယ်လို့ မသိကြဘူး။ လမ်းဆုံးမရှိကြဘူးဆိုရင် သွားနေတဲ့ အသွား မှန်သမျှ အရူးသွား ဖြစ်မနေကြဘူးလား။ ရူးနေတဲ့လူတစ်ယောက် ဘယ်သွားမယ် ဘယ်မှာ လမ်းဆုံးမယ်လို့မေးရင် သိပါ့မလား။ ခင်ဗျားတို့ကော ဘယ်နေရာ လမ်းဆုံးမလဲ။ သိကြလား။ ပြောနိင်ကြပြီလား။ မပြောနိုင်သေးဘူး မသိသေးဘူးဆိုရင် ခင်ဗျားတို့ အရူးတွေပေါ့။ ဒါနနဲ့ ဘယ်နေရာမှာ လမ်းဆုံးပါမယ်။ သီလနဲ့ ဘယ်နေရာမှာ လမ်းဆုံးပါမယ်။ နေရာ အတိအကျ သတ်မှတ်လို့ ရရဲ့လား။ မရကြသေးဘူးနာ်။ ဒါန ရိက္ခာထုပ်ကြီးထမ်းပြီး သီလ ဖဝါးလှမ်းတွေနဲ့ သွားနေခဲ့ကြတာ ဘယ်မှာ လမ်းဆုံးလို့ ဘယ်မှာ နားရမယ်မှန်း မသိကြဘူးပေါ့။ အရူးသွား သွားနေကြတာပေါ့။ သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်ကသာ လူမှ နတ်သို့လို့ ရဲရဲတင်းတင်းပြောရဲတာ။ သောတာပန်မဖြစ်သေးတဲ့ ပုဂ္ဂိုလ် သေခါနီးကာလမှာ အာရုံစွဲရာ ပါသွားမှာ။ ကိလေသာစွဲရာ ပါမှာပဲ။ သောတာပန်မဖြစ်သေးတဲ့ ပုဂ္ဂိုလ် သေခါနီးကာလ ကိုယ်ရထားတဲ့ဘဝ ကိုယ်ရထားတဲ့ အခြံအရံ အဲဒါတွေအပေါ် ခင်မင်စိတ်နဲ့ သေရင် ပြိတ္တာဘုံ သွားရမယ်။ စိတ်မချမ်းမြေ့မှု မှန်သမျှဟာ ဒေါသပဲ။ သေခါနီး ကိုယ့်ကိုယ်ကို နှလုံးမသာယာတဲ့ စိတ် မကျေချမ်းတဲ့စိတ် မိသားစုလေး ထားခဲ့ ရမယ်ဆိုတဲ့ နှလုံးမသာယာတဲ့စိတ် မကျေချမ်းတဲ့စိတ် အဲဒီဒေါသစိတ်နဲ့ သေရင် ငရဲသွားရမယ်။ ခင်မင်စိတ် လိုချင်မှု စွဲလန်းစိတ် လောဘက ပြိတ္တာ။ မကျေချမ်းစိတ် နှလုံးမသာယာတဲ့စိတ် ဒါက ဒေါသ ငရဲ။ မသိမှု မောဟက တိရစ္ဆာန်။ မာန်မာနက အသူရကာယ်။ တစ်ရက် ၂၄ နာရီရှိတဲ့အထဲ ဘယ်သွားဖို့ ဘယ်ရောက်ဖို့ လုပ်နေကြတာ များလဲဆိုတော့ အပါယ်ရောက်ကြောင်း လုပ်နေကြတာ များပါတယ်။ ဝိပဿနာတရား မပါကြသေးရင် ခရီးဆုံးဆိုတာ မပြောနိုင်သေးဘူး။ သောတာပန်ဖြစ်ရင် လူမှ နတ်သို့လို့ ပြောရဲတယ်။ အနာဂါမ်ပုဂ္ဂိုလ်ဟာ ဗြဟ္မာဟေ့လို့ ပြောရဲတယ်။ ရဟန္တာများကျ နိဗ္ဗာန်လို့ ပြောရဲတယ်။ ခင်ဗျားတို့ ဘယ်ဟာပါလို့ မပြောရဲသေးဘူး။ ဒါန သီလနဲ့ ကျေနပ်မနေပါနဲ့။ သာသနာ ရှိရှိ မရှိရှိ ဒီဒါန သီလ ရှိရစ်ပါလိမ့်မယ်။ ဝိပဿနာတရား မဂ်တရားကတော့ သာသနာတွင်းမှာပဲ ရှိတာပါ။ ဒါကြောင့် လူ့ဘဝရောက်နေကြတုန်း သာသနာနဲ့ တွေ့နေကြတုန်း "ဒါန"ရိက္ခာထုပ်ကြီးထမ်း "သီလ" ဖဝါးလှမ်းတွေနဲ့တင် အရူးသွား သွားမနေကြပါနဲ့။ ခရီးဆုံး လမ်းဆုံးကြဖို့ .... ကိုယ်သွားနေကြရတဲ့ ခရီး ရပ်နားဖို့ ဝိပဿနာတရား ကြိုးစားအားထုတ်ကြပါ။ #ပါချုပ်ဆရာတော်ဘုရာကြီး🙏🙏🙏 #ပါမောက္ခချုပ်ဆရာတော်🙏🙏🙏 #တရားတော်များ #fypပေါ်ရောက်စမ်း #တရားတော်များနာယူနိုင်ပါစေ🙏

𝘼𝙨𝙝𝙞𝙣 𝙏𝙝𝙪𝙧𝙞𝙯𝙯𝙖✨
𝘼𝙨𝙝𝙞𝙣 𝙏𝙝𝙪𝙧𝙞𝙯𝙯𝙖✨
Open In TikTok:
Region: MM
Wednesday 01 July 2026 09:21:03 GMT
10557
1346
34
13

Music

Download

Comments

u.win.san357
U Win San :
မှန်ပါတယ်ဘုရား
2026-07-17 11:29:57
0
kaungmalay.ztn
Moe pyae :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါအရှင်ဘုရား
2026-07-20 06:21:16
0
ganght2
🖤 :
2026-07-03 00:24:56
0
aunty.cho98
Aunty Cho :
@သာဓုသာဓုသာဓုပါဘုရား
2026-07-02 07:16:21
0
uadtm2
UADTM :
🙏🙏🙏
2026-07-03 17:27:26
0
user836456444
Sai Sai :
🙏🙏🙏🙏
2026-07-03 15:23:51
0
mamawai022
စွဲညို့မဒီ🧏 :
🙏🙏🙏🙏
2026-07-22 15:27:20
0
daw.thein.khin75
သိမ်းသိမ်း :
2026-07-13 12:31:00
0
minmin79784
Min Min :
🙏🙏🙏
2026-08-11 16:58:00
0
user837je199l7
user837je199l7 :
😳😳😳
2026-07-25 06:38:13
0
chitoopaing48
ဆုသဒ္ဒါပိုင်ချစ်သောဖေဖေ❤❤ :
🙏🙏🙏
2026-07-24 00:15:32
0
31351152761
Coffee ☕ :
🙏🙏🙏
2026-07-21 03:13:23
0
awer..khyooil0
စွမ်းရဲ့🥰🥰🥰မေမေ :
🙏🙏🙏
2026-07-17 23:46:29
0
user8430530698678
🇹🇭🇳🇱ကရင်ကောင်းလေး🇳🇱🇹🇭 :
🙏🙏🙏
2026-07-15 02:59:46
0
swammoney.is.my.f
Xiao yu :
🙏🙏🙏
2026-07-14 18:17:38
0
than.than.aye572
Than Than Aye :
🙏🙏🙏
2026-07-14 02:15:03
0
tharthar.tharthar707
Tharthar Tharthar :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-13 15:46:16
0
user8135941693773
သမီးလေး :
🙏🙏🙏
2026-07-06 01:44:54
0
shwe.shwe7662
YSK သစ်ခွ :
🙏🙏🙏
2026-07-05 15:08:46
0
usha28624
Usha :
🙏🙏🙏
2026-07-05 02:28:20
0
thinthin8600
thinthin8600 :
❤️❤️❤️
2026-07-03 15:50:49
0
yell.w.h095
Yell ❗ :
🙏🙏🙏
2026-07-02 15:26:00
0
aungmyothurahtwe
aungmyothurahtwe :
🙏🙏🙏
2026-07-02 10:36:53
0
maw.ma2512
Maw Maw :
🙏🙏🙏
2026-07-02 07:42:36
0
winsanaung87
Win San Aung :
🥰🥰🥰
2026-07-01 09:41:25
0
To see more videos from user @thurizza2000, please go to the Tikwm homepage.

Other Videos


About