@mar.lar055: အသက် ၅၀ ကျော် ၆၀ နီးပါးတိုင်း ဒီစာလေးကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။ 📌🍀 ◾ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန်စီးဆင်းရိုးမရှိပါ။ သားသမီးများကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယောက္ခထီး ယောက္ခမတွေ ရှိပါသေးတယ်။ သူတို့အလုပ်တွေ ရှိပါသေးတယ်။ သူတို့ဘဝတက်လမ်းအတွက် သူတို့ ရုန်းကန်ကြရပါသေးတယ်။ သူတို့သားသမီးနဲ့ လွတ်လွတ်လပ်လပ် နေချင်ကြပါသေးတယ်။ ◾ဒီအချိန်မှာ သားသမီးကို ချစ်တယ်ဆိုရင် သူတို့အပေါ် ပြဿနာလျှော့ပေးပါ။ သူတို့ကို နားလည် ပေးပါ။ မိမိစိတ်သဘော ကြီးပေးပါ။ မိမိစိတ်ကို ပျော်အောင် နေပေးပါ။ ကျန်းအာအောင် ဂရုစိုက်ပါ။ သူတစ်ပါးကို အပြစ်တင်တာ၊ ငြီးတွားတာ၊ ရှောင်ကျဉ်ပါ။ ◾အသက်ကြီးလာရင် သုံးဖို့၊ ဆေးကုဖို့ အိုစာအတွက်တော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲဝေပေးသင့်ပါဘူး။ လိုမှပြန်တောင်းရင် မလွယ်ကူတော့ပါဘူး။ ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရအောင် ကြိုပြင်ဆင်ပါ။ ◾မလိုအပ်တော့တဲ့ လိုအင်ဆန္ဒ ရုပ်ဝတ္တု ပိုင်ဆိုင်မှုကို လျှော့ချပါ။ အသုံးအဆောင်လျှော့ဝယ်ပါ။ ပစ္စည်းများလေလေ ဝန်ထုတ်ဝန်ပိုး များလေလေ ဖြစ်တတ်ပါတယ်။ ◾အိမ်တွင်းပုန်းမလုပ်ပါနဲ့။ လမ်းများများလျှောက် ပေးပါ။ မနက်ခင်းတိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာ ရေးလိုက်စားတဲ့ မိတ်ဆွေများနဲ့ ပေါင်းသင်းပါ၊ မိတ်ဆွေဖွဲ့ပါ။ ◾ပင်စင်စားဆိုရင် အလုပ်အနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ်ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုလာရင် မေ့တတ်လာမှာပါ။ အဲ့ဒီတော့ သတိကောင်းတုန်းမှာ ရှင်းရှင်းလင်းလင်း ဖြစ်တုန်းမှာ ပေးစရာရှိတာပေး၊ ခွဲခြမ်းစရာရှိတာ ခွဲခြမ်း ဝေမျှထားလိုက်ပါ။ ဒါက သားသမီးတွေနဲ့ ပြဿနာ ဝေးပါတယ်။ ◾လောကကြီးမှာ မင်းချစ်ရမယ့်သူက မင်းရဲ့ အိုဖော်အိုဖက် အိုဖော်ပါ။ ဇနီး၊ မယား၊ သား၊ သမီး၊ မြေး၊ မြစ် ဟုက်ချင်မှ ဟုက်တော့မှာပါ။ အဲ့ဒီအချိန်ကျရင်... သူတို့ အနားမှာ ရှိချင်မှလည်း ရှိတော့မှာပါ။ သူတို့နဲ့ အချင်းချင်း မျှတအောင်၊ တည့်အောင် တန်ဖိုးထားတတ်ဖို့ အရေးကြီးလာပါပြီ။ ◾သားသမီးများအတွက် အကောင်းဆုံး ချန်ထားသင့်တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ တရားသဖြင့် နေထိုင်တတ်ခြင်းဆိုတဲ့ နာမည်ဂုဏ်သတင်းပါပဲ။ ◾သားသမီးတွေ နောင်အခက်အခဲ အကြပ်အတည်း ကြုံလာရင်၊ ဖေဖေဆိုရင် ဘယ်လိုတုန့်ပြန်မလဲ၊ မေမေဆိုရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ အတွေးမျိုးတွေ သားသမီးတိုင်းမှာ ရှိစမြဲပါ။ ◾အများကြီး မျှော်လင့်ချက်မထားရင် စိတ်ပျက်ရတာတွေ နည်းပါးပါတယ်။ အများကြီး မျှော်လင့်မိလို့ ဖြစ်မလာရင် ရင်ထဲမှာ ကြွေကွဲဝမ်းနည်းရပါမယ်။ မိမိက အိုမင်းမစွမ်းဖြစ်လာလို့ မိမိရဲ့ စိတ်ချမ်းသာမှုနဲ့ မြော်လင့်ချက်တွေကို သားသမီးတွေအပေါ်မှာ ပုံအပ်မထားသင့်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ဘောင်အတွင်းက နေပြီးသာ ကိုယ်တိုင်ဘဝကို စီမံသင့်ပါတယ်။ ◾နာတာရှည် လဲလျောင်းနေတဲ့ မိဘ လူမမာများအတွက် တာဝန်ကျေပွန်တဲ့ သားကောင်း၊ သမီးကောင်း ရှားပါးတယ်ဆိုတာကို အမြဲသတိရပါ။ ပြီးရင် ကျန်းမာရေးကောင်းဖို့ကို နေထိုင်၊ စားသောက်၊ ရှင်သန်ပါ။ ◾ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကို မိုပိုနွေးထွေး စေနိုင်ပါတယ်။ သားသမီးများနဲ့လည်း ထိုက်သင့်တဲ့ အကွာအဝေး ရှိသင့်ပါတယ်။ မေတ္တာ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပါ။ ◾သားသမီးအရေး ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့တော့၊ နေတတ်အောင် နေပါ။ နားထိုင်းသင့်ရင် ထိုင်းပါ။ ပါးစပ်မသင့်ရင်လည်း အ နေလိုက်ပါ။ ◾လောကကြီးကို သင်လည်းပိုင်ပါတယ် ငါလည်းပိုင်ပါတယ် ဒါပေမဲ့ နောက်ဆုံင်းကျရင်တော့ ကျန်းမာပြီး အသက်ရှည်တဲ့သူကပဲ ပိုင်ပါတော့တယ်။ ◾ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးပါ။ ကိုယ်စိတ်ပျော်တဲ့အလုပ်ကို ပိုလုပ်ပါ။ သူများအကြောင်း မတွေးနဲ့တော့ သူများအတွက် မလုပ်နဲ့တော့ သူများအတွက် အနစ်နာမခံနဲ့တော့ ကိုယ့်အတွက်သီးသန့် အသက်ရှင်သန်ဖို့ အချိန်ဖြစ်သင့်ပြီ။ ◾သားသမီး အရေးမှာလည်း ကိုယ်တို့ အစွမ်းကုန် ကြိုးစားပမ်းစား ပျိုးထောင်ခဲ့ပြီးပြီ။ မြေးတွေအလှည့်မှာလည်း တတ်စွမ်းသမျှ လုပ်ပေးပြီးပြီ။ မျိုးဆက်ကျော် ပျိုးထောင်တာကို ရပ်သင့်ပါပြီ။ ◾လူ့လောကကို ရှင်းအောင် မြင်အောင်ကြည့်တော့ လွှတ်ချတတ်အောင် သင်ယူတော့ ဘာသာတရားမှာသာ စိတ်နှစ်ထားတော့ သက်ရှိသက် အရာအားလုံးအပါ်မှာ မေတ္တာထားတော့ နောက်ဆုံး အချိန်မရွေး သေဖို့အသင့်ဖြစ်နေအောင် အသိ၊ သတိကပ်ပြီး အသက်ရှုသွင်း၊ ရှုထုတ် လုပ်တဲ့အခါ သတိထားပြီး နေပါတော့။ ချစ်ခြင်းများစွာဖြင့်။ Prof. Dr. Sai Naw Jar #ml .kawa.a lot of thoughts# #foryoupage #titokmyanmar🇲🇲🇲🇲🇲🇲

Mar Lar
Mar Lar
Open In TikTok:
Region: MM
Wednesday 01 July 2026 11:48:11 GMT
214590
8231
518
1140

Music

Download

Comments

aye.kyaw995
Aye Kyaw :
တန်ဖိုးကြီးတဲစကား တွေပါ
2026-07-04 13:55:41
1
user4968815172363
ဝိုင်ဝိုင် :
မျှဝေတာကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျန်းမာရေးကောင်းပြီး စီးပွားရေးအထိုက်အလျောက်အဆင်ပြေနေသူအတွက် တော့ အဲလို ပြင်ဆင်နေရတာ အချိန်စောလွန်းမနေဘူးလား
2026-07-02 01:58:17
7
dorapunzel2000
Phyu :
Thankyou
2026-07-04 10:48:51
1
lwin.mar.myint23
ရာသက်ပန်မိသားစုလေးပါ :
2026-07-04 05:41:43
1
htwe.lay115
Htwe Lay :
ပြောပေးတာကျေးဇူးပါ🥰🥰🥰
2026-07-04 13:18:24
1
khinkhinnyein44
Pan Chit Thu :
မျှဝေတဲအတွက်ကျေးဇူးပါ
2026-07-04 12:09:52
1
.yuki9643
👻 Yuki 👻 :
ကျေးဇူးပါ
2026-07-04 11:54:25
1
nangmyasein7777777
Nang Mya Sein :
ကျေးဇူးပါ
2026-07-04 07:21:33
1
henrii282
Khin :
ကျေးဇူးတင်ပါတယ်ရှင်မှန်လိုက်တာ
2026-07-02 07:22:06
8
khin.soe082
khin soe :
ကျေးဇူးပါ
2026-07-04 06:53:57
1
daw.khin.lay.myin43
Daw Khin Lay Myint :
ကျေးဇူးပါ
2026-07-03 07:05:48
1
u.tin.myint828
U Tin Myint :
ကျေးဇူးတင်ပါတယ်
2026-07-03 03:24:50
1
daw.may.khin.htay
May Khin Htay :
ကျေးဇူးပါ
2026-07-02 22:08:31
1
daw.win.mu58
Daw Win Mu :
မှန်ပါတယ်။
2026-07-02 23:17:02
1
tintinyee1718
Tin Tin Yee :
ကျေးဇူးတင်ပါတယ်ရှင့်💛💛💛
2026-07-03 06:22:22
1
mo.mo0661
Kyi Pyar Phyo :
ကျေးဇူးပါ.
2026-07-02 06:49:36
1
uthaung.shein0
UThaung Shein :
ကျေးဇူးပါ
2026-07-02 14:24:13
1
antynge1
Anty Nge :
ကျေးဇူးပါ
2026-07-02 05:04:38
1
daw.nang.sein.mya
Daw Nang Sein Mya Lay :
ကျေးဇူးပါ
2026-07-02 09:51:40
1
khaing47514
Khaing :
ကျေးဇူးတင်လိုက်တာ
2026-07-02 07:08:26
2
san71358
san :
မျှဝေတာကျေးဇူးပါ
2026-07-03 06:17:31
1
u.u.thar.lin
U U Thar Lin :
ကျေးဇူးပါ
2026-07-04 05:45:53
1
htar.swe.oo
Htar Swe Oo :
ကျေးဇူးပါရှင့်
2026-07-03 03:52:46
1
user3949603632879
ရာရာ :
ကျေးဇူးပါ🥰
2026-07-04 11:08:32
1
yaylin31
Yin Yin :
မှန်ပါတယ်🥰🥰🥰🥰
2026-07-03 09:45:33
1
To see more videos from user @mar.lar055, please go to the Tikwm homepage.

Other Videos


About