@sdr1318: မာတာပိတရော - မြင့်မိုရ်တောင်ဦးမကကျူးသည့် ကျေးဇူးအရှင်မွေးမိခင်နှင့် ဖခင်တို့သည်။ ပုတ္တကေ - သားငယ်သမီးငယ်ရင်သွေးငယ်တို့ကို။ ဒဟရကာလေ - ငယ်စဥ်တောင်ကျေး ကျောင်း မထားရသေးခင်အရွယ်ကတည်းက။ ဧဝံ - ဤသို့ ဤသို့။ ဂစ္ဆ - သွားပါ။ ဧဝံ - ဤသို့ ဤသို့။ နိသီဒ - ထိုင်ပါ။ ဧဝံ - ဤသို့ ဤသို့။ ခါဒ - စားပါ။ ဣတိ - ဤကဲ့သို့။ သြဝဒန္တိ - သွန်သင်ဆုံးမတတကြပေကုန်၏။ ဘိက္ခုံ - ရဟန်းကို။ ဒိသွာ - မြင်သည်ရှိသော်။ ပုတ္တကံ - သားငယ်သမီးငယ်ရင်သွေးငယ်ကို။ ဝန္ဒာပေန္တိ - လက်ကလေးနှစ်ဖက်ကိုစွဲယူကာ ချီမိုး၍ ရှိခိုးစေကြကုန်၏။ ( ဘုန်းကြီး၊ ရဟန်း အိမ်ကြွလာရင် သားသား မီးမီး ဘုန်းဘုန်းကြွတယ်၊ ဦးတော်လုပ်နဲ့ဆိုပြီး ယဉ်ကျေးမူတွေ သင်ပေးတာ ဘယ်သူနဲ့ ဘယ်သူတုန်း [ အဖေ နဲ့ အမေ ပါဘုရား] ကျောင်းမထားရသေးခင် ငယ်ငယ်လေး ကတည်းက… ဒီကျေးဇူးတွေ မသိကြလို့ စော်ကားကြတာ မှန်ရဲ့လား ပရိတ်သတ်ကြီး [ မှန်ပါတယ်ဘုရား] ) သိပ္ပံ - အတက်ပညာကို။ သိက္ခာပေန္တိ - ငွေကုန်ကြေးကျတဲ့များစွာခံယူ သင်ကြားစေကြကုန်၏။ ပတိရူပေန ဒါရေန နိယောဇေန္တိ - သင့်လျော်တဲ့ သား မယားနဲ့ အိမ်ထောင်ချပေးတယ်။ ( အချိန်တန် အရွယ်ရောက်ပြီဆိုရင် သားဆိုရင် မယားဆိုးနဲ့မတွေ့အောင်၊ သမီးဆိုရင်လည်း လင်ဆိုးနဲ့ မတွေ့အောင် ကြောင်းကြ စိုက်ခဲ့ကြ တာ [ ဘယ်သူနဲ့ ဘယ်သူတုန်း ] အဖေနဲ့အမေ ပါဘုရား ) ဒါယဇ္ဇနံ နိယျာဒေန္တိ - နောက်ဆုံးရှိသမျှ အမွေခွဲ ပေးခဲ့သေးတာ ဘယ်သူနဲ့ ဘယ်သူ ( အဖေနဲ့ အမေပါဘုရား ) ဒါကြောင့် ပုဗ္ဗာစရိယ မိနှင့်ဖ ပါဘုရား ဘိက္ခဝေ - ချစ်သားတပည့် ချစ်သမီးတို့။ ပုဗ္ဗာစရိယာ တိ ဧတံ အဓိဝစနံ - လက်ဦးဆရာ ဆိုတဲ့ ဤအမည်သည်။ မာတာပိတူနံ - မိခင်ဖခင်ကျေးဇူးရှင်တို့၏။ အဓိဝစနန္တိ - အမည်သညာဖြစ်ပါတယ်လို့။ သတ္ထာ - နတ်လူဆို့ဆရာ ဘုရားရှင်သည်။ ကထေသိ - ဂရုဏာရှေးရှု့ ဟောပြတော် မူခဲ့ပါပေသတည်း။

all.Bar.Ta
all.Bar.Ta
Open In TikTok:
Region: MM
Thursday 02 July 2026 03:48:27 GMT
261
61
0
4

Music

Download

Comments

There are no more comments for this video.
To see more videos from user @sdr1318, please go to the Tikwm homepage.

Other Videos


About