@cuckoo2114: #ရေစက်ချ ဘန္တေ- သံသရာဘေး လာမည့်ရေးကို မျှော်တွေးရှုတတ် အရှင်မြတ်ဘုရား၊ မယံ- လူ့ဘုံဌာန လူ့ဘဝ၌ ခေတ္တခိုနား သံသရာ ခရီးသွား ဖြစ်ပါသော အကျွန်ုပ်တို့သည်၊ တိသရဏေန- သုံးပါးအစုံ မြတ်သရဏဂုံနှင့်၊ သဟ- တကွ၊ ပဉ္စသီလာနိ- ငါးပါးသော သီလတော် မြတ်တို့ကို၊ သမာဒိယိတွာ- ကောင်းစွာတည်ဆောက် ကျင့်သုံးပြီး၍၊ ကမ္မဉ္စ- ကုသိုလ်ကံကို လည်းကောင်း၊ ကမ္မဝိပါကဉ္စ- ကုသိုလ်ကံ၏ အကျိုး ကို လည်းကောင်း၊ သဒ္ဓဟိတွာ- မမှိတ်မသုန် သက်ဝင် ယုံကြည်ကြပါ ကုန်သည် ဖြစ်၍၊ သဒ္ဓဉ္စ- ရတနာမြတ်သုံးပါးဟူသည် ကောင်းကျိုးချမ်းသာ မင်္ဂလာ ပွားစီးရာ ဖြစ်လေသည်ဟု ယုံကြည်တတ်သော· သဒ္ဓါတရားကို လည်းကောင်း၊ ဉာဏဉ္စ- သတ္တဝါတို့အား တမလွန်ဘဝသို့ ယူသွားစရာ ကုသိုလ်ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု သိတတ်သော ဉာဏ်ကို လည်းကောင်း၊ ပညဉ္စ- ဖြစ်ပြီးတုံက မုချမလွဲ ပျက်စီးတတ်သောသဘောကို သိတတ်သော ပညာကို လည်းကောင်း၊ ပုဉ္စင်္ဂမံ- ရှေ့သွားကို၊ ကတွာ- ပြု၍၊ ဣမံ- မွန်မြတ်စွာလှ(လိုသည့်အရာကိုသွင်းပါ) ဤဒါတဗ္ဗတ္ထုကို၊ အာယသ္မာတော- အရှင်ဘုရားအား၊ ဒေမ- သုံးတန်စေတနာ ပြဌာန်း ကာဖြင့် သဒ္ဓါဖွေးဖြူ ပေးလှူပါကုန်၏ အရှင်ဘုရား။ ဣမိနာ ပုညကမ္မေန- ဤသို့ ယခု ပြုဆည်းပူးမှန် ကောင်းမူကံကြောင့်၊ သန္တိ - ပူပန်ခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ၊ ပပ္ပေါမ- မုချမသွေ ရောက်ရပါလိုကုန်၏၊ သံသာရေ- သံသာရာ၌၊ သံသရန္တာ- နိဗ္ဗန်သို့ မရောက်သမျှ ကျင်လည်ကြကုန်သည်ရှိသော်၊ အရောဂါ- အနာကင်းကုန် သော၊ ဒီဃာယုကာ- ရှည်သောအသက် ရှိကုန်သော၊ အင်္ဂသမ္ပန္နာ- အင်္ဂါ ကြီးငယ်တို့နှင့် ပြည့်စုံကုန်သော၊ ဓနဝါ- ပေးကမ်း၍ မကုန် ဥစ္စာကုံလုံ ကြွယ်ဝကုန်သော၊ ဒက္ခာ- အရာရာ၌ လိမ္မာနပ်နောကုန်သော၊အနတိမာနိ- ဂုဏ်သီရိတို့နှင့် ပြည့်စုံငြားသော်လည်း မမော်မကြွား မရူး မမိုက်ရကုန်သော၊ မဟာပညာ- ကြီးကျယ်မြင့်မြတ် နက်နဲလတ်စွာ ဉာဏ်ပညာဖြင့် ပြည့်စုံကုန်သော၊ သပ္ပုရိသာ- သူတော်ကောင်းဥစ္စာ ပြည့်စုံစွာတောင်း လူသူတော်ကောင်း၊ နတ်သူတော်ကောင်းတို့သည်၊ ဘဝါမ- ဘဝဆက်တိုင်း မဆိုင်းမှန်စွာ ဖြစ်ရပါလိုကုန်၏ အရှင်ဘုရား။ ဣမံ ပုညဘာဂံ- ဤကောင်းမှု၏ အဖို့ကို၊ မာတာပိတုနဉ္စ- မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးရှိတင် မိခင် ဖခင်တို့အား လည်းကောင်း၊ အာစရိယာနဉ္စ- တ-န ပဲ့ပြင် သွန်သင်ပေတတ် ကျေးဇူးရှင် ဆရာမြတ်တို့အား လည်းကောင်း၊ ဉာတကာနဉ္စ- အဆွေအမျိုး တို့အား လည်းကောင်း၊ ဘာဇေမ- အမျှရစေ ပေးဝေပါကုန်၊ ယမရာဇဿ စ- ငရဲသေဌ်နင်း ယမမင်းအား လည်းကောင်း၊ ဒေဝတာနဉ္စ- ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ရပ်ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ ကျောင်းစောင့်နတ်၊ သာသနာတော် စောင့်နတ်၊ လောကပါလနတ် အစရှိသော နတ်အပေါင်း တို့အားလည်းကောင်း၊ ဘာဇေမ- အမျှရစေ ပေးဝေပါကုန်၏၊ သေသာနံ- ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော၊ ဧကတ္တိံသ ဘဝေ- သုံးဆယ့်တစ်ဘုံ၌၊ သံသရန္တာနံ- ကျင်လည်ကြကုန်သော၊ သဗ္ဗာသတ္တာနဉ္စ- ခပ်သိမ်းကုန်သော သတ္တဝါ အပေါင်းတို့အား လည်းကောင်း၊ ဘာဇေမ- အမျှရစေ ပေးဝေ ပါကုန်၏၊ အမှေဟိ- အကျွန်ုပ်တို့နှင့်၊ သမံ- အတူအမျှ၊ ဘာဂံ- ကုသိုလ် အဖို့ကို၊ လဘန္တု- ရကြသည် ဖြစ်ပါစေကုန်သတည်း။ အမှေဟိ- ကောင်းမှု သွန်မြုပ် အကျွန်ုပ်တို ့သည်၊ သစေပမတ္တောပိ- ကာလရှည်လျား အကယ်၍ မေ့လျော့ငြားသော်လည်း၊ အယံမဟီ-နှစ်သိန်းလေးသောင်း အတုဆောင်ပေ ဤ မဟီမြေသည်၊ သက္ခိဌာနေ- ထင်ရှားမသွေ သက်သေအရာ၌၊ ဋ္ဌာတု-ဧယင်ပုခက် အိုးထိန်းစက်သို့ သွက်သွက်လှုပ်ကာ တည်တံ့ပါစေသတည်း။

ကြယ်ကလေး ( အိုင်ကြီး )
ကြယ်ကလေး ( အိုင်ကြီး )
Open In TikTok:
Region: MM
Thursday 02 July 2026 04:08:04 GMT
8014
774
15
49

Music

Download

Comments

nine06413
nine :
တ.နပဲ့ပြင်မှာ တနဲ့န အဓိပ္ပါယ်ကို သိချင်ပါတယ်
2026-07-02 13:33:04
0
oo.hla.moe64
Oo Hla Moe :
အမြဲတင်ပေးပါ
2026-07-02 13:33:03
0
oo.khusala
ဦးကုသလ :
🙏🙏🙏
2026-07-02 05:11:41
1
u.sati.la0
U sati La :
🙏🙏🙏
2026-07-02 05:19:58
1
u.yay.wara
U Yay Wara :
🥰🥰🥰
2026-07-02 11:38:58
1
kosoe.minnaing3
KoSoe MinNaing :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-02 13:25:20
1
winzawoo1182
ဦးဦး :
🥰🥰🥰
2026-07-02 14:07:59
0
ukyawmoetint
U Kyaw Moe Tint :
🙏🙏🙏
2026-07-02 13:43:42
0
hoponethar475
🐮 Kĥúń Kýąw Ńýł 🐮📷 :
🥰🥰🥰🥰🥰🥰
2026-07-02 14:12:43
0
soeaung0760
SoeAung :
🙏🙏🙏
2026-07-02 13:40:22
0
user35841200620901
ကိုညိမ်းချမ်း :
🙏🙏🙏🙏🙏🙏🙏
2026-07-02 15:39:51
0
phyoe.thar28
Phyoe Thar :
🙏🙏🙏
2026-07-02 12:20:48
1
ashinzanakau12
အရှင်ဇနက :
👍👍👍
2026-07-02 08:02:18
0
chitlumakelay5882
ချစ်လူမိုက်ကလေးမဟုတ်ရပါ5882 :
🥰🥰🥰
2026-07-02 12:37:13
2
To see more videos from user @cuckoo2114, please go to the Tikwm homepage.

Other Videos


About