@cho.aye.728: 🚩အရမ်းကြိုက်လို့ ဖတ်ကြည့်စေချင်တယ်....🚩 ➖➖➖➖➖➖➖➖➖➖➖➖➖➖ ♦️🔹သူ့နေရာနဲ့သူ🔹♦️ __________________________________ 💵ငွေဆိုတာ ……… သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့် မသုံးတတ်ရင် ငွေက ကိုယ့်ကို ပြန်နှိပ်စက် ဘဝပါပျက်တယ် ။ 🔹အပျော်ဆိုတာ ……… ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင် စိတ်ကို ကြည်လင်လန်းဆန်းပေမယ့် အတိုင်းအတာ တစ်ခုထက် အပျော်ကြူးရင်း နာမည်ပါပျက် ဘဝပါပျက်တယ် ။ 😊အပြုံးဆိုတာ …… ပြုံးတာနှစ်လို့ဖွယ် ကောင်းပေမယ့် သူတစ်ပါး ဝမ်းနည်းနေချိန် ဒုက္ခရောက်နေချိန် ပြုံးမိရင် အမုန်းခံ အထင်လွဲခံရတယ် ။ 😡နာကျည်းတယ်ဆိုတာ …… နာကျည်းတာကြောင့် မခံချင်စိတ်နဲ့ ကြိုးစားအလုပ် လုပ်ရင် ဘဝအောင်မြင်မှုတွေ ရရှိပေမယ့် နာကျည်းတဲ့အတွက်ကြောင့် ဂလဲ့စားချေတဲ့ စိတ်ထားရင်း ပူလောင်ရတယ် ။ ♦️လုပ်ငန်းဆိုတာ …… မိမိဘာ့ကြောင့် မအောင်မြင်ရတာလဲဆိုတာ အဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်း ကံကြမ္မာ အပြစ်ပုံချရင် အကျင့်ပါသွားတတ်တယ် ။ ကံပေးပေမယ့် ဉာဏ်မပါရင် ချမ်းသာဖို့ နည်းပါတယ် ။ 🔹ပေးကမ်းတယ်ဆိုတာ ……… စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ် အပေးမတတ်ရင် မိမိကွယ်ရာမှာ မိမိက ငပေါကြီးလိုလို အမြှောက်ကြိုက်ကြီးလိုလို ဖြစ်တတ်တယ် ။ 🔸သည်းခံတယ်ဆိုတာ ……… အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။ မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကို ပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့ လိုတယ် ။ 🔹လဲကျတယ်ဆိုတာ ……… စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင် အရာအားလုံးဆုံးရှုံးရတယ် ။ ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့ လိုတယ် ။ ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။ သင့်ရဲ့ ဖူးစားအစစ်အမှန် မဟုတ်သေးလို့ပါပဲ ။ လုပ်ငန်းမှာ အတိုက်အခံရှိနေလို့ စိတ်ဆိုး ဒေါသထွက်မနေပါနဲ့ ။ သင်ကြိုးစားချင်အောင် အမြင့်ဆုံး တွန်းပိုးတဲ့သူလို့ မှတ်ယူလိုက်ပါ ။ တချို့ အတိုက်အခံတွေကြောင့် သင်ပိုကြိုးစားဖြစ်တယ် ။ လူရယ်လို့ ဖြစ်လာရင် ဘယ်အရာမှ အရှုံးမပေးပါနဲ့ ။ ကြိုးစားရင် အမြတ်ပါပဲရှင် ။ #ဘဝစာပေ📚🌱

C & A  🌿
C & A 🌿
Open In TikTok:
Region: MM
Thursday 02 July 2026 04:24:26 GMT
55548
6243
105
579

Music

Download

Comments

ashin.obha.sa
Ashin Obha Sa(မောင်သြ)☑️🇲🇲📕 :
ပြန်တင်ပါရစေ😊
2026-07-05 04:27:50
2
khun.tee.khai
Khun tee khai :
စာသားလေးချပေးပါလား🥰
2026-07-09 15:35:11
2
sky543554
Sky :
ကြိုက်ပါတယများများတင်ပေးပါစာဖတ်ဝါသနာပါလို့ပါ
2026-07-13 11:22:24
2
user22109363855447
Ko Kyaw :
ပြန်တင်ခွင့်ပြုပါ🙏
2026-08-03 04:58:08
1
lynnkyaw158365
ROCK LYNN (တိုက်ကြက်ဝါသနာရှင်) :
copy ချပေးလို့ ကျေးဇူးတင်ပါသည်🙏 ပြန်တင်ခွင့်ပြုပါ🙏😁
2026-07-10 14:14:52
1
user059889442
ko ko :
အမှန်ပဲ🥰🥰🥰
2026-07-03 05:10:44
4
alanwalker.alanwalker
Alan Walker :
ကျေးဇူးပါစာလေးဖက်ရတာအကျိုးရှိပါတယ် များများတင်ပေးပါ🥰🥰🥰🥰🥰🥰
2026-07-03 12:14:29
2
zawzaw4559703222971
အနန်တောအနန်ဒငါးပါးကိုဦထိပ်ထာလျ :
copyယူခွင်ပေးပါ
2026-07-24 06:40:59
1
khink476
🌷 Khin💞 :
👍👍
2026-07-26 02:35:05
1
jewel264713
Jewel🍒 :
အားအင်ဖြစ်ရပါတယ်ရှင့်၊ကျေးဇူးပါရှင့်
2026-07-12 03:45:28
1
uzaw.oo94
Uzaw Oo :
ပြန်တင်ခွင့်ပြုပါ
2026-07-08 03:07:02
1
eieikhin9.9
Ei Ei :
စာလေးကအကျိုးရှိလို့ပြန်လည်မျှဝေခွင့်ပြုပါရှင်🥰🥰🥰
2026-07-19 14:11:54
1
phyu.ya.min8
phyu ya min :
မှန်လိုက်တဲ့စာသားလေးနော်🥰🥰🥰
2026-07-24 05:52:17
1
nwe.ni0162
Wai...Lin..☺ :
ပြန်တင်ခွင့်ပြုပါ 🙏
2026-07-04 11:54:51
2
hein.thurain.soe1
mg hein :
🥰ကောင်းလွန်းလို့ မှတ်ထားပါတယ်🥰
2026-07-20 02:07:26
1
saw.lin.htwe02
Saw Lin Htwe :
ကောင်းတယ်ဗျာ
2026-08-05 12:04:01
1
veheh592
S#Y#M#papa👑 :
ကောင်လိုက်တဲစာသားလေတွေပါအခုခေတ်လူငယ်တွေကိုများများဖတ်စေခြင်တယ်
2026-08-12 16:54:33
1
thu..lay21
ရခိုင်ကြီးကွက်သစ် သူလေးပါရှင့် :
ကောင်းလိုက်တယ်စာသားလေဗျာ
2026-07-10 12:08:53
1
zaw36079
zaw :
ကြုိက်တယ်
2026-07-30 09:57:55
1
way295810
🌱Way Tun 🥚🧑🏻‍🍳🍳🥬 :
စာသားလေး တန်းဖိုးရှိလိုက်တာ် စာဖတ်ရတာတန်ပါတယ် ကျေးဇူးပါ🙏🙏🙏🥰🥰🥰🥰
2026-08-17 07:37:38
1
komi2k0
Komi :
စာသားလေးသိမ့်ကြိုက်တယ်
2026-08-13 07:50:09
1
saisarhtun
Sai Sar Htun :
သဘောကျ
2026-08-13 07:53:07
1
mathazin313
💚💚Moelay💚💚 :
goog
2026-08-01 15:16:16
1
viewmobile495
Ko Moe :
👌👌
2026-07-06 01:22:41
1
To see more videos from user @cho.aye.728, please go to the Tikwm homepage.

Other Videos


About