@leo652815: “ ချစ်ရပါသောကျွန်မရဲ့ကျူတာ ” My Tutor, My Love (2026) ဒီဇာတ်လမ်းလေးမှာတော့ အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။ ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ Ash Channel မှာပဲဆက်ကြည့်လိုက်ရအောင်..... (ဇာတ်လမ်းအကျဉ်းကို Zaphira မှရေးသားပေးထားပါတယ် ) Subtitle By - Ash Team Encode By - K Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။ #ထိုင်းဇာတ်လမ်းတွဲ #fyppppppppppppppppppppppp #contenido #trendingvideo #myanmartiktok🇲🇲🇲🇲2022 @Zi No @One Time 🍁🍁 @吴良成တရုတ်လေးအောင်အောင်
Leo
Region: MM
Thursday 02 July 2026 06:47:19 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @leo652815, please go to the Tikwm
homepage.