@ashinkuthala47: လ-အက္ခရာယမက+လှူအစချီ စကြာရဟတ်၊စကြာထပ် သတ္တရတနာပိုဒ်လွန်ရတု#အလှူတော်မင်္ဂလာရတု (၁)လှူတော်မင်္ဂလာ---လှူဒါန်းခါတည့်---- လှူမှာစည်ကား၊လှူဖွယ်များ၍၊လှူငြားပြသ၊လှူဒါနုမော်--- လှူသာဓုခေါ်သည်---လှူတော်မင်္ဂလာပွဲခြိမ့်ခြိမ့်သဲ အောင်မြဲ ပိုင်မြဲနိုင်စေသောဝ်---(ပ-စည်တော်သံတီး+ပြော) (ဧကပိုဒ်ရတုဆိုသလိုမဆိုရ-မဟာဂီတခုနစ်သံလည်းကြိုးသီချင်းကဲ့သို့သီဆိုတီးခတ်ရမည်,) (၂)လှူတော်မဟာ---လှူများစွာတည့်---လှူဒါနရှိ၊လှူသပ္ပုရိသ လှူကြရှေးရိုး၊လှူသုံးမျိုးတွင်-လှူကျိုးယှဉ်သည်-+++ လှူလျှင်မြတ်စွ ဒါနထွေထွေသိစေသောဝ်--(ဒုစည်တော်သံတီး)* (၃)လှူရတနာ-လှူရာဟီန၊လှူမဇ္ဈိမ၊လှူပဏီတ၊လှူဒါနမျိုး လှူကြကြိုးစား၊လှူကျိုးများသည်,-++ လှူငြားချမ်းသာဝမ်းသာပီတိ ဖြစ်စေသောဝ်--+ (တ-စည်တော်သံတီးစကားနဲနဲပြော) ယခုသတ္တရတနာပိုဒ်လွန်ရတုကိုစည်တော်ဖြင့်သီဆိုတီးခတ်ရန်စီစဉ်နေဆဲပါ။စိန်စတင်း၏စည်တော်သံတီးနည်း၊စိန်ကုလား၏နည်း၊ရွှေဘိုစည်တော်သံတီးနည်း၊မန္တလေးစည်တော်သံတီးနည်း၊ခေတ်သစ်စိန်အဖွဲ့၏စည်တော်သီတီးနည်းများကိုနမူနာယူ၍ စည်တော်သံကောင်းကောင်း ဖြစ်အောင်စီစဉ်နေပါသည်။ ရွှေတိဂုံေစတီေတာ်ဗုဒ္ဓပူဇာ နဝဘာအင်းပိုဒ်လွန်ရတုကို သီဆိုတီးခတ်စဉ်အခါက နဲ+သီဆိုတီးခတ်သူတို့အလွန်ကောင်းသော်လည်း-မောင်းသံ +ကြေးစည်သံ+စည်တော်ထုသံမပါဝင် ခဲ့ပါ၊ရတုစည်တော်သံ-အသံသွင်းစဉ်အခါက -- မောင်းသံ၊ကြေးစည်သံ+ခေါင်းလောင်းသံ+စည်တော်ကြီးအစစ်ကိုထုသည့်အသံ+အသံမျိုးစုံကိုထည့်ပြီး သီဆိုတီးခတ်ကြဖို့ရန်မှာကြား-လမ်းညွှန်ခဲ့ပါသည်။ VD-ရိုက်ကူးမည်ဆိုတော့လည်း ရွှေတိဂုံစေတီတော်အစစ်ပုံတော်ကိုထည့်ပေးဖို့၊နောက်ခံရွှေတိဂုံစေတီတော်မြင်ကွင်းထည့် ပြီးယောဂီဝတ်ဖြင့်စောင်းလေးပိုက်ကာ ရွှေတိဂုံစေတီတော်ကြီးကို တီးခတ်ပူဇော်နေသည့်ဟန်ကိုရိုက်ကူးဖို့ပြောကြား လမ်းညွှန်မှုပေးခဲ့သော်လည်း စကားနားမထောင်ခဲ့ပါ။ ရွှေတိဂုံစေတီဓာတ်ပုံကားလေးကိုအဖြစ်ခဏသာရိုက်ကူးပြသခဲ့ပါသည်၊ရွှေတိဂုံစေတီတော်ဗုဒ္ဓပူဇာနဝဘာအင်းရတုပိုဒ်လွန်ရတုကိုသီဆိုတီးခတ်ပူဇော် ရိုက်ကူးရာမှာ-ရွှေတိဂုံစေတီတော်ကို မဖူးမြော်ရဘဲ မဖူးမြင်ရဘဲ ဖြစ်ေနသည်ကိုတွေ့ရမြင်ရ၍ စိတ်ထဲအလွန်ဝမ်းနည်းမိပါ၏။ထပ်မံသီဆိုတီးခတ်၍ ရန်ကုန်ရွှေတိဂုံစေတီတော်သို့ကိုယ်တိုင်သွားရောက်ဖူးမြော်ပြီး VD.ရိုက်ကူးပါမည် ယခုသီဆိုတီးခတ်သောအလှူတော်မင်္ဂလာရတုကို စည်တော်သံတီးနည်း(၇)မျိုး+သံစဉ်(၇)မျိုး+(၇)ကြိမ် သီဆိုတီးခတ်ရာမှာ၊မောင်းသံအမျိုးမျိုး-+ခေါင်းလောင်းသံ ကြေးစည်သံ မင်္ဂလာစည်သံ ဆည်းလည်းသံမျိုးစုံတို့ကို ထည့်ပြီးသီဆိုတီးခတ်ပေးဖို့ညွှန်ကြားထားပါသည်။ နှဲလည်း နှဲကြီး+နှဲလေးထည့်ပေးဖို့၊နှဲ(၁)လက်နှင့်အားမရ၍ နှဲ(၂)လက်ထည့်ဖို့ပြောထားပါသည်။စည်တော်သံ(၇)မျိုးကို တီးမှုတ်ရမှာဆိုတော့ နှဲသမားမသက်သာဘူး။အလွန်ပင်ပန်းပါသည်၊နဲသမားတွေအကြောက်ဆုံးက စည်တော်သံဟု ကြားဖူးပါ၏။အကောင်းဆုံးရတုစည်တော်သံမျိုးဖြစ်အောင် စီစဉ်နေပါသည်။ ကျန်းမာချမ်းသာ-ဘေးရန်ကွာ-လိုရာဆန္ဒပြည့်ဝကြပါစေ
Ashinkuthala
Region: MM
Thursday 02 July 2026 07:29:41 GMT
Music
Download
Comments
AUNG GYI :
စာအုပ်ထွက်လျှင်ဝယ်ချင်ပါသည်၊မန္တလေးကပါခင်ဗျ၊ဘယ်မှာဝယ်ရ၊သိပါရစေခင်ဗျာ။
2026-07-03 03:50:58
1
Shwe Myanmar :
အဲစာအုပ်ရနိုင်မလားပြန်ဖြေပေးပါ
2026-07-02 16:31:20
2
ညောင်ပင်ကြီး ဆရာတော် :
ဝါသနာပါတယ် သာဓုပါဘုရား
2026-07-03 06:26:16
0
u lay gyi :
သာဒုသာဒု
2026-07-02 15:47:43
1
Ashinkuthala :
လှူငြားပြုကြ၊လှူဒါနုမော်ဟုပြင်ဖတ်ရန်၊ကျေးဇူးပါ
2026-07-02 07:35:44
1
Mg Zaw :
2026-07-02 11:11:29
1
friand :
မလေးရှားကပါ မြန်မာပြေကြီးလွမ်လိုက်တာ
2026-07-02 17:38:19
2
sawkyibann :
🙏🙏🙏🙏🙏
2026-07-02 10:48:05
1
khin :
ကောင်းမြတ်ပါ၏ဘုရား🙏
2026-07-02 08:13:35
1
Ko Win :
ကျက်သရေ ရှိလိုက်တာ🥰
2026-07-02 11:38:43
1
friand :
ကောင်းလိုက်တာ ကျေးဇူးပါ
2026-07-02 17:35:22
1
Ashinkuthala :
ကိုကျော်ကျော်ဟန်ထက် ခေတ်သစ်စိန်၏
ည်တော်သံဆိုဟန်ကိုပို၍ပို၍သဘောကျပါ၏
2026-07-02 07:49:06
0
Ashinkuthala :
Merci beaucoup.Tresbien.ကျေးဇူးအထူးတင်ပါ၏
2026-07-02 15:07:36
0
Ashinkuthala :
မကြာမီအလှူစည်တော်သံကိုတင်ပြပေးပါမည်
အားပေးဖတ်ရှုသူများကျန်းမာချမ်းသာကြပါစေ
2026-07-02 14:45:33
0
Ashinkuthala :
(၅)ပေါက်သံမောင်း၊ရေကင်းသံ၊တိုက်မောင်းသံတီးရန် ၊စည်ကြီးအစစ်သံထည့်တီး
2026-07-02 07:37:35
1
Sayar Taw U Yayhtar :
စာအုပ်ထွက်ရင် ၀၉၅၁၅၆၉၄၉သို့ဆက် ပေးပါဒါနပြုဖို့ဖြန့်ေ၀ပေးဖို့ပါ
2026-07-03 07:11:48
0
Kyaw Zin Win :
🥰🥰🥰
2026-07-03 02:30:14
1
မိုက်ကယ်တင် :
💕💕💕💕💕💕💕
2026-07-03 00:22:52
1
Thein Zaw :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-02 18:14:32
1
DawThanWin :
🥰🥰🥰
2026-07-03 01:26:50
0
Ko Min Min :
👍👍👍
2026-07-03 03:08:04
1
Phyu Zin :
🥰🥰🥰
2026-07-02 11:28:58
1
myanmar :
❤️❤️❤️❤️❤️❤️
2026-07-02 14:55:37
1
To see more videos from user @ashinkuthala47, please go to the Tikwm
homepage.