@burmeseculture4: စိုင်းထီးဆိုင်သည် မြန်မာပြည်တွင် ကျော်ကြားသော ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် ရှမ်းဘာသာဖြင့် သီဆိုသော တေးစု ၃ - ၄ ခု ခန့် နှင့် ဗမာဘာသာဖြင့်သီဆိုသော တေးစု တစ်ရာခန့် ထွက်ရှိခဲ့သည်။ သူသည် ကန်ထရီးဂီတကိုသာ အထူးအသားပေး ရေးသားခဲ့လေသည်။ စိုင်းထီးဆိုင်နှင့်အတူ တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နှင့် သဘာဝရင်သွေးငယ် The Wild Ones တေးဂီတအဖွဲ့သည်လည်း မန္တလေးအခြေပြုပြီး နိုင်ငံကျော်ဖြစ်ခဲ့သည်။ စိုင်းထီးဆိုင်ကို အဖဦးနန္ဒာ၊ အမိ နန်းအိန်တို့မှ (၁၉၅၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာသက္ကရာဇ် (၁၃၁၂) ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် ဖွားမြင်ခဲ့သည်။ မောင်နှမသားချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံးဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး (ခ) ယိင်းနှင့် ညီစိုင်းအောင်ထီးခမ်းတို့ ဖြစ်သည်။ စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို အိုက်တူးဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသား အရွယ် အမည်မှည့်ချိန်တွင် စိုင်းတင်ဦး ဟုမှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် ရှင်ဓမ္မရက ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။ ပညာရေး နှင့် ဂီတဘဝ အစ အသက် ၅ နှစ်ကျော်အရွယ်၌ လင်ခေးရှိ အလယ်တန်းကျောင်းတွင် တက်သော်လည်း စာသင်နှစ်မပြီးခင် အချိန်မှာပဲ လင်းခေး ကျောင်းမှ ထွက်ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ စိုင်းတင်ဦးသည် ယင်းကျောင်းတွင် စစ္စတာပီးယား လက်ဆောင်ပေးသော နိုင်လွန်ကြိုး လေးချောင်းတပ်၊ ယူကလီးလီး တူရိယာကို တီးခွင့်ရခဲ့ပြီး အဆို၊ အတီးပညာနှင့် စတင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ စတုတ္ထတန်းအောင်၍ ပဉ္စမတန်းသို့ ရောက်သောအခါ တောင်ကြီး Christian High School တွင် ပြောင်းတက်ခဲ့သည်။ ယင်း ကျောင်းတွင် ဂစ်တာ သေသေချာချာ တီးတတ်အောင် သင်ပြပေးခဲ့သော သူငယ်ချင်း မောင်မောင်နှင့်တွေ့ဆုံပြီး တောင်ကြီး ယဉ်ကျေးမှုတီးဝိုင်းတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ကိုးတန်းနှစ်တွင် စာမေးပွဲကျသဖြင့် ဖခင်ဖြစ်သူက တောင်ကြီးတွင် မထားတော့ဘဲ လွယ်လင်တွင် ကျောင်းပြန်နေစေသည်။ ကိုးတန်းအောင်မှ တောင်ကြီးတွင် ပြန်နေခွင့်ပေးမည်ဟု ဆိုခဲ့သည်။ သို့သော် တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့သို့ ရှမ်းဘာသာဖြင့် အသံလွှင့်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှ စာမေးပွဲဖြေဖို့ ဖောင်တင်ရက် နောက်ကျသွားခဲ့ရသည်။ ထို့ကြောင့် ဖခင်ဖြစ်သူကလည်း လင်ခေးမှာပဲ ဆယ်တန်းဖြေဖို့ ပြောခဲ့ရာ လင်းခေး ပြန်ရောက်လာခဲ့သည်။ စာမေးပွဲဖြေဆိုပြီးသောနေ့မှာ စိုင်းထီးဆိုင်အပါအဝင်ဖြစ်သော လင်ခေးဘောလုံးအဖွဲ့သားတွေ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲကြည့်ဖို့ ရန်ကုန်သွားကြသည်။ အားကစားပွဲကြည့်ရင်း သူငယ်ချင်း စိုးစိုးမြင့်နှင့် တွေ့ရသည်။ စိုးစိုးမြင့်မှ မြန်မာ့အသံ ရှမ်းအစီအစဉ်မှာ သီချင်းတွေအသံသွင်းဖို့ရှိတယ်။ ဒီရက်အတွင်း အသံသွင်းမယ်ဆိုရင် ဖြစ်မလားလို့ မေးလာခဲ့သည်။ စိုင်းထီးဆိုင်အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသွားခြင်းပင်ဖြစ်သည်။ ယင်းတွင်မှ “အဝေးကချစ်သူ”၊ “လှေငယ်ရှင်ဆုတောင်း”၊ “အကျည်းတန်ချစ်သူ”၊ “ကိုယ်သဘော ကျသူလေး”၊ “ပန်းချယ်ရီ” စသည့် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် ရှမ်းသီချင်းငါးပုဒ် အသံသွင်းဖြစ်ခဲ့သည်။ ယင်းသီချင်းများသည်လည်း လူကြိုက်များပြီး ဓာတ်ပြားရကာ အမြဲတမ်း အသံလွှင့်ပေးဖို့ ဖြစ်လာခဲ့သည်။ မန်းတက္ကသိုလ်ကျောင်းသားစိုင်းထီးဆိုင် ဆယ်တန်း အောင်သောအခါ စိတ်ပညာမေဂျာဖြင့် မန္တလေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့သည်။ ဤတွင် စိုင်းခမ်းလိတ်နှင့် ပြန်တွေ့ဖြစ်သည်။ စိုင်းခမ်းလိတ်မှ စိုင်းထီးဆိုင်ကို သီချင်းဝါသနာပါသောကြောင့်သာမက ညီဖြစ်သူစိုင်းခမ်းသီ၏ သူငယ်ချင်းအဖြစ်လည်း သံယောဇဉ်ရှိသူဖြစ်သည်။ မန္တလေး ရောက်တော့ ဂီတမိတ်ဆွေများ တိုးပွားလာခဲ့ရာ တေးရေးဆရာကိုနေဝင်း အပါအဝင်ဖြစ်ပေသည်။ ကိုနေဝင်း၏ “မောင့်လပြည့်ဝန်း”သီချင်းမှာလည်း မကြာခဏကြားကြားနေ၍ရနေခဲ့ရာ ညဘက်အရှေ့ဆောင်မှာအမြဲလိုလိုသီချင်းဆိုဖြစ်ခဲ့သည်။ ယင်းနောက်(၁၉၇၃)ခုနှစ်ခန့်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်နှင့် စောသိမ်းဝင်းတို့ ပါဝင်သော The Out-siders တီးဝိုင်းဖွဲ့ခဲ့သည်။ မန္တလေးတက္ကသိုလ်နယ်မြေတွင် The Outsiders အဖွဲ့၏သီဆိုတီးခတ်မှုများ လူသိများလာခဲ့သည်#စိုင်းထီးဆိုင် #burmesehistory #fypシ
burmeseculture4
Region: MM
Thursday 02 July 2026 08:45:23 GMT
Music
Download
Comments
Red-men :
ဦးထီးရဲ့....တေးပေါင်းချုပ်ထဲမှာဆို
သီးချင်းအပုဒ်ရေပေါင်း (500)
လောက်ရှိတာပါ တကယ်ကို
"ပါရမီရှင်" ဆိုတဲ့သီချင်းနဲ့
တကယ့်ကို ပါရမီရှင်ပါပဲဗျာ....
2026-07-23 09:10:45
2
UMW watch :
အပုဒ် ၁၀၀ကျော်မက ပါဘူး
ကိုထီးသီချင်းတွေက
2026-07-04 20:08:13
6
Nan Aye Swe :
သူ့သီချင်းကမပျောက်ပျက်ပါဘူး
ဘယ်အခါနားဆင်လည်းကြိုက်ဆဲပါ😌😌😌❤️❤️❤️
2026-07-02 10:09:06
7
kmh :
ခုသီချင်းနာမည်ကဘာလဲ
2026-07-25 05:16:46
1
Hein :
သီချင်းအမည်သိပရစေဗျာ
2026-07-26 15:02:39
0
ဦးမြင့်သန်း :
❤️🤩
2026-07-29 06:33:42
1
user2144908004581 :
အရမ်းကြိုက်အရမ်းကောင်းတယ်. ယနေ့အထိ မရိုးနိုင်ဘူး နားထောင်လေ အဓိပ္ပါယ်ရှိလေပါ ကိုထီး..
2026-07-29 13:24:44
0
soe phone myint :
အားလုံးကိုပျော်စေချင်ခဲ့သူ
2026-07-06 09:12:33
2
U Soe win6767 :
@ကိုထီးကနေပူပစေမိုးရာွပစေအေးပစေကောင်းနေဆွဲ
2026-07-27 16:50:08
0
Than Yee :
ကိုထီးရဲ့သီးချင်းလေးတွေအရမ်းကောင်းပါတယ်🥰🥰🥰
2026-07-25 02:17:29
0
useinaung81 :
ကိုထီရေညီမလေးနဲ့ကျွန်တောဘဝနဲ့ဘာမှမဆိုင်ဘူးဆိုတာနားလည်ပါတယ်
2026-07-26 01:48:37
0
utun aung :
အရမ်းကြိုက်
2026-07-26 15:53:55
0
Min Min :
အစဆုံးတင်ပေးပါနော့
2026-07-03 13:06:54
0
Hein :
လေးစားရတဲ့ဆရာတွေပါဗျာ
2026-07-26 14:55:59
0
Phoo :
🥰🥰🥰🥰🥰🥰🥰🥰အားလုံးက ြကြ်
2026-07-20 06:37:45
0
Oae Wai :
၊
2026-07-20 07:55:52
0
ThanThan Myint :
🥰🥰
2026-07-23 14:19:28
0
အေးမင်း :
ကိုထီရယ်
2026-07-24 10:26:36
0
အပါယံလူသား :
ရာသီဥတုမရွေးဘူးဘယ်အချိန်ဘဲဖွင့်နေပါစေနားထောင်ကောင်းယုံပကဘူးအနစ်သာရနဲပြီးပြည့်စုံပါတယ်အမြဲလေးစားပါတယ်လင်းခေးအိမ်တော့တခါရောက်ဖူးပါတယ်
2026-07-20 13:19:09
0
@khunkham :
👍👍👍
2026-07-08 06:15:58
0
To see more videos from user @burmeseculture4, please go to the Tikwm
homepage.