@chantharhtun.offical: Company မှာ Rule တွေများလာရင်... သတိထားပါ။ ဝန်ထမ်းတစ်ယောက် အမှားလုပ်တယ်... Rule အသစ်ထုတ်လိုက်တယ်။ နောက်တစ်ယောက် နောက်ကျတယ်... Rule ထပ်ထုတ်လိုက်တယ်။ တစ်ယောက်က Leave အလွဲသုံးစားလုပ်တယ်... Policy ထပ်တိုးလိုက်တယ်။ ဒီလိုနဲ့... Company ထဲမှာ Rule တွေက တစ်နေ့တခြား များလာတယ်။ ဒါပေမယ့်... Rule များတာနဲ့ စနစ်ကောင်းတာ မတူဘူး။ Rule တွေ များလာတာဟာ... တစ်ခါတလေ Management System အားနည်းနေတဲ့ လက္ခဏာ ဖြစ်နိုင်တယ်။ လူတစ်ယောက်ရဲ့ အမှားကို... လူအားလုံးအတွက် Rule အသစ်ထုတ်ပြီး ဖြေရှင်းနေမယ်ဆိုရင်... မကြာခင်... လုပ်ငန်းက နှေးလာမယ်။ ဝန်ထမ်းတွေ စိတ်ဖိစီးလာမယ်။ Initiative ယူဖို့ မရဲတော့ဘူး။ "Rule မချိုးမိဖို့" ပဲ စဉ်းစားပြီး... "Result ထွက်ဖို့" မစဉ်းစားတော့ဘူး။ တကယ့် Management က... Rule တွေ များများထုတ်တာ မဟုတ်ဘူး။ လူတွေ ဘာကြောင့် အဲဒီအမှားကို လုပ်နေရတာလဲဆိုတဲ့ Root Cause ကို ရှာတာပါ။ တချို့ပြဿနာတွေက... Policy မရှိလို့ မဟုတ်ဘူး။ Role မရှင်းလို့ Training မလုံလောက်လို့ Leader က Coaching မလုပ်လို့ Accountability မရှိလို့ ဖြစ်တာ ပိုများတယ်။ ကောင်းတဲ့ Company တွေက Rule နဲ့ မလည်ပတ်ဘူး။ ရှင်းလင်းတဲ့ System၊ ယုံကြည်မှုနဲ့ Accountability နဲ့ လည်ပတ်တယ်။ Owner တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတစ်ခု မေးကြည့်ပါ... "ငါတို့ Company မှာ Rule တွေ တိုးလာနေတာလား... ဒါမှမဟုတ် System က ပိုကောင်းလာနေတာလား?" သင့် Company မှာ Rule တွေ များလာနေတာလား? System ကျလာတာလားဆိုတာ ဆွေးနွေးပေးခဲ့ပါအုံး #workplaceculture #hrm #rule #system #chantharhtun
Chan Thar Htun
Region: MM
Thursday 02 July 2026 08:52:15 GMT
Music
Download
Comments
Zwe Naing Linn :
စာသားလေးပေးလို့ရမလားဗျ
2026-07-02 15:06:43
8
Han Min Wai :
အလုပ်ခွင်တခုမှာ Ruleတွေများလာတယ်ဆိုတာက Management လျှော့ရဲလာတာ..
နောက်တခုက
Leaderဖြစ်တဲ့သူက Rule နဲ့ Management ကို ကွဲကွဲပြားပြား မသိတာလည်း ဖြစ်နိုင်တယ်။
2026-07-05 01:58:39
24
PHU PHUNT PHYO :
သိပ်မှန်တဲ့ စကားပဲ ဒီလိုထိထိမိမိပြောချင်နေတာ 🤍🍀
"rule က ထိန်းတာမဟုတ်ဘူး system နဲ့ management ကသာ ကောင်းရင် လူတွေကို auto ထိန်းပြီးသားဖြစ်တယ်" လို့ မြင်တယ်
2026-07-04 00:22:53
27
Bubu dudu Forever :
ကိုယ်ဒေဆီမှာက Rules တွေများတယ် ပီးရင် ဘောနပ်နဲ့လစာကို့ထက်အများကြီးပေးထားတဲ့ကိုယ့်ထက်၅နှစ်လောက် စီနီယာ ကျတဲ့သူက စောက်သုံးမကျတာ အမှားလုပ်တာမျိုးဆိုရင်လဲ ရောပီးဆဲခံရသေးတာ သူဒီတစ်ခါဒါမျိုးမှားရင် ဘာလုပ်မှာညာလုပ်မှာဆိုတာကပါသေး😂 ရုံးတက်နောက်ကျရင် လစာထဲကဖြတ်တယ် ပုံမှန်ရုံးဆင်းချိန်ထက်နောက်ကျမှပြန်ရရင်တော့ OT ကြေးမရှိ😂
2026-07-26 15:24:00
1
SuperAK :
ကြုံဖူးတယ်ဗျာ မဆိုင်တဲ့ rule တွေကအစ ထုပ်တာ /ကိုယ်ပိုင် အချိနိတောင်မှ rule တွေနဲ့
2026-07-04 11:53:19
3
Susan :
တချိန်က ကြုံဘူးတယ် staff လေးရှိတာ 2-3 ယောက် rule တွေက များ လုပ်ငန်းခွင်က စိတ်ဖိစီးစရာ ကောင်းတဲ့ ရပ်ဝန်း ဖြစ်လာတယ် staff တွေရဲ့ effort တွေလဲ လျော့ရဲလာတယ် Result ထက် Rule မချိုးဖို့ပဲ တွေးလာတာ ဆိုတာ ဟုတ်တယ်
2026-07-05 00:37:50
4
Soe Htet :
များလိုက်တဲ့ rule
2026-07-04 06:09:53
2
Thaw Thaw :
Rule များတာနဲ့ စနစ်ကောင်းတာ မဟုတ်ဘူး
ကြိုက်လိုက်တာ
2026-07-05 00:56:02
2
Maung Htay Win :
right 👍
2026-07-02 14:24:58
0
nay nay aung :
Copy ယူခွင့်ပြုပါ
2026-07-03 17:19:56
1
𝐿𝓊𝓃𝓃𝒶 :
ဟုတ်တယ် အရင်က ရက်ပြတ်ခွင့်တိူင် ဆေးခွင့်ဆို day ကြေးရတယ် နောက်ပိုင်း ရက်ပြတ်ရင် ခွင့်တိုင်လဲ ဖြတ်တယ် စနေ တနဂ်နွေပြတ်ရင် 2ဆဖြတ်တယ်ခုကျတော့ဘယ်နေ့ပြတ်ပြတ် 2ဆဖြတ်မယ်တဲ့ ခွင့်တိုင်တိုင် မတိုင်တိုင် ကြားရက်ပြတ်လဲ 2ဆတဲ့
2026-07-14 16:08:24
0
D Noe Noe :
မှန်လိုက်တာခုလက်ရှိအလုပ်လည်းအဲ့လိုဖြစ်နေပါတယ်😍
2026-07-20 05:44:31
0
🌸 Tzl ☘️ :
ပြန်တင်ပါရစေရှင့်🥰
2026-07-20 13:24:21
0
Jimin’s Wife Amara :
Rule တွေပဲများလာတာပါ ပြောတာတွေအကုန်ကွက်တိမှန်တော့😂😂😂
2026-07-04 05:30:02
2
Tar lay :
ဆိုင်သူတွေ သိပါစေ
2026-07-03 07:16:30
0
softbone163 :
ဟုတ်တယ်
2026-07-02 15:42:28
1
Kyaw Linn :
ဖြစ်နိုင်သလောက် ဖြစ်နေတယ်
2026-07-04 13:31:01
1
htoon lay :
အမှန်ပဲ
2026-07-03 02:14:13
1
Si Thar Htun :
Right🤟
2026-07-06 15:23:44
0
EI EI PHYU :
တစ်ခုဖြစ် တစ်ခု အသစ်တိုး
2026-07-08 05:54:18
0
♌️ Leon (z-h-a) :
ကိုယ်တေမှာတော့ rules တေပဲတိုးတိုးလာတယ်🥴🥴🥴
2026-07-07 12:04:12
0
ha ha :
rule တေများနေတာ
2026-07-09 07:17:16
0
SUGAR DADDY ဦးအယ်သား :
ကူးယူခွင့်ပေးပါ
2026-07-10 14:23:05
0
S :
ruleများလွန်းလို့😂
2026-07-14 06:05:32
0
🌟✨It'sME✨🌟 :
Right
2026-07-02 14:57:46
0
To see more videos from user @chantharhtun.offical, please go to the Tikwm
homepage.