@zanes4813: "ဒီကျောင်းလေးက ငါ့ရဲ့ ငယ်ဘဝတစ်ခုလုံးကို သိမ်းထားတဲ့ နေရာလေးပဲ... 🤍 ဒီတံခါးကို နေ့တိုင်းဖြတ်ဝင်ခဲ့တဲ့ ခြေလှမ်းလေးတွေ၊ မနက်တိုင်း အလံတင်အခမ်းအနားမှာ ရပ်ခဲ့တဲ့အချိန်တွေ၊ စာမရလို့ ဆရာမဆူတာတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ရယ်မောခဲ့တဲ့နေ့တွေ... အခုတော့ အားလုံးဟာ အမှတ်တရတွေအဖြစ်ပဲ ကျန်ခဲ့ပြီ။ အဲဒီအချိန်တုန်းက 'မြန်မြန်ကြီးလာချင်တယ်' လို့ပဲ တွေးခဲ့တာ။ ဒါပေမယ့် အခုအရွယ်ရောက်လာတော့ အရမ်းပြန်သွားချင်မိတာက အဲဒီငယ်ဘဝလေးဆီကိုပဲ။ ဘာတာဝန်မှမရှိတဲ့ နေ့ရက်တွေ၊ ဘာစိုးရိမ်စရာမှမရှိတဲ့ အပြုံးတွေ၊ အတုမပါတဲ့ သူငယ်ချင်းသံယောဇဉ်တွေ... အဲဒီအရာတွေကို ငွေနဲ့လည်း ပြန်ဝယ်လို့မရတော့ဘူး။ အချိန်က ရှေ့ကိုပဲ သွားပေမယ့် နှလုံးသားထဲက ငယ်ဘဝကတော့ ဒီကျောင်းလေးနဲ့အတူ အမြဲရှင်သန်နေဦးမှာပါ။ 'ကျောင်းဟောင်းလေးက မပြောင်းလဲဘူး... ပြောင်းလဲသွားတာက အဲဒီကျောင်းမှာ ပြေးလွှားနေခဲ့တဲ့ ကလေးလေးပဲ။' 🍃🏫💚#ငယ်ဘဝကိုအမှတ်ရစေသောသီချင်းလေး #fypシ゚viral #foryou #ဒီတစ်ပုဒ်တော့viewလေးတော့တက်ပါကွာ

𝑩𝒂𝒃𝒚𝑩𝒐𝒐 🎀
𝑩𝒂𝒃𝒚𝑩𝒐𝒐 🎀
Open In TikTok:
Region: MM
Thursday 02 July 2026 11:16:06 GMT
178
20
3
1

Music

Download

Comments

chawmyintmatkyaw.h
👑C💞 :
အဲ့ကျောင်းက စီနီယာတွေချောတာလဲထည့်ပြောအုံးလေ🥰🥰🥰
2026-07-02 14:40:03
1
To see more videos from user @zanes4813, please go to the Tikwm homepage.

Other Videos


About