@user603359066816: (ရဟန်းတော်များ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် ၁၀ ယောက်) <><><><><><><><><><><><><><><> ၁။ မိမိအောက် (သိက္ခာငယ်) ဝါငယ်သော ရဟန်း၊ ၂။ လူ သာမဏေ၊ ၃။ နာနာသံဝါသက အဓမ္မဝါဒ (သီတင်းကြီး) ရဟန်း၊ ၄။ မာတုဂါမ၊ ၅။ ပဏ္ဍုက်၊ ၆။ ပရိဝါသ်ဆောက်တည် နေသော ရဟန်း၊ ၇။ အရင်းသို့ ငင်ထိုက်သော ရဟန်း၊ ၈။ မာနတ်ပေးထိုက်သော ရဟန်း၊ ၉။ မာနတ်ကျင့်ဆဲဖြစ်သော ရဟန်း၊ ၁၀။ အဗ္ဘာန်သွင်းထိုက်သော ရဟန်း။ ============================= ရှိခိုးထိုက်သောပုဂ္ဂိုလ် (၃)ယောက် ~~~~~~~~~~~~~~~~~~~~~ ၁ ။ နောက်မှပဉ္ဇင်းခံသောရဟန်း ။ ၂။ ရှေးဦးစွာပဉ္ဇင်းခံသောရဟန်း ။ ၃ ။ အသီးသီးသော ပေါင်းဖော်ခြင်းရှိသော ဓမ္မဝါဒီဖြစ်သော သီတင်းကြီးဖြစ်သော ဥက္ခိတ္တာနုဝတ္တကရဟန်း ။ (ဝိ၊၄။၃၁၂။) (ဝိ၊မြန်၊၄။၃၁၆။) စူဠဝါပါဠိတော်နိဿယ (ပ-အုပ်) သေနာသနက္ခန္ဓက၊ဒုတိယဘာဏဝါရ အဝန္ဒိယာဒိပုဂ္ဂလာ (နှာ / ၃၅၄-၃၅၅ ) ============================= " သံဃာတော်တို့ မိဘကို ရှိခိုးကောင်းပါသလား " °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° သံဃာတော်တို့ မရှိခိုးကောင်းသည့် " အဝန္ဒိယပုဂ္ဂိုလ် ( ၂၅ ) " ဦး ရဟန်းငယ်တစ်ပါး မေးလျှောက်ပါတယ် ဥူးဇင်းဘုရား တပည့်တော်က မကြာခင်ကမှ ဒုလ္လဘဝတ်ထားတဲ့ ရဟန်းတစ်ပါးပါဘုရား။ တပည့်တော်ကြားဖူးတာက မိဘဆိုတာ ဘုရားနဲ့တစ်ဂိုဏ်းထဲလို့ သိရပါတယ် ဘုရား တရား သံဃာ မိဘ ဆရာ ဆိုပြီး အလေးမြတ်ပြုစရာ အနန္တော အနန္တ ( ၅ ) ပါးထဲမှာလည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်ဘုရား။ တပည့်တော်သိလိုတာက ရဟန်းသံဃာတော်တွေ မိဘများကို ရှိခိုးကောင်းပါသလား ဘယ်ပုဂ္ဂိုလ်မျိုးကို ရဟန်းတော်များ ရှိခိုးကောင်းပါသလဲဘုရား………? ရဟန်းတော်တွေ ရှိခိုးကောင်းတဲ့ ပုဂ္ဂိုလ် ( ၃ ) ဦးရှိပါတယ် အဲဒီ ( ၃ ) ဦးကတော့။ ၁။ မြတ်စွာဘုရား ၂။ မိမိထက် သိက္ခာဝါတော်ကြီးတော်မူသောရဟန်း ၃။ မိမိနှင့် မတည့်သော်လည်း ဓမ္မဝါဒီဖြစ်သည့် သိက္ခာဝါတော် ကြီးတော်မူသောရဟန်း { ဘုရားရှင်၏ အယူဝါဒနှင့် ဆန့်ကျင်သည့် အဓမ္မဝါဒီတို့ကို မိမိထက် သိက္ခာဝါတော် ကြီးသော်လည်း ရှိမခိုးကောင်းပါ } ဒီသုံးဦးကိုသာ သံဃာတော်များ အနေနဲ့ ရှိခိုးကောင်းပါသည် ရှိခိုးထိုက်ပါသည်။ ရဟန်းသံဃာတော်တွေ ရှိမခိုးကောင်းတဲ့ အဝန္ဒိယပုဂ္ဂိုလ် ၂၅ ဦးကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ ၁။ မြို့ထဲ ရွာထဲ ဝင်နေသောရဟန်း ၂။ လမ်းမှာရောက်နေသော ရဟန်း ၃။ အမှောင်ထဲတွင် ရောက်နေသော ရဟန်း ၄။ ရှိခိုးနေသည်ကို မြင်လျှင်အလေးမပြု ဂရုမစိုက်သောရဟန်း ၅။ အိပ်ပျော်နေသောရဟန်း ၆။ ယာဂုသောက်နေရာတွင် ရောက်နေသောရဟန်း ၇။ ဆွမ်းယူရာနေရာတွင် ရောက်နေသောရဟန်း ၈။ တဖက်ရန်သူရှိရာကို သွားနေသောရဟန်း ၉။ အာရုံတစ်ပါး စိတ်ရောက်နေသောရဟန်း ၁၀။ အဝတ်ဗလာ ကိုယ်တုံးလုံးဖြစ်နေသောရဟန်း ၁၁။ အချိုပွဲစသည့် ခဲဖွယ်ကို ဘုဉ်းပေးနေသောရဟန်း ၁၂။ ဆွမ်းဘောစဉ်ကို ဘုန်းပေးနေသောရဟန်း ၁၃။ ကျင်ကြီးစွန့် { ကုဋိတက် } နေသောရဟန်း ၁၄။ ကျင်ငယ်စွန့်နေသော ရဟန်း ၁၅။ သံဃာ့ဘောင်မှ နှင်ထုပ်ထားသည့် ဥက္ခိတ္တက ရဟန်း ၁၆။ မိမိထက် သိက္ခာဝါတော်ငယ်သည့် သီတင်းငယ်ရဟန်း ၁၇။ လူ သာမဏေ ၁၈။ အဓမ္မဝါဒီဖြစ်နေသည့်ရဟန်း { အဓမ္မဝါဒီရဟန်းကို မိမိထက် သိက္ခာဝါတော်ကြီးလည်း ရှိမခိုးထိုက် } ၁၉။ မာတုဂါမ ၂၀။ နပုံး ပဏ္ဍုက်၊ ၂၁။ ပရိဝါသ်ဆောက်တည်နေသောရဟန်း ၂၂။ အရင်းသို့ ငင်ထိုက်သောရဟန်း ၂၃။ မာနတ်ကျင့်ထိုက်သောရဟန်း ၂၄။ မာနတ်ကျင့်ဆဲသော ရဟန်းဦးဖြစ်ပါတယ် ၂၅။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းဟူ၍ သံဃာတော်များ ရှိမခိုးကောင်းသည့် " အဝန္ဒိယပုဂ္ဂိုလ် " ( ၂၅ ) ဦးရှိပါတယ်။ ထိုရှိမခိုးကောင်းသည့် " အဝန္ဒိယပုဂ္ဂိုလ် " ( ၂၅ ) ဦးတွင် အမှတ်စဉ် ( ၁၅ ) မှ ( ၂၅ ) အထိ ပုဂ္ဂိုလ်တို့ကို ရှိခိုးရင် " အာပတ် " သင့်ပါတယ်။ မိဘ ဆရာသမားတို့ဟာ ရှိမခိုးကောင်းတဲ့ စာရင်းထဲမှာ ပါနေတဲ့အတွက် လုံးဝရှိမခိုးကောင်း ရှိမခိုးထိုက်ပါဘူး။ ရဟန်းတော် သံဃာတော်များ မိဘကို လုပ်ကျွေးပြုစုထိုက်ပါသည် ပြုစုလုပ်ကျွေးကောင်းပါတယ်။ ဖော်ပြပါ ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ် ( ၂၅ ) ဦးဟာ ရဟန်းသံဃာ အချင်းချင်း ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ်များသာဖြစ်ပြီး " လူပုဂ္ဂိုလ်များ ဒကာ ဒကာမများနှင့် မသက်ဆိုင်ပါ " ကျမ်းညွှန်း =စူဠဝါပါဠိတော်မြန်မာပြန်(၃၁၆.၃၁၇ စသည်) ပရိဝါပါဠိတော်မြန်မာပြန်(၄၇၃.၄၇၄ စသည်) တို့ကို ကြည့်ရှုတော်မူကြပါကုန်ဘုရား။ #အရှင်ပညာစာရငါးအိမ်တန်းရွာဇမ္ဗူအေးကျောင်း
အရှင်ပညာစာရ
Region: MM
Thursday 02 July 2026 12:35:34 GMT
Music
Download
Comments
Thidar :
မဂ်လာပါ🙏🙏🙏
2026-07-03 03:22:06
1
May :
မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ သာဓုသာဓုသာဓုပါ 🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-02 12:43:51
1
Zaw Latt :
👏👏👏
2026-07-02 14:24:35
1
Ei Thandar :
🙏🙏🙏
2026-07-02 12:41:42
2
May Lat May Lat :
🙏🙏🙏🙏🙏
2026-07-03 02:01:42
1
ဦးပညာ969@#$ :
🙏🙏🙏
2026-07-02 16:12:53
1
Moe Moe :
🌹🌹🌹
2026-07-02 13:16:38
1
🍒MoeThuZar🍒အပု(ရခိုင်အစားစာ) :
🙏🙏🙏
2026-07-02 14:00:26
1
ᎷᎶፈᏂᎥᏖᏖᏂᏬ :
🙏🙏🙏
2026-07-02 14:39:40
1
Moon Lover :
🙏🙏🙏🙏🙏
2026-07-02 13:39:50
1
Daw Ei Ei :
🙏🙏🙏🙏🙏
2026-07-02 13:36:43
0
နေပြည်တော်သား မောင်ထွန်း :
🙏🙏🙏🙏🙏
2026-07-02 14:41:22
1
ကိုအယ်ဦ :
🙏🙏🙏
2026-07-03 01:05:12
1
To see more videos from user @user603359066816, please go to the Tikwm
homepage.