@iprd.chaungoo: အိပ်စက်တဲ့အခါ "ပက်လက်အိပ်ပြီး ဒူးအောက်မှာ ခေါင်းအုံးလေးတစ်ခု ခံထားခြင်း" ဟာ ခါးနဲ့ တင်ပါးဆုံပိုင်းအတွက် အလွန်ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ခါးနာတတ်သူတွေနဲ့ ခြေထောက်ဘက်အထိ အကြောဆွဲပြီး နာကျင်တတ်သူတွေအတွက် ပိုမိုသင့်တော်ပါတယ်။ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ၁။ ခါးဆစ်တင်းအားကို လျှော့ချပေးခြင်း ခြေထောက်ကို အဖြောင့်တိုင်းဆန့်အိပ်ရင် ခါးရိုးက အနည်းငယ် "ကော့" တက်သွားပြီး တင်းအားဖြစ်စေပါတယ်။ ဒူးအောက်မှာ ခေါင်းအုံးခံလိုက်တဲ့အခါ ဒူးကွေးသွားပြီး တင်ပါးဆုံရိုးကို ပြေလျော့စေလို ခါးကော့တာကို နည်းသွားစေပါတယ်။ ဒါဟာ ခါးရိုးကြားရှိ အရိုးနုပြားလေးများပေါ်က ဖိအားတွေကို ချက်ချင်းသက်သာစေပါတယ်။ ၂။ အကြောညှပ်ခြင်းကို သက်သာစေခြင်း ခါးအောက်ပိုင်း နာကျင်သူတွေ ဒါမှမဟုတ် ခြေထောက်အထိ အကြောဆွဲပြီး ကိုက်ခဲသူတွေအတွက် အလွန်ကောင်းမွန်ပါတယ်။ ဤပုံစံသည် အာရုံကြောများ တင်းကျပ်မှုကို လျှော့ချပေးပြီး ဖိအားကို နည်းစေတာကြောင့် နာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။ ၃။ ကြွက်သားများကို ပြေလျော့စေခြင်း ပေါင်ရှေ့ခြမ်းနဲ့ တင်ပါးဆုံဘက်က ကြွက်သားတွေ အလွန်အမင်း ဆွဲဆန့်မခံရအောင် ကူညီပေးပါတယ်။ ဒူးကို အနည်းငယ် မြှင့်ထားပေးခြင်းက တစ်နေ့လုံး မတ်တတ်ရပ်ခြင်း (သို) လမ်းလျှောက်ခြင်းကြောင့် ဖြစ်သော ခြေထောက်ညောင်းညာမှုကို လျော့ပါးစေပါတယ်။ အကြံပြုချက် အိပ်စက်ချိန်မှာ ခပ်ပျော့ပျော့ ခေါင်းအုံး (သိုမဟုတ်) စောင်အထူလေးကို လိပ်ပြီး ဒူးအောက်မှာ ခံထားကြည့်ပါ။ မနက်နိုးတဲ့အခါ ခါးက ပေါ့ပါးပြီး လန်းဆန်းနေတာကို ခံစားရပါလိမ့်မယ်။ ခါးနာဝေဒနာများ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါစေရှင်။ #AlinThitMedia #HealthTips #BackPain #SleepingPosture #ကျန်းမာရေးဗဟုသုတ

IPRD ChaungOo
IPRD ChaungOo
Open In TikTok:
Region: MM
Thursday 02 July 2026 13:31:51 GMT
39549
1096
8
157

Music

Download

Comments

khinsan0512
khinsan0512 :
ok
2026-07-16 13:37:27
0
december9949
December :
Good
2026-07-03 08:20:47
1
luu.lay43
Luu Lay :
ခါးကြောညှပ်တဲ့လူပါ အဲဒီလိုအိပ်လို့ရလား
2026-08-14 09:26:55
0
hayyooh2k
WaiYanLinHtet :
ပူံထဲကလိုလုပိရမှာလားခါးအောက်မှာထားရတာလား
2026-08-12 16:32:03
0
thantzinoo308
လွမ်းလွင် :
ကျေးဇူး
2026-07-21 14:24:25
0
ei87561
Ei :
🥰🥰🥰
2026-07-02 14:44:39
1
user930792107
Aung Thu :
❤️❤️❤️
2026-08-09 16:25:59
0
To see more videos from user @iprd.chaungoo, please go to the Tikwm homepage.

Other Videos


About