@aung.20014: ကျွန်တော်တို့ဟာ သေးငယ်လွန်းတဲ့ မျှော်လင့်ချက်လေး ၁ ရာခိုင်နှုန်းအတွက်နဲ့ပဲ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော မသေချာမှုကြီးကို ဇွတ်မှိတ်ပြီး ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတယ်။ သူများတွေက ဝေဖန်ကြတယ် ရူးလိုက်တာတဲ့ လမ်းဆုံးရင် နာကျင်ရမယ်ဆိုတာ သိသိကြီးနဲ့ ဘာလို့ ရှေ့ဆက်နေတာလဲလို့ မေးကြတယ် ဒါပေမဲ့ သူတို့မှ မသိတာ ငါ့နှလုံးသားက အဲဒီ ၁ ရာခိုင်နှုန်းသော သူရှိနေခြင်းဆိုတဲ့ အလင်းရောင်လေးတစ်ခုတည်းနဲ့တင် အသက်ရှူနေရတာဆိုတာ သူကသာ ငါ့ရဲ့ ဘဝဖြစ်ခဲ့ရင် သူ့ဆီကရမယ့် အချစ်စစ်လေး နည်းနည်းပဲဖြစ်ဖြစ် မျှော်လင့်ခွင့်ရှိနေရင် ကျန်တဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ကမ္ဘာပျက်မယ့် ဒဏ်ရာတွေကိုလည်း ရင်ဆိုင်ဖို့ ငါ အဆင်သင့် ဖြစ်နေခဲ့တာ။ ဒါကြောင့်လည်း ငါ့ရဲ့ အနာဂတ်တွေ အိမ်မက်တွေနဲ့ နောက်ဆုံး ကျန်တဲ့ နှလုံးသားတစ်ခုလုံးကိုပါ မချန်ဘဲ ဒီအချစ်ထဲမှာပဲ ပုံအောပြီး ရင်းခဲ့ကြတယ် တစ်နေ့တော့ သူ ငါ့ကို နားလည်လာမှာပါ တစ်နေ့တော့ သူ ငါ့ဘေးနား အမြဲရှိနေမှာပါဆိုတဲ့ ရူးမိုက်တဲ့ မျှော်လင့်ချက်လေး တစ်ခုတည်းနဲ့ပေါ့။ ဒါပေမဲ့ တကယ်တမ်း လမ်းဆုံးရောက်လာတဲ့အခါမှာတော့ ငါ မနည်းဆုပ်ကိုင်ထားတဲ့ ၁ ရာခိုင်နှုန်းသော မျှော်လင့်ချက်လေးက လေထဲမှာတင် လွင့်ပယ်သွားခဲ့ပြီ။ ငါ့ဆီမှာ ဘာမှ ထပ်မကျန်တော့ပါဘူး သိသိကြီးနဲ့ ရင်းခဲ့မိတဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ဒဏ်ရာတွေကိုပဲ ရင်ခွင်ထဲ ပွေ့ပိုက်ရင်း ဒီညလည်း အဆုံးမရှိတဲ့ မသေချာမှုတွေကြားထဲမှာပဲ ငါ့နှလုံးသားက ဆက်ပြီး နာကျင်နေရဦးမှာပါပဲ...။ #fyp #tiktokmyanmar #မျှော်လင့်ချက် #အလွမ်း #ဝမ်းနည်းစရာရင်ဖွင့်ချက်စာသားလေးများ
★彡 𝒜𝓊𝓃ℊ彡★
Region: TH
Thursday 02 July 2026 13:53:44 GMT
Music
Download
Comments
#Mg Pyae# စာတို :
ပြန်တင်ခွင့်ပြုပါလားဗျ
2026-07-11 07:47:22
1
]] :
ပြန်တင်ခွင့်ပြုပါရှင်🥰
2026-07-03 00:43:18
1
꧁༒☬Nwē暗夜☬༒꧂ :
စာသားဘေးကြိုက်လို့စာသားလေချပေးပါလားရှင့်
2026-07-02 15:58:25
1
Tik Toker :
[Sticker]
2026-07-02 15:47:40
1
NAING :
👍👍👍
2026-07-12 04:43:46
0
To see more videos from user @aung.20014, please go to the Tikwm
homepage.