@user6026678422225: #ရန်ဖြစ်တိုင်း၊ စကားများတိုင်းမှာ ဘယ်သူက စမှားလဲဆိုတာထက် မင်းကို ဆုံးရှုံးရမှာ ကြောက်လို့ပဲ အမြဲတမ်း အရင်ဆုံး စကားစပြီး အောက်ကျို့ ချော့မော့ခဲ့ရတယ်။ ယောက်ျားတစ်ယောက်ဖြစ်ပြီး မာနမရှိလို့ မဟုတ်ပါဘူး။ ငါ့ရဲ့ မာနတွေ၊ အတ္တတွေထက် မင်းဆိုတဲ့ ဖြစ်တည်မှုလေးကို ပိုတန်ဖိုးထားလို့၊ ငါတို့နှစ်ယောက်ကြားက သံယောဇဉ်ကို မပြတ်တောက်စေချင်လို့ပဲ အကြိမ်ကြိမ် အခါခါ ကိုယ့်ဘက်က လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ဆွဲထားခဲ့တာပါ။ ဒါပေမဲ့... တစ်ခါတလေကျရင်လည်း ငါလည်း လူသားတစ်ယောက်မို့ ပင်ပန်းရက်တွေ ရှိတာပေါ့။ စကားများပြီးတိုင်း “သူရော ငါ့ကို စိတ်ဆိုးပြေမလား၊ ငါ့ကို လာချော့မလား” ဆိုပြီး မျှော်လင့်မိတဲ့ အကြိမ်တွေ ရှိခဲ့ပေမဲ့ တကယ်တမ်းတော့ တစ်ခါမှ အချော့မခံခဲ့ရဖူးဘူး။ မင်းဘက်က အမြဲတမ်း အေးစက်စက် ဥပေက္ခာပြုနိုင်လွန်းလို့ “ငါသာ စကားမစရင် ငါတို့လမ်းခွဲရတော့မှာလား” ဆိုတဲ့ အတွေးနဲ့တင် တုန်လှုပ်ပြီး ငါပဲ အမြဲတမ်း ဒူးထောက် အညံ့ခံပေးခဲ့ရတယ်။ “အရာရာကို သည်းခံပေးနေတယ်ဆိုတာ အားနည်းလို့ မဟုတ်ဘူး။ မင်းကို ချစ်လွန်းလို့...” ဒါကိုပဲ မင်းဘက်က အခွင့်ကောင်းယူပြီး ငါ့ရဲ့ သည်းခံမှုကို အရာမသွင်းသလို၊ ငါ့ရဲ့ အောက်ကျို့ပေးမှုကို အမြဲတမ်း အနိုင်ရတယ်လို့ သတ်မှတ်နေမယ်ဆိုရင်တော့ တစ်နေ့နေ့ ငါ့ဘက်က တကယ် ပင်ပန်းသွားတဲ့အခါ အရာအားလုံး လက်လွှတ်လိုက်ရုံပဲ ရှိတော့မယ်။ ဘယ်လောက်ပဲ ချစ်ချစ်၊ ယောက်ျားတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းဆိုတာလည်း အတိုင်းအတာတစ်ခုအထိပဲ ရှိတာမို့... ငါ့ရဲ့ အောက်ကျို့ ဆွဲထားမှုတွေကို မင်းရဲ့ အနိုင်ပိုင်းမှုတွေနဲ့ မဖျက်ဆီးပါနဲ့တော့။#ကော့သောင်းသား💞💗 #အားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်😘😘😘
အားတိုင်းဖီးလ်😉
Region: MM
Thursday 02 July 2026 15:04:36 GMT
Music
Download
Comments
Oʜɪʏᴏ❀ :
repost လုပ်လိုက်လို့ သူမြင်သွားရင် စိတ်မကောင်းဖြစ်နေပါအုံးမယ်
fav လေးထဲပဲ ထည့်ထားတော့မယ်
2026-07-05 07:04:20
13
Carva lho ☸️☸️(PYASI)🇲🇲🇲🇲 :
စာသားလေးပေးပါလား🥰🥰
2026-07-05 02:42:23
3
Aboih :
Silent Repost
2026-07-05 05:27:04
0
ကိုကို ရဲ့ဘေဘိလေး😘😘😘 :
ဆုံးရှုံးရမှာကြောက်လို့သာဖက်တွယ်ပြိးနေတာအမှန်ဆိုအရမ်းကိုယ်နာကျဥ်ရတဲ့ခံစားချက်ကြိးကကိုကိုယ်တိုင်ပဲသိတယ်🥺🥺🥺🥺🥺
2026-07-03 02:41:30
9
myo min set :
တူတူပါပဲဗျားး🥺🥺🥺အခေျာ့မခံချင်ပါဘူးနားလည်မူလေးပဲလိုတာပါကျွန်တော်က
2026-07-04 11:34:08
2
user13984119463964 :
么toobro
2026-07-05 11:51:52
0
HARRY ($$$)0081$)9$ :
ဘယ်လောက်အောင့်ကျို့ပါစေဗျာ ကျွန်တော်တို့ထက်ချစ်ရမဲ့သူတွေ့သွားရင် ဘယ်သံယောဇဥ်မှမကယ်နိုင်ပါဘူးဗျာ😊
2026-07-05 12:19:43
0
Tun Thar Oo :
🥰🥰
2026-07-05 09:57:59
0
H🫥 :
မshareရဲဘူးကွာ။
2026-07-05 11:38:12
0
✦⁺₊✩☽⋆ 𝓜❤𝓟💞 ⋆☾✩⁺₊✦ :
🥺🥺ကျနော်လေ
2026-07-05 11:46:12
0
Aung :
repost တင်ခွင့်ပြုပါ
2026-07-05 03:58:24
1
👉❤️ก้อง❤️ :
ယောကျ်ားလေးဖစ်ရတာလဲမလွယ်ဘူးနော်တကယ်ပင်ပန်းနေပိး🥺🥺
2026-07-05 05:13:04
1
မောင်ရှိန်း :
အော်တူလှကြီးလာအဖစ်ရယ်🥺
2026-07-05 01:58:26
1
Ŝîñĝ£é. Fáțĥêř :
အရမ်းကောင်းတဲ့စာသာလေးပါဗျာ..ခံစားချက်နဲတိုက်ဆိုင်လိုဝမ်းနည်းရပါတယ် 🥺
2026-07-05 02:56:37
1
Sai Mon :
crd ပေးbro ပြန်တင်မယ်
2026-07-05 08:40:08
0
ye thu :
repot တင်ပါဗျာရစေ
2026-07-05 07:11:49
0
VI JAY :
အမှန်တရားတွေပေါ့
2026-07-05 04:21:20
0
Ghost lover👻🫣 :
စာသားလေးပေးပါလားဗျ
2026-07-03 12:10:02
0
Mg Win Tun :
အမှန်ဘဲ့💔
2026-07-05 03:21:40
0
🔥Oo Oo Nyi Nyi🔥☃️🫧💨🌪️ :
Copyမေbro😌
2026-07-04 15:04:24
0
💓💗💓 :
စာသားလးလိုချင်တယ်
2026-07-05 03:59:37
0
Kyar Gyi :
ကျွန်တော်အတွက်များရေးထားတဲ့စာသားများလားဗျာ
2026-07-05 00:56:02
0
꧁༒安• K Y A 安•༒꧂ :
သိစေချင်ပါတယ်
2026-07-05 05:38:54
0
To see more videos from user @user6026678422225, please go to the Tikwm
homepage.