@myothandarkhaing7: အသက် ၅၀ ကျော် ၆၀ နီးပါးတိုင်း ဒီစာလေးကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။ 📌🍀 ◾ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန်စီးဆင်းရိုးမရှိပါ။ သားသမီးများကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယောက္ခထီး ယောက္ခမတွေ ရှိပါသေးတယ်။ သူတို့အလုပ်တွေ ရှိပါသေးတယ်။ သူတို့ဘဝတက်လမ်းအတွက် သူတို့ ရုန်းကန်ကြရပါသေးတယ်။ သူတို့သားသမီးနဲ့ လွတ်လွတ်လပ်လပ် နေချင်ကြပါသေးတယ်။ ◾ဒီအချိန်မှာ သားသမီးကို ချစ်တယ်ဆိုရင် သူတို့အပေါ် ပြဿနာလျှော့ပေးပါ။ သူတို့ကို နားလည် ပေးပါ။ မိမိစိတ်သဘော ကြီးပေးပါ။ မိမိစိတ်ကို ပျော်အောင် နေပေးပါ။ ကျန်းအာအောင် ဂရုစိုက်ပါ။ သူတစ်ပါးကို အပြစ်တင်တာ၊ ငြီးတွားတာ၊ ရှောင်ကျဉ်ပါ။ ◾အသက်ကြီးလာရင် သုံးဖို့၊ ဆေးကုဖို့ အိုစာအတွက်တော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲဝေပေးသင့်ပါဘူး။ လိုမှပြန်တောင်းရင် မလွယ်ကူတော့ပါဘူး။ ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရအောင် ကြိုပြင်ဆင်ပါ။ ◾မလိုအပ်တော့တဲ့ လိုအင်ဆန္ဒ ရုပ်ဝတ္တု ပိုင်ဆိုင်မှုကို လျှော့ချပါ။ အသုံးအဆောင်လျှော့ဝယ်ပါ။ ပစ္စည်းများလေလေ ဝန်ထုတ်ဝန်ပိုး များလေလေ ဖြစ်တတ်ပါတယ်။ ◾အိမ်တွင်းပုန်းမလုပ်ပါနဲ့။ လမ်းများများလျှောက် ပေးပါ။ မနက်ခင်းတိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာ ရေးလိုက်စားတဲ့ မိတ်ဆွေများနဲ့ ပေါင်းသင်းပါ၊ မိတ်ဆွေဖွဲ့ပါ။ ◾ပင်စင်စားဆိုရင် အလုပ်အနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ်ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုလာရင် မေ့တတ်လာမှာပါ။ အဲ့ဒီတော့ သတိကောင်းတုန်းမှာ ရှင်းရှင်းလင်းလင်း ဖြစ်တုန်းမှာ ပေးစရာရှိတာပေး၊ ခွဲခြမ်းစရာရှိတာ ခွဲခြမ်း ဝေမျှထားလိုက်ပါ။ ဒါက သားသမီးတွေနဲ့ ပြဿနာ ဝေးပါတယ်။ ◾လောကကြီးမှာ မင်းချစ်ရမယ့်သူက မင်းရဲ့ အိုဖော်အိုဖက် အိုဖော်ပါ။ ဇနီး၊ မယား၊ သား၊ သမီး၊ မြေး၊ မြစ် ဟုက်ချင်မှ ဟုက်တော့မှာပါ။ အဲ့ဒီအချိန်ကျရင်... သူတို့ အနားမှာ ရှိချင်မှလည်း ရှိတော့မှာပါ။ သူတို့နဲ့ အချင်းချင်း မျှတအောင်၊ တည့်အောင် တန်ဖိုးထားတတ်ဖို့ အရေးကြီးလာပါပြီ။ ◾သားသမီးများအတွက် အကောင်းဆုံး ချန်ထားသင့်တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ တရားသဖြင့် နေထိုင်တတ်ခြင်းဆိုတဲ့ နာမည်ဂုဏ်သတင်းပါပဲ။ ◾သားသမီးတွေ နောင်အခက်အခဲ အကြပ်အတည်း ကြုံလာရင်၊ ဖေဖေဆိုရင် ဘယ်လိုတုန့်ပြန်မလဲ၊ မေမေဆိုရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ အတွေးမျိုးတွေ သားသမီးတိုင်းမှာ ရှိစမြဲပါ။ ◾အများကြီး မျှော်လင့်ချက်မထားရင် စိတ်ပျက်ရတာတွေ နည်းပါးပါတယ်။ အများကြီး မျှော်လင့်မိလို့ ဖြစ်မလာရင် ရင်ထဲမှာ ကြွေကွဲဝမ်းနည်းရပါမယ်။ မိမိက အိုမင်းမစွမ်းဖြစ်လာလို့ မိမိရဲ့ စိတ်ချမ်းသာမှုနဲ့ မြော်လင့်ချက်တွေကို သားသမီးတွေအပေါ်မှာ ပုံအပ်မထားသင့်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ဘောင်အတွင်းက နေပြီးသာ ကိုယ်တိုင်ဘဝကို စီမံသင့်ပါတယ်။ ◾နာတာရှည် လဲလျောင်းနေတဲ့ မိဘ လူမမာများအတွက် တာဝန်ကျေပွန်တဲ့ သားကောင်း၊ သမီးကောင်း ရှားပါးတယ်ဆိုတာကို အမြဲသတိရပါ။ ပြီးရင် ကျန်းမာရေးကောင်းဖို့ကို နေထိုင်၊ စားသောက်၊ ရှင်သန်ပါ။ ◾ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကို မိုပိုနွေးထွေး စေနိုင်ပါတယ်။ သားသမီးများနဲ့လည်း ထိုက်သင့်တဲ့ အကွာအဝေး ရှိသင့်ပါတယ်။ မေတ္တာ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပါ။ ◾သားသမီးအရေး ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့တော့၊ နေတတ်အောင် နေပါ။ နားထိုင်းသင့်ရင် ထိုင်းပါ။ ပါးစပ်မသင့်ရင်လည်း အ နေလိုက်ပါ။ ◾လောကကြီးကို သင်လည်းပိုင်ပါတယ် ငါလည်းပိုင်ပါတယ် ဒါပေမဲ့ နောက်ဆုံင်းကျရင်တော့ ကျန်းမာပြီး အသက်ရှည်တဲ့သူကပဲ ပိုင်ပါတော့တယ်။ ◾ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးပါ။ ကိုယ်စိတ်ပျော်တဲ့အလုပ်ကို ပိုလုပ်ပါ။ သူများအကြောင်း မတွေးနဲ့တော့ သူများအတွက် မလုပ်နဲ့တော့ သူများအတွက် အနစ်နာမခံနဲ့တော့ ကိုယ့်အတွက်သီးသန့် အသက်ရှင်သန်ဖို့ အချိန်ဖြစ်သင့်ပြီ။ ◾သားသမီး အရေးမှာလည်း ကိုယ်တို့ အစွမ်းကုန် ကြိုးစားပမ်းစား ပျိုးထောင်ခဲ့ပြီးပြီ။ မြေးတွေအလှည့်မှာလည်း တတ်စွမ်းသမျှ လုပ်ပေးပြီးပြီ။ မျိုးဆက်ကျော် ပျိုးထောင်တာကို ရပ်သင့်ပါပြီ။ ◾လူ့လောကကို ရှင်းအောင် မြင်အောင်ကြည့်တော့ လွှတ်ချတတ်အောင် သင်ယူတော့ ဘာသာတရားမှာသာ စိတ်နှစ်ထားတော့ သက်ရှိသက် အရာအားလုံးအပါ်မှာ မေတ္တာထားတော့ နောက်ဆုံး အချိန်မရွေး သေဖို့အသင့်ဖြစ်နေအောင် အသိ၊ သတိကပ်ပြီး အသက်ရှုသွင်း၊ ရှုထုတ် လုပ်တဲ့အခါ သတိထားပြီး နေပါတော့။ ချစ်ခြင်းများစွာဖြင့်။ Prof. Dr. Sai Naw Jar #ml .kawa.a lot of thoughts# #foryoupage #titokmyanmar🇲🇲🇲🇲🇲🇲 #crd_to_owner_with_respect
Daw Myo Thandar Khaing
Region: MM
Thursday 02 July 2026 15:45:42 GMT
Music
Download
Comments
Daw Nu :
မှန်တဲ့စကားတွေပါ
2026-07-03 23:55:04
1
သိမ်မွေ့ :
မမရေမမရဲ့စာလေးကကောင်းလိုက်တာကျေးဇူးတင်လိုက်တာမူရင်းတင်တဲ့သူကိုလဲကျေးဇူးတင်လိုက်တာ
2026-07-03 09:44:56
3
သားသား :
ဒေါင် းလို့ရအောင်တင်ပေးပါကျေးဇူးတင်ပါတယ်
2026-07-04 06:35:11
3
Tik Toker :
ကျေးဇူးပါ
2026-07-05 12:56:34
1
ဦသန့်ဇော် :
အသိသတိပေလို့ကျေးဇူပါဘဲ
2026-07-04 13:17:39
1
Daw Cho :
မှန်ချက်
2026-07-04 04:53:08
1
သနပ်ခါးချစ်သူ :
မှန်ပါတယ်ဆရာ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-04 17:13:46
1
Nang Kham Aye :
မှန်ပါတယ်ရှင်
2026-07-04 03:01:16
1
La Yake :
မှန်လိုက်တာ
2026-07-04 01:54:38
2
❤️ချစ်မေမေ❤️ :
အရမ်းမှန်တဲ့စကားပါ🌹🌹🌹🌹🌹🌹🌹🌹
2026-07-06 03:37:09
1
Thar Thar :
မှန်ပါတယ်ကျေးဇူးပါ🥰🥰🥰🥰🥰🥰
2026-07-04 09:22:41
1
Hnin Hnin Thein :
ဖတ်သင့်ပါတယ်
2026-07-04 12:22:26
1
Loki Loki :
မှန်ပါတယ်
2026-07-05 08:40:23
1
1266sone sone :
မှန်
2026-07-03 15:23:09
2
Daw Tin ohn myint :
မှန်ပါတယ်ရှင့်လိုက်နာပါမယ်သတိနဲ့နေပါတယ်🥰🥰🥰🥰🥰
2026-07-06 01:07:40
1
နွေ :
မှန်လိုက်တာကွယ်
2026-07-03 08:57:50
1
Daw Thin Thin :
🥰🥰🥰🥰🥰ကျေးဇူးပါရှင်
2026-07-03 15:38:53
2
Aba Aba :
ကျေးဇူးတင်ပါတယ်ခင်ဗျာ
2026-07-04 05:56:40
1
မမ :
[Sticker]
2026-07-04 03:20:43
1
NiNi :
ကျေးဇူးပါ
2026-07-04 10:44:31
1
Thi Thi Win :
ကျေးဇူးပါ
2026-07-04 13:22:44
1
San Thidar :
မှန်လိုက်တာ
2026-07-04 13:49:17
1
Shwe Zin :
အမှန်ဘဲဘယ်သူမှာမခေါ်ဘူးတယောက်ထဲနေတယ်❤️❤️❤️❤️❤️
2026-07-04 12:09:28
1
T Hla :
အသိပေဒါကျေးဇူးပါ
2026-07-03 07:08:45
1
To see more videos from user @myothandarkhaing7, please go to the Tikwm
homepage.