@jas.mine7522: စစ်တပ်က သူအလုပ်သူ တစိုက်မတ်မတ် လုပ်နေတယ် လူဘယ်လောက်ပြောင်းပြောင်း မူဝါဒ ရည်ရွယ်ချက်တခုတည်းပဲ ၊ အာဏာရ စစ်ခေါင်းဆောင်ကိုသာ ရှင်ဘုရင်တပါးလို့ ဦးခိုက်ပူဇော်ရမယ် ၊ စစ်ခေါင်းမဟုတ်တဲ့ အခြား လူထုခေါင်းဆောင်တွေ လူထုချစ်မြတ်နိုးသူတွေကို ဖယ်ရှားမယ် ရှင်းလင်းမယ် သxတ်ဖြတ်မယ် လုပ်ကြံမယ် ၊ တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ပိုင်ခွင့် ချမ်းသာကြွယ်၀ပိုင်ဆိုင်မှုတွေကို အာဏာရှင် စစ်ခေါင်းဆောင် မိသားစု ဆွေမျိုးအသိုင်းဝိုင်း နဲ့ သူလက်အောက်ခံ ခရိုနီတွေပဲ ပိုင်ဆိုင်ခွင့်ရမယ် ၊ ဒါမှလည်း စစ်အာဏာရှင်တွေဟာ အာဏာရော စီးပွားရေးပါ သူလက်ထဲရှိနေမှ နိုင်ငံရေး စစ်ရေးကို သူတို့စိတ်တိုင်းကျ လိုအပ်သလို ပုံဖော်လို့ရမယ် ၊ ပြည်သူလူထုတွေဟာ အလုပ်နဲနဲပဲလုပ်ပြီ စား၀တ်နေရေး ပြေလည်နေကြရင် ၊ စီးပွာဥစ္စာပိုလျှုံနေကြရင် တီထွင်ကြံဆ လာကြမယ် နိုင်ငံရေးစိတ်၀င်စားလာကြမယ်၊ ဒါကြောင့်ပဲ စစ်အာဏာရှင် အဆက်ဆက်က သူတို့ကြီးပဲ ချမ်းသာအောင်လုပ်ပြီ ၊ တိုင်းပြည် နဲ ပြည်သူကို ဆင်းရဲမွဲသေ ငတ်ပြတ်နေအောင် တမင်တကာ လုပ်ခဲ့ကြတာ ၊ တနိုင်ငံလုံးက ပြည်သူတွေဟာ ပညာရှင် ပညာတတ်ကြီးတွေဖြစ်ရင် တီထွင်ဖန်တီးနိုင်ရင် စစ်တပ်ပဲ လုပ်နိုင်တယ် စစ်တပ်ပဲလုပ်မယ်ဆိုတဲ့ အလုပ်တွေကို ပြည်သူက လုပ်လာနိုင်ရင် စစ်တပ်ကို ဆန့်ကျင်တော်လှန်လာမယ် ဒါကြောင့်ပဲ စစ်အာဏာရှင်တွေဟာ ပညာရေးစနစ်ကိုပါ ဖျက်စီးပစ်ခဲ့တာ ၊ စစ်အာအမွေဆက်ခံမယ် စစ်ခေါင်းဆောင်တို့ရဲ့ သားသမီး မြေး မြစ်တွေကပဲ ခရိုနီ အတိုင်းဝိုင်း လက်တဆုပ်စုစာ လူတစုကပဲ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်၀ခြင်း ပညာတတ် ပညာရှင်ဖြစ်ရမယ် ၊ ပြည်သူလူထုဆိုတာ သူတို့ကိုအလုပ်ကျွေးပြာရမယ် ကျွန် အခိုင်းစေ ကျွန်ပြုခံ ပဲဖြစ်ရမယ် ၊ စစ်အာဏာရှင်တွေဟာ ဒီမူဝါဒ ဒီစနစ်ကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူ ၊ ပြောင်းလဲချင်ရင် ပြည်သူက စစ်အာဏာရှင်ကို အမြစ်ပြုတ်တော်လှန်ယူမှရမယ် ၊ စစ်အာဏာရှင်တွေက သူအလုပ်သူ တစိုက်မတ်မတ်လုပ်နေတယ် ၊ ၊ စစ်အာဏာရှင်ကို တော််လှန်နေပါတယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ အဖွဲ့စည်းတွေအားလုံးကသာ ကိုယ့်အလုပ်ကို ပန်တိုင်ရောက်အောင်လုပ်ဖို့ အရေးကြီးပါသည်။ crd...
JasMine
Region: TH
Thursday 02 July 2026 16:55:43 GMT
Music
Download
Comments
Tun Moe :
💕💕💕
2026-07-02 19:00:14
0
To see more videos from user @jas.mine7522, please go to the Tikwm
homepage.