@nang.pwint.phyu62: @A♌️:အသက် 20 လောက်တုန်းက ဖုန်းထဲမှာ Contact 500 ကျော်တယ်။ Birthday ဆိုရင် Notification တန်းစီနေတာ။ ညဘက် အပြင်ထွက်ရင် တစ်ဖွဲ့ကြီး။ အသက် 25 ကျော်လာတော့ ဖုန်းထဲက နာမည်တွေ တစ်ဖြည်းဖြည်း မှိန်လာတယ်။ Group ထဲမှာ Seen ဖြစ်ပေမယ့် Reply မလာတော့ဘူး။ Birthday ကျရင် အရင်းဆုံး ၃-၄ ယောက်ပဲ "ပျော်ရွှင်ပါစေ" လို့ ပို့လာတယ်။ အစက ဝမ်းနည်းတယ်။ "ငါ့ကို မေ့သွားကြပြီလား" ပေါ့။ "ငါ တစ်ခုခုမှားနေလို့လား" ပေါ့။ နောက်တော့ နားလည်လာတယ်။ ဒါ သစ္စာဖောက်တာမဟုတ်ဘူး။ ဒါ သဘာဝပဲ။ လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေရပြီ။ အိမ်ထောင်ကျတဲ့လူကျတယ်။ နိုင်ငံခြားထွက်တဲ့လူထွက်တယ်။ အလုပ်နဲ့ နပန်းလုံးနေတဲ့လူလုံးတယ်။ အချိန်မရှိတော့တာ မဟုတ်ဘူး။ "အရေးကြီးတဲ့လူ" ကို ပေးဖို့ပဲ အချိန်ရှိတော့တာ။ အခု ငါ့မှာ သူငယ်ချင်း ၃ ယောက်ပဲကျန်တယ်။ ဒါပေမယ့် ဒီ ၃ ယောက်က ငါ ညသန်းခေါင်ငိုရင်လည်း ဖုန်းကိုင်တယ်။ ငါ ဒုက္ခရောက်ရင် ဘာမှမမေးဘဲ ပိုက်ဆံလွှဲပေးတယ်။ ငါ အောင်မြင်ရင် တကယ်ဝမ်းသာပေးတယ်။ အရင်က သူငယ်ချင်း 50 ရှိတုန်းက တစ်ယောက်မှ မလုပ်ပေးနိုင်တဲ့အရာတွေ။ ဒါကြောင့် သူငယ်ချင်းနည်းသွားလို့ စိတ်မကောင်းမဖြစ်နဲ့။ မင်း အပေါအပါတွေ ရှင်းထုတ်ပြီးတာ။ ရွှေစစ်တွေပဲ ကျန်တာ။ Quantity မဟုတ်တော့ဘူး။ Quality ဖြစ်သွားတာ။ ဒီနေ့ မင်းဖုန်းထဲမှာ စကားမပြောဖြစ်တာ နှစ်ချီနေပေမယ့် ဒုက္ခရောက်ရင် ပထမဆုံးပြေးသတိရမယ့် နာမည် တစ်လုံး ရှိတယ်ဆိုရင် မင်း ချမ်းသာနေပြီ။ လူအများကြီးမလိုဘူး။ "ငါ့ဘက်မှာရှိတယ်" ဆိုတဲ့ လူတစ်ယောက်ရှိရင်ကို လုံလောက်ပြီ။
🖤KYAUK ❤️YEA 💙TWIN💚 THU🤍
Region: MM
Friday 03 July 2026 02:52:01 GMT
Music
Download
Comments
San Htoo Aung :
Facebookပေးပါလား😁😁😁
2026-07-03 04:31:42
1
To see more videos from user @nang.pwint.phyu62, please go to the Tikwm
homepage.