@dr.nandamalar: © တနေ့ မှာ ဘုန်းကြီးကျောင်းအတွင်း အမျိုးသမီးကြီး တစ်ဦး ဝင်လာသည် ဆရာတော်ကား ကျောင်းထဲတွင် တံမြက်စည်း လှည်းနေလေ၏၊ အမျိုးသမီးက ဆရာတော်ကို ဦးချလိုက်သည်။ ဒကာမကြီး ကျန်းမာရဲ့နော်” လူကကျန်းမာပါတယ်ဘုရား” လူက ကျန်းမာတယ်ဆိုတော့ အခြား ဘာဖြစ်နေလို့လဲ” စိတ်"ဆင်းရဲနေရပါတယ် ဘုရား တပည့်တော် အတော်လေးကိုပဲ စိတ်ညစ်နေပါတယ်။ ဘုရား တပည့်တော်ကို စိတ်ချမ်းသာအောင် တရားပြပေးတော်မူ ပါဘုရား” ဪ " စိတ် ဆင်းရဲနေတာကိုး” တင်ပါ့ဘုရား” တရားပြရမယ်ပေါ့” တင်ပါ့ဘုရား” ကိုင်း … တရားပြမယ် ဒကာမကြီး ဒီမှာတော့ မဟုတ်ဘူး၊ ဟိုး တောင်ကုန်းပေါ်က ဘုရားပေါ်ရောက်မှ”တပည့်တော်လိုက်ခဲ့ပါ့မယ်ဘုရား” ဆရာတော်က တံမြက်စည်းကို သစ်ပင်တစ်ပင်တွင် ထောင်ထားလိုက်ပြီးနောက် ရှေ့ကကြွသွားသည်။ တောင်ကုန်းထက်တွင် စေတီလေးတစ်ဆူ ရှိသည်။ ဆရာတော်က တောင်ကုန်းကိုတက်ရမည့် လှေကားရင်းကို ရောက်သည့်အခါအုတ်နီခဲတွေကို ဆင့်လိုက်ပြီး မ,ရန် ပြင်လိုက်သည်။ အို ဆရာတော်ဘုရား တပည့်တော် သယ်လာပေးပါ့မယ်တပည့်တော်ကို ပေးပါဘုရား” တောင်ကုန်းပေါ်မှာ ဇရပ်ပြင်နေတယ် အဲဒါကြောင့် တောင်ကုန်းပေါ်တက်ရင် အုတ်နီခဲတွေကို နိုင်သလောက် သယ်သွားရတယ်” တပည့်တော် သယ်ပေးပါ့မယ် တပည့်တော် ခေါင်းပေါ် တင်ပေးပါဘုရား” အမျိုးသမီးကြီးက ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း အမျိုးသမီး ခေါင်းပေါ်ကို အုတ်ခဲ သုံးလုံးတင်လိုက်သည်။ ဒကာမကြီး ရပြီလား” ထပ်တင်ပါဘုရား...တပည့်တော် နိုင်ပါတယ်” လေးလုံးတင်လိုက်သည် ရရဲ့လား” ငါးလုံးတင်ပါဘုရား … ရပါတယ်” ဆရာတော်က အမျိုးသမီးခေါင်းပေါ် အုတ်ခဲ ငါးလုံးတင်ပေးလိုက်ပြီး ရှေ့က ကြွသွားသည်။ တောင်က မတ်စောက်သည်။ လှေခါးထစ်တွေကလည်း မညီမညာဖြစ်သောကြောင့် မနည်းထိန်းတက်နေ ရသည်။ ဝေးကလည်း ဝေးသည်။ ခရီးသုံးပုံတစ်ပုံခန့်အရောက်တွင် ဆရာတော်က နောက်လှည့်ကြည့်သည်။ ရဟန်းအစ်မကြီးကား မောဟိုက် နေလေပြီ။ ဒကာမကြီးရရဲ့လား” တောင်ကမတ်တော့ နည်းနည်း မောတယ်ဘုရား” ပင်ပန်းလွန်းရင် အုတ်ခဲတစ်ခဲ လျှော့လိုက်လေ” တင်ပါ့ဘုရား” ရဟန်းအစ်မကြီးက အုတ်ခဲတစ်ခဲကို လမ်းဘေးချလိုက်သည်။ ထို့နောက် ဆက်တက်သည်။ ခရီးတစ်ဝက် ရောက်မှ နားရပြန်သည်။ ဒကာမကြီး ဖြစ်ပါ့မလား” ချွေးတော့ပြန်နေပြီဘုရား” အုတ်ခဲတစ်ခဲ လျှော့လိုက်ပါလား” အုတ်ခဲတစ်ခဲကို လမ်းဘေးတွင် ချခဲ့ရကာ" ဆက်တက်ကြသည်။ ခရီးတစ်ဝက်အရောက်တွင် ရဟန်း အစ်မကြီး နားနေပြန်သည် ဒကာမကြီး ဖြစ်ပါ့မလား” ဖြစ်ပါတယ်ဘုရား” အုတ်ခဲလျှော့လိုက်ပါ ကိစ္စမရှိပါဘူး ကျောင်းသားတွေ နောက်ကလိုက်လာပြီး ကောက်လာကြပါလိမ့်မယ်” တစ်ခဲ လျှော့လိုက်ပြန်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် တောင်ပေါ်သို့ရောက်သည့်အခါ ရဟန်းအစ်မကြီး ထံတွင် အုတ်ခဲတစ်ခဲသာ ပါတော့ သည်။ တောင်ပေါ်ရောက်သည်နှင့် ရဟန်းအစ်မကြီးက ဘုရားကို ဝတ်ပြုသည်။ ဇရပ်ပျက်ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက် အရှင်ဘုရား တပည့်တော်ကို တရားပြပါဘုရား” တရားပြပြီးပြီလေ … ဒကာမကြီး” ခုမှ ထိုင်တာလေဘုရား ဘယ်မှာ တရားဟောရသေးလို့လဲ” ဒကာမကြီး” ဘုရား” တောင်အောက်ကနေ အုတ်ခဲစသယ်တော့ ဘယ်နှလုံး သယ်လာသလဲ” ငါးလုံးပါ ဘုရား” တောင်ပေါ်ကို ဘယ်နှလုံးပါလာသလဲ” တစ်လုံးတည်းပါဘုရား” အုတ်ခဲတွေကို တစ်လုံးလျှော့လိုက်တိုင်း ဘယ်လိုခံစားရသလဲ” ပေါ့သွားပါတယ် ဘုရား” ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ ဘယ်နှလုံးရှိသေးလဲ” တစ်လုံးမှ မရှိတော့ပါဘုရား” တစ်လုံးမှ မရှိတော့ ဘယ်လိုနေသလဲ မောသေးလား … ပင်ပန်းသေးလား” မမောတော့ပါဘုရား .. မပင်ပန်းတော့ပါ ဘုရား” အင်း … ဒကာမကြီး ကိုယ့်အပေါ်ကို ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့နိုင်သမျှ လျှော့တော့ ၊ ဟုတ်ပြီလား လျှော့နိုင်လေ … ခရီးရောက်လေ မလျှော့နိုင်လေ … ပင်ပန်းလေ ဘာဖြစ်လို့ ဝန်ထုပ်ဝန်ပိုးတွေကို ဆက်ရွက်နေချင်သေးသလဲ၊ မနိုင်ရင် ချထားခဲ့၊ ခရီးရောက်အောင် ဘာမှမပါဘဲ တက်နိုင်လေ၊ မြန်မြန် ရောက်လေပဲ အခု လက်တွေ့ ပဲ မဟုတ်လား” တင်ပါ့ဘုရား တပည့်တော် သဘောပေါက်ပါပြီဘုရား” “သာဓု … သာဓု … သာဓု” ဆရာတင်ညွန့် #ဗဟုသုတ #ရောက်ချင်တဲ့နေရာရောက်👌 #ရောက်စမ်းfypပေါ် #စာပေချစ်သူ #fyp 🪶

NDM
NDM
Open In TikTok:
Region: MM
Friday 03 July 2026 13:16:03 GMT
79217
2451
88
236

Music

Download

Comments

p.lcd0
? :
ဆရ်တော်ကျမ်းမာပါစေ
2026-08-08 11:11:03
2
hpf59
hpf59 :
ကောင်းလိုက်ဉပမာလေး
2026-07-04 00:42:21
6
tar1498
Min Thit Sar :
❤️❤️❤️
2026-08-05 04:50:10
1
win.n.s345
🍒 :
တရား ရပါတယ် ဘုရား
2026-07-04 08:52:29
2
thida.oo007
Thida Oo :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-07-04 07:05:42
1
mumu42528
MuMu :
မိမိမှာပိနေတဲ့ဝန်တွေကိုလျှေ့ပါ့မယ်ဘုရား
2026-07-20 13:39:19
1
daw.kin.san.win
Daw khin San win :
သာဓုသာဓုသာဓုပါဘုရား
2026-07-04 03:25:32
1
minchitthu03868
💫အေးချမ်းတဲ့မေတ္တာရပ်၀န်း🕊️ :
သာဓု သာဓု သာဓု ပါဘုရားးး
2026-07-10 09:47:54
1
chit.maygyi4
Chit Maygyi :
သာဓုသာဓုသာဓုပါ
2026-07-16 23:11:59
1
khin09508
Khin :
သာဓု သာဓု သာဓုပါဘုရား🙏🙏
2026-07-16 05:13:55
1
mya.tt5
Mya Tt :
သာဓု သာဓု သာဓု
2026-07-16 19:50:22
1
user903160624902
ဧရာဝတီဖွားလေး🤣 :
အမှန်ပါပဲလေ
2026-07-03 23:32:29
1
mon38820
MoN :
တရားရှာကိုယ်မှာတွေ့ဆိုတဲ့အတိုင်းပါပဲလားဘုရား
2026-07-12 07:37:52
1
daw.san.htay785
Daw san Htay :
မှန်လှပါတယ်ဘုရား
2026-07-13 07:12:27
1
ma.hnin.yeqq22
Ma Hnin Yeqq22 :
@@လိုရင်းတိုရှင်းတရားလေးပါ
2026-07-04 02:29:30
1
mon38820
MoN :
တကယ်ရပါတယ်တ
2026-07-12 07:37:01
1
m_wai.lay
M_Wai Lay :
သာဓုသာဓုသာဓုပါဘုရား
2026-08-08 11:59:13
0
dawmyatmyatmaw
Daw Myat Myat Maw :
သာဓုသာဓုသာဓုပါ
2026-08-08 13:34:01
0
parkyuna124
🖤moe cherry🖤 :
သာဓုသာဓုသာဓုပါဘုရား
2026-08-08 13:14:53
0
user9900133518118
ဆရာလေး :
သာဓု,သာဓု,သာဓုပါဘုရား
2026-08-08 12:57:16
0
violinman2
Aung :
အဲနေ့မှစ၍ဒကာမလည်းဘုန်းဘုန်းဆီမလာတော့ပါ ဘုန်းဘုန်းလည်းတပါးတည်းတောထွက်သွားလေသတည်း
2026-08-08 12:56:56
0
thaungtunzaw0
ThaungTunZaw :
🥰 အလွန်ကောင်း 🥰🥰🥰🥰🥰🥰
2026-07-30 06:30:12
1
To see more videos from user @dr.nandamalar, please go to the Tikwm homepage.

Other Videos


About