@williamest_120: Williamတစ်ယောက် estရဲ့ ပါးစပ်က ဘုန်းခနဲ ထွက်လာတဲ့ ထိုစကားလုံးကြောင့် သောက်လက်စ ကော်ဖီတောင် သီးသွားရတယ် "ငါ့မှာရည်းစားရှိတယ်"တဲ့ ရုံးခန်းထဲက တခြားသူတွေကတော့ estကို ဝိုင်းမေးနေကြပြီ "တကယ်ကြီးလားestဘယ်သူလဲ? ငါတို့သိတဲ့သူလား?" Estက သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတဲ့ ဝီလျံကို တစ်ချက်ဝေ့ကြည့်ပြီး မျက်ခုံးပင့်ပြကာ ပြုံးလိုက်ရင်း Est: ရုံးထဲကပဲ.. williamလေ William:ဘာ! Williamကော်ဖီခွက်ကို စားပွဲပေါ် ဒုန်းခနဲ ချလိုက်မိပြီးရုံးတစ်ခုလုံးလည်း တိတ်ဆိတ်သွားပြီးမှ ဟိုးခနဲ ဆူညံသွားတော့တယ် William: မင်း ရူးနေတာလားEst ရုံးဆင်းဆင်းချင်း ကားပါကင်အရောက်မှာတင် ဝီလျံ တစ်ယောက်estရဲ့ ကော်လံကို ဆွဲပြီး အော်တော့သည်သူတို့နှစ်ယောက်ဟာ တွေ့ရင်ဖဲ့ဖို့နဲ့တစ်ယောက်ကိုတစ်ယောက်နှိမ်ဖို့ပဲချောင်းနေကြတဲ့ရန်သူလိုသူငယ်ချင်းတွေဖြစ်တာကြောင့်ဒါဟာလုံးဝမဖြစ်နိုင်တဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်ကတင် တစ်ယောက်ကိုတစ်ယောက် "ငါ့အကြိုက် မဟုတ်ဘူး" လို့ ပြတ်ပြတ်သားသား ငြင်းထားကြသေးတာ.. Est:အေးဆေးပါ williamရာမင်းလည်း မြင်သားပဲဟိုအဖွဲ့ကအကောင် ကငါ့ကို လာလာရှုပ်နေတာ မင်းအသိပဲလေ ပြီးတော့မင်းဆီကိုလည်း Marketing ကကောင်မလေးနေ့တိုင်း လာကပ်နေတာ မဟုတ်ဘူးလား? Estက ကော်လံကို ပြန်ပြင်ရင်း ခပ်အေးအေးပဲ ပြောရှာသည် William:အဲဒါနဲ့ပဲ ငါ့ကို မင်းရည်းစား လုပ်ပစ်လိုက်ရလား? ငါတို့က တစ်ယောက်ကိုတစ်ယောက် မကြိုက်ဘူးလို့ ပြောထားပြီးသားလေ! Est:အေးလေ..အဲဒါကြောင့် ပိုအဆင်ပြေတာပေါ့ ငါတို့က တကယ့်အစစ်မှ မဟုတ်တာFake Dating လေ..မင်းလည်း သူတို့ကို ငြင်းရတာ သက်သာသွားမယ် ငါလည်း အေးဆေးဖြစ်သွားမယ်သုံးလပဲ တွဲပြလိုက်ရအောင် အဲဒါဆို ဘယ်သူမှ လာမရှုပ်တော့ဘူး ဝီလျံ သက်ပြင်းကို အရှည်ကြီး ချလိုက်သည်Estရဲ့ စကားကုလားဖန်ထိုးတာ ခံလိုက်ရမှန်း သိပေမယ့် တကယ်လည်း မျက်နှာများတဲ့သူတွေကို ငြင်းရတာ ငြီးငွေ့နေတာတော့ အမှန်ပင် William:ကောင်းပြီသုံးလပဲနော် ပြီးရင် ပြတ်ပြီ Est:သဘောတူတယ် ရည်းစားလေး..." Estက စနောက်တဲ့ အကြည့်နဲ့ ကြည့်ပြီး ကားတံခါး ဖွင့်ပေးသည် William:Est.. ပါးစပ်ပိတ်ထားစမ်း ဝီလျံ မျက်စောင်းထိုးပြီး ကားထဲ ဝင်ထိုင်လိုက်တော့သည် အဆက်ရှိတယ်နော်ဒါအစလေးတင်ပေးတာမတင်တာလဲကာပြီဆိုတော့..#williamest #creatorsearchinsights
ʸᵁ×ʷᵉ
Region: MM
Friday 03 July 2026 14:25:59 GMT
Music
Download
Comments
🍒Soe Lay🍒 :
ဟုတ်ရဲ့လားနော်
2026-08-11 01:58:01
0
WilliamEst fangirl🎸🐋 :
အဆက်
2026-07-03 15:11:21
2
{Theewave}👀 :
အဆက်လေး
2026-07-03 15:04:22
0
🥰tĥäț $äñ😻 :
အဆက်လေးမမ🥰🥰🥰🥰
2026-07-04 09:17:30
0
Z🙈 :
နို
2026-08-09 02:22:21
0
🌼 Aouboom Fan 🌼 :
🥰🥰🥰
2026-07-11 15:20:59
0
Chit lay :
🥰🥰🥰
2026-07-05 15:34:22
0
phyu :
🤗🤗🤗
2026-07-16 21:31:26
0
linlin :
😍😍😍
2026-07-04 14:27:40
0
Khaing💖💖💖 :
🥰🥰🥰
2026-08-15 02:47:02
0
Phaw Wer :
🥰🥰🥰
2026-07-03 14:29:08
1
^~^=Pyae"$one=^~^ :
🥰🥰🥰
2026-08-15 19:35:03
0
To see more videos from user @williamest_120, please go to the Tikwm
homepage.