@ahkhara.solution: #ဘာတွေရပိုင်ခွင့်ရှိတာလဲ #အလုပ်ကနှုတ်ထွက်ခြင်း - ၃ အလုပ်သမားဉပဒေအကြောင်း သိကောင်းစရာ - ၄၉ အလုပ်ကနှုတ်ထွက်တဲ့အခါ ဘာတွေ ရပိုင်ခွင့်ရှိတာလဲ? အလုပ်ကနေ proper resignation နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်တဲ့အခါ၊ အလုပ်၊ ငွေကြေး၊ ပစ္စည်း ကိစ္စတွေကို လွှဲအပ်တာ ရှင်းလင်းတာတွေပြီးရင် သတ်မှတ်ထားတဲ့ကာလရောက်ရင် အလုပ်ကနေ ထွက်ခွာလို့ရပါပြီ။ အလုပ်မှနှုတ်ထွက်တဲ့ နောက်ဆုံးရက် Last date မတိုင်မီမှာ HR Department နဲ့ လစာ၊ အချိန်ပိုလုပ်ခ၊ တာဝန်ထမ်း ဆောင်စဉ်ကာလအတွက် ခံစားထိုက်တဲ့ ဆုကြေး၊ လုပ်သက်ခွင့်လက်ကျန် တို့ကို စာရင်းရှင်းလင်း ရမှာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွက် လစာ၊ အချိန်ပိုလုပ်ခ၊ ခံစားထိုက်တဲ့ ဆုကြေး (ဥပမာ- sales incentive/ commission) တို့ကို မဖြစ်မနေ ရရှိရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သီးခြားချီးမြှင့်လေ့ရှိတဲ့ Bonus (ဥပမာ- Annual Bonus တို့၊ Service Year Bonus တို့) ကတော့ ကုမ္ပဏီရဲ့ မူဝါဒအတိုင်းသာဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက ဒီလို bonus မျိုးကို prorated အချိုးကျတွက်ချက်ပြီး ခံစားခွင့်ပေးအပ်လိုက်တာမျိုးလည်း ရှိကြပါတယ်။ လုပ်သက်ခွင့်လက်ကျန်တွေနဲ့ ပတ်သက်လို့ကတော့ ၂၀၁၈ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေ၊ ပုဒ်မ (၄၀) မှာ- အလုပ်သမားသည် အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ပါက မိမိရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက် ကာလအတွက် ငွေကြေးခံစားခွင့်ကို အလုပ်ရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။ ပုဒ်မ (၄၁) မှာ- အလုပ်ရှင်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ လုပ်ငန်းသဘာဝအရ သတ်မှတ်ထားသည့် လုပ်ငန်းခွင်စည်းကမ်းအရဖြစ်စေ အလုပ်ရပ်စဲခံရသော အလုပ်သမား၏ လုပ်သက်ခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်ကို ထုတ်ပေးရမည်။ ဒါကြောင့် ခံစားခြင်းမပြုရသေးဘဲ ကျန်ရှိနေတဲ့ လုပ်သက်ခွင့်လက်ကျန်တွေကို ငွေကြေးခံစားခွင့်အဖြစ် ရရှိရမှာဖြစ်ပါတယ်။ ငွေကြေးခံစားခွင့်မဟုတ်ရင် ခွင့်အဖြစ် ခံစားခွင့်ပြုရမှာဖြစ်ပါတယ်။ ဒီလုပ်သက်ခွင့်လက်ကျန်တွေကို ခံစားလိုက်တဲ့အတွက် အလုပ်နှုတ်ထွက်ဖို့သတ်မှတ်ထားတဲ့ကာလကို တိုးမြှင့်တာမျိုး ပြုလုပ်လို့မရပါဘူး။ ဥပမာ- လုပ်သက်ခွင့် ၅ ရက်ကျန်တာကို ခွင့်အဖြစ်ခံစားလိုက်လို့ဆိုပြီး Resignation period ကို တစ်လ+ ၅ ရက်လို့ သတ်မှတ်လို့မရပါဘူး။ ဒါပေမယ့် အလုပ်တာဝန်တွေ လွှဲပြောင်းတာတွေ မပြီးပြတ်သေးတာကြောင့် Resignation period အတွင်း လုပ်သက်ခွင့်ကို ခံစားဖို့ခွင့်မပြုနိုင်ခဲ့ဘူးဆိုရင် ကျန်ရှိနေတဲ့ လုပ်သက်ခွင့်လက်ကျန်တွေကို ငွေကြေးခံစားခွင့် အဖြစ် ပေးချေရမှာဖြစ်ပါတယ်။ အခြား ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ မီးဖွားခွင့်စတဲ့ ခွင့်လက်ကျန်တွေအတွက်ကတော့ ငွေကြေးအကျိုးခံစားခွင့်နဲ့ ဖလှယ်ပြီး ရရှိမှာမဟုတ်ပါဘူး။ နောက်ပြီး အလုပ်ကနေ စနစ်တကျနဲ့ ရှင်းလင်းစွာ နှုတ်ထွက်ခွင့်ပြုကြောင်းကို တရားဝင်စာ Official Letter တောင်းခံရပါမယ်။ ဝင်ငွေခွန် Personal Income Tax ဆောင်ထားရင် အဲဒီအတွက် လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) ပုံစံကိုလည်း တောင်းခံရမှာဖြစ်ပါတယ်။ ကြိုတင်အကြောင်းကြားစာ Resignation Letter ပေးပို့ပြီး မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ခြင်း ဖြစ်တာ ကြောင့် (အခကြေးငွေ ပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့) ပုံမှန်လစာထုတ်ပေးနေတဲ့ သတ်မှတ်နေ့ရက်တွင် ရထိုက်တဲ့ အခကြေးငွေများကို ပေးချေရမှာဖြစ်ပါတယ်။ #ဇေယျာမင်းဦး #အက္ခရာ #AHKHARA_SOLUTION
AHKHARA SOLUTION @ အက္ခရာ
Region: MM
Friday 03 July 2026 14:37:41 GMT
Music
Download
Comments
matinmoekhaing4 :
ဘာအပြစ်မှလည်းမလုပ်ထားဘူးမလုပ်ချင်တော့လို့ထွက်တာ
2026-07-04 12:31:24
0
Maung :
ဥပမာ ကြီးလေးသောပစ်မှုစည်းကမ်းများဖြင့် ထူတ်ပယ်ခံရရင်ကော ပေးရလား
ခံစားခွင့်မရှိလို့တော့ ပြထားပါတယ်
ဝန်ထမ်းက တောင်းနေရင်ကော ခင်ဗျ
2026-07-04 09:46:21
0
To see more videos from user @ahkhara.solution, please go to the Tikwm
homepage.