@zone8983: ချစ်ရတာ နာကျင်လာရင် ဒါမှမဟုတ် ငြီးငွေ့လာရင် ချစ်နည်းကိုပဲ ပြောင်းလဲလိုက်ပါ၊ အနားမှာရှိတဲ့ ချစ် ရသူကိုတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အ သက်နဲ့ရင်းပြီး တကယ်ရင်ထဲကနေ သံယောဇဉ်ကြီး ကြီးနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတဲ့သူတစ်ယောက်တော့ အနည်းဆုံး ရှိဖူးကြလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ဆုံတွေ့ ခွင့်ရတဲ့အခါ မိမိအပိုင်ဖြစ်လာအောင်၊ ကိုယ့်ဘဝထဲ ခေါ်ဆောင်လာနိုင်အောင် ရုန်းကန်ကြိုးစားကြတာ သ ဘာဝပါပဲ။ တကယ်လို့များ ကိုယ်အသက်ထက်မက ချစ်ရတဲ့သူက ကိုယ့်အပိုင် ဖြစ်လာခဲ့ပြီဆိုရင် အရင် နေ့ရက်တွေထက် ပိုပြီးတော့ပဲ ဂရုစိုက်ချစ်ပေးကြမှာ အသေအချာပါပဲ။ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ် တွေက တကယ်ကို ဖြူစင်ပါတယ်၊ ဘာမျှော်လင့်ချက် မှမပါဘဲ တကယ်လည်း ရူးရူးမူးမူး ချစ်ခဲ့တာပါ။ ဒါ ပေမယ့် အချစ်က ဘယ်လောက်ပဲဖြူစင်ပါစေ အချိန် တွေ ကြာလာတဲ့အခါ၊ နေ့ရက်တွေ ရိုးအီလာတဲ့အခါ တစ်ခါတစ်လေ သူ့ကိုချစ်ရတာ နာကျင်တယ်လို့ ခံ စားရတာမျိုး၊ တစ်ခါတစ်လေ ဒီ Relationship ကြီး က စိတ်ညစ်စရာကောင်းပြီး မွန်းကျပ်ဖို့ကောင်းတယ် ဆိုပြီး ငြီးငွေ့မိသွားတာမျိုးဟာ လူတိုင်း ကြုံဖူးကြ မှာပါ။ အဲ့ဒီအခါ "ငါ သူ့ကို မချစ်နိုင်တော့ဘူးထင် တယ်" ဆိုတဲ့ စိတ်အလိုကိုလိုက်ပြီး ကိုယ့်လက်ကို တွဲထားတဲ့ ချစ်ရသူကို လက်လွှတ်လိုက်တာမျိုး၊ အ စားထိုးလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ လူနှစ်ယောက် အချိန်အကြာကြီးတွဲလာတဲ့အခါ ဒီလိုအချိုးအကွေ့ မျိုး၊ ဒီလို ခံစားချက်မျိုးက သဘာဝအတိုင်း ဖြစ် လာစမြဲပါ။ တကယ်တော့ ကိုယ်က သူ့ကို အရမ်းချစ် လွန်းလို့၊ ဆုံးရှုံးရမှာ ကြောက်လွန်းလို့သာ သူနဲ့ပတ် သက်သမျှ သေးသေးမွှားမွှားလေးကအစ ကိုယ့်အ တွက် တွေးစရာတွေ ဖြစ်လာရတာ။ "သူ ဘာလို့ စာ မပြန်တာလဲ တခြားသူနဲ့ ပြောနေလို့လား"၊ "သူ ဘာ လို့ အရင်လို မအားရတာလဲ... ငါ့ကိုပဲ ဂရုမစိုက်တော့ တာလား" ဆိုပြီး နောက််ထပ်အဆုံးမရှိတဲ့ သံသယ အတွေးပေါင်းများစွာနဲ့ပေါ့။ အထူးသဖြင့် အတွေး လွန်တတ်တဲ့ Overthinking သမားတွေဆိုရင် ဒီဒဏ် ကို ပိုပြီး ခံစားရပါတယ်။ ဒီလို သံသယတွေ၊ စိုးရိမ် စိတ်တွေနဲ့ နေ့စဉ်တွေးတောရင်း အချိန်ကြာလာတဲ့ အခါ အဲ့ဒီအတွေးတွေကပဲ ရင်ထဲမှာ အနည်ထိုင် ပြည့်နှက်လာပြီး "သူ့ကိုချစ်ရတာ နာကျင်လိုက်တာ၊ ပင်ပန်းလိုက်တာ" ဆိုပြီး အထီးကျန်မှုတွေ ဖြစ်လာ တော့တာပါပဲ။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့က ချစ်ရသူကို ပြောင်းလဲပစ်ဖို့ မကြိုးစားဘဲ၊ ကိုယ့်ရဲ့ "ချစ်နည်း" ကိုပဲ အေးအေးချမ်းချမ်းလေး ပြောင်း လဲပြီး ချစ်ကြည့်ကြရအောင်။ "မတွေးနဲ့" လို့ ပြော လည်း ချစ်နေသရွေ့တော့ တွေးမိနေဦးမှာပါပဲ။ တွေး ပါ... ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အဆိုးမြင်မယ့်အစား အကောင်းဘက်ကနေ လှည့် တွေးပေးကြည့်ပါ။ မတင်မကျဖြစ်ပြီး ရင်မောနေ မယ့်အစား တစ်ခုခုဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြ ပြီး ရင်ဖွင့်တိုင်ပင်ပါ။ ပြီးရင် သံသယတွေအကုန်လုံး ကို ဘေးချိတ်၊ အေးအေးချမ်းချမ်းလေးနဲ့ အပြန်အ လှန် ယုံကြည်မှုအပြည့်နဲ့ ပြန်ချစ်ကြည့်ကြမလား။ ဒီနေရာမှာ "ချစ်ရသူကိုမပြောင်းနဲ့" ဆိုတာက တစ် ဖက်လူက ကိုယ့်ကို တမင်သက်သက် နာကျင်အောင် လုပ်နေတာပဲဖြစ်ဖြစ်၊ သစ္စာဖောက် ဖောက်ပြန်သွား တာပဲဖြစ်ဖြစ် အဲ့လိုလူမျိုးကို အသေအလဲ ဆက်ဖက် တွယ်ထားဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ချစ်သူ က ကိုယ့်အနားမှာ ရှိနေပေးပြီး ကိုယ့်ကိုလည်း အချစ် တွေ ပေးနေပါလျက်နဲ့... ကိုယ့်ရဲ့ မလုံခြုံတဲ့အတွေး တွေ၊ အတ္တတွေကပဲ ကိုယ့်ကိုပြန်ပြီး နာကျင်အောင် နှိပ်စက်နေတာမျိုးဆိုရင်တော့...ကျွန်တော်တို့ဟာ တစ်ဖက်လူကို အပြစ်တင် စိတ်ကောက်မယ့်အစား၊ မိမိရဲ့ ချစ်နည်းအမှားလေးတွေကို ပြန်ပြင်ပြီး တစ်ခါ လောက် အသစ်ကပြန်စတဲ့အလား နားလည်မှုအပြည့် နဲ့ ပြောင်းလဲချစ်ကြည့်လိုက်ကြရအောင်။ #Crd:မူရင်းစာသား
M🦂
Region: JP
Friday 03 July 2026 15:13:38 GMT
Music
Download
Comments
🎀Hnin🎀 :
တညလုံးမျက်ရည်တေနဲ့အိပ်စက်စေခဲ့ပြီးနောက်နေ့ပြန်ရောက်ဘာမမသိလိုပုံစံမျိုးနဲ့လာပြန်ခေါ်တဲ့လူမျိုးဆိုရင်ကော😊
2026-07-04 07:00:46
276
Han Nwe 🦋 :
နာကျင်ရတယ် မစွန့်လွှတ်နိုင်ဘူးမို့ အေးအေးချမ်းချမ်းလေးပဲ ပြောင်းချစ်ဖို့ ကြိုးစားနေပါပြီ
2026-07-04 03:45:52
41
အရင်လိုပြန်နေချင်သေးတယ်❤️🩹 :
ငါမှာတော့ပြန်လာမလားလိုစောင့်နေတာလေဟာသူကတော့ချစ်သူလေးကချစ်စရာလေးတဲ့လား😞❤️🩹
2026-07-05 16:01:30
1
L O S T :
ကိုယ်ငိုနေရင်တောင်မချော့ပဲအိပ်သွားတက်တဲ့သူကို ကိုယ့်ဘက်ပါလာအောင်အမျိုးမျိုးလဲပြောင်းလဲပြီးဆွဲခေါ်ဖူးတယ် သူ့ဘက်ကလမ်းမခွဲပေးတာကလွဲလို့သူကအရာရာအရင်တိုင်းပုံမှန်ပဲ ကိုယ်ငိုသည်ဖြစ်စေ ကိုယ်စိတ်မချမ်းသာသည်ဖြစ်စေသူငဲ့မကြည့်ဘူး
2026-07-05 06:56:30
10
sangmite :
ကျေးဇူးရမ်းတင်ပါတယ် မဖျက်လိုက်နဲ့နော် သိမ်းထားမှာမို့🥰🤗😚
2026-07-05 15:10:07
1
Blake Carter :
ချစ်နည်းပြောင်းလဲ
ချစ်ရသူက ပြောင်းထားခဲ့တော့
ဘယ်တတ်နိုင်ပါ့မလဲ😞
2026-07-04 08:08:19
10
√リ尺の刀 :
ချစ်နည်းပြောင်းလိုက်တာချစ်ရသူပါ မရှိတော့ဘူး🗿🗿
2026-07-04 10:59:05
25
K🩵 :
ချစ်နည်းပြောင်းလိုက်ပါတယ်မဆက်သွယ်တော့ပဲရင်ထဲကပဲချစ်နေလိုက်ပါတယ်☺️
2026-07-05 06:38:34
7
y🥹🫶🏻 :
ချစ်နည်းပြောင်းလဲဒါကဒါဘာဘဲကွယ်
2026-07-05 11:35:30
1
AMOS🖤 :
စာသားလေးပေးပါလားစင့်
2026-07-04 18:07:21
1
May 🍀 :
ငိုရပေါင်း များလာရင်
သူ့မူမပြောင်းတော့ လူပြောင်းရုံပေါ့🤷
2026-07-05 05:40:47
1
Grace :
သူ့ကိုဒီvdလေးသွားပို့ပေးကြပါလား🤧
2026-07-04 15:42:57
1
Ahkar :
စာသားလေးရချင်လို့ပါ ဗျ🥰
2026-07-04 15:38:28
1
Y🧸 :
စာသားလေးပို့ပေးပါလားရှင့်
2026-07-04 11:25:16
1
Yu🐷🐷 :
စာသားလေးပေးပါလားရှင့်🥰
2026-07-04 06:47:00
1
❃❂✟yati✟❂❃ :
စာသားလေးရနိုင်မလာ့
2026-07-04 10:29:15
1
🐷Ŝ🐷(စလေသူလေး) :
စာသားလေးလိုချင်မိ
2026-07-04 10:14:00
1
ICEHNI :
ပို့ပေးပါအုန်းဗျ့
2026-07-04 10:10:58
1
ခွန်ဆာ🐦🔥 :
Crd p bro
2026-07-04 09:45:13
1
® :
စာသားလေး 🥺🤲🤲
2026-07-04 09:33:32
1
Hsu Pyae San :
သူ့ဘက်က မချစ်တော့ရင်ရော
2026-07-04 15:30:28
1
♉❣️Pookie ❣️♉ :
စာသားလေးပေးပါနော်🥰
2026-07-04 10:11:02
1
🍓🚬 :
စာသားလေးCopyချပေးပါလားဗျာ
2026-07-04 11:53:46
1
MaY🦔 :
စာသားလေးရှင့်
2026-07-04 09:12:47
1
To see more videos from user @zone8983, please go to the Tikwm
homepage.