@user1010729395950: ခင်ဗျားတို့သိလား...!? သွားပြီးတော့ မနှောင့်ယှက်တော့ခြင်းကလည်း အချစ်ပဲတဲ့။ ဘယ်လောက်ပဲ သဘောကျကျ၊ ဘယ်လောက်ပဲချစ်ချစ်... ကိုယ့်ကိုမလိုလားတဲ့ ပုံစံတွေ ပြလာတဲ့အခါမှာ နေတတ်အောင် နေပေးလိုက်ရတာမျိုးပေါ့။ ကိုယ့်ရဲ့ပေးဆပ်မှုတွေဟာ သူ့အတွက် အနှောင့်အယှက်ဖြစ်နေမှန်း သိလာပြီဆိုရင် ကျွန်တော်တို့တွေဟာ အလိုက်တသိနဲ့ ထွက်သွားပေးရတယ်။ ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုတွေကို လိုအပ်မယ်မထင်ပါဘူးလေ... ကျွန်တော်တို့မရှိလည်း သူတို့တွေက ဖြစ်နေတာပဲ။ တချို့မေတ္တာတွေက ကျွန်တော်တို့ဘက်က ပေးဆပ်ပြီးတော့ ဘယ်လောက်ပဲ ချစ်နေပါစေ... ကျွန်တော်တို့အတွက် ဖြစ်မလာနိုင်ပါဘူး။ အဲဒီအတွက် ကိုယ်ပေးဆပ်သလောက် တန်ဖိုးထားမခံရတဲ့အခါမှာ သွားပြီးတော့မနှောင့်ယှက်တော့ဘဲ တစ်ယောက်တည်း နေပေးလိုက်တာ ပိုကောင်းပါတယ်။။ အဝေးကချစ်ပေးရတာလည်း အချစ်ပဲမလား။။ ခင်ဗျားသိလား...? ကြားနေကျ အသံတွေ မကြားရတဲ့ရက်တွေဆိုရင် ခင်ဗျားကို ကျွန်တော် သိပ်လွမ်းတာပဲ။ ဖုန်းတွေဆက်ဖို့ဆိုပြီး ဖုန်းနံပါတ်တွေကို နှိပ်တယ်... "ငါဘာပြောရမှာလဲ" ဆိုတဲ့အတွေးရယ်၊ ပြီးတော့ "တစ်ဖက်က ဘာပြောလာမလဲ" ဆိုတဲ့အတွေးရယ်... အဲဒီအတွေးတွေရဲ့ကြားထဲမှာ မျက်ရည်တွေလည်း ကျလာရတယ်လေ။ လွမ်းလို့ဆိုပြီး အရင်လို ဂျီကျလို့ရတဲ့ အခြေအနေတွေ မဟုတ်တော့မှန်း တခါတလေ ကျွန်တော် မေ့သွားခဲ့တယ်ဗျာ။😞😞😞😞#အညာသားလေး

အဝေး လွင့်ငှက်ငယ်
အဝေး လွင့်ငှက်ငယ်
Open In TikTok:
Region: TH
Friday 03 July 2026 15:22:01 GMT
78
5
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @user1010729395950, please go to the Tikwm homepage.

Other Videos


About