@kyillmoe15: :အရှင်ဘုရားဘုရားတပည့်တော်မ (တနလာ်သမီး) သည် သက်ရှိထင်ရှားရှိနေကြသော ကြာသပတေးဖြစ်သော အဖေ နှင့် ကြာသပတေးသမီးဖြစ်သော အမေ မိဘနှစ်ပါးအတွက် သောက်တော်ရေ (၂၄)ခွက်၊ ဆီမီးအလင်းတိုင် (၂၄)တိုင်၊ ဝတ္ထုငွေ (၂၄)ရွက်၊ မြတ်သောပန်း (၂၄)ပွင့်တို့ဖြင့် သဒ္ဓါကြည်ဖြူစွာ ဆည်းကပ်လှူဒါန်း ပူဇော်ပါ၏ အရှင်ဘုရား။ ၁။ ဤသို့ သောက်တော်ရေ (၂၄)ခွက် သဒ္ဓါကြည်ဖြူစွာ ဆည်းကပ်လှူဒါန်း ပူဇော်ရသည့် အကျိုးအားကြောင့် ဘုရားတပည့်တော်မ၏ အဖေ နှင့် အမေ တို့သည် အနှောင့်အယှက် အတိုက်အခိုက် အနှောင်အဖွဲ့ ကင်းပြီး၊ ဤသောက်တော်ရေကဲ့သို့ အပူခပ်သိမ်း ငြိမ်းအေးကာ စိတ်နှလုံး အေးချမ်းရပါလို၏ အရှင်ဘုရား။ ၂။ ဤသို့ ဆီမီးအလင်းတိုင် (၂၄)တိုင် သဒ္ဓါကြည်ဖြူစွာ ဆည်းကပ်လှူဒါန်း ပူဇော်ရသည့် အကျိုးအားကြောင့် အဖေ နှင့် အမေ တို့သည် ဤအလင်းတိုင်ကဲ့သို့ ကောင်းသော ဂုဏ်သတင်းများ ထွန်းလင်းတောက်ပပြီး ဘဝ၏လမ်းခရီး အမြဲလင်းထိန်ရပါလို၏ အရှင်ဘုရား။ ၃။ ဤသို့ ဝတ္ထုငွေ (၂၄)ရွက် သဒ္ဓါကြည်ဖြူစွာ ဆည်းကပ်လှူဒါန်း ပူဇော်ရသည့် အကျိုးအားကြောင့် အဖေ နှင့် အမေ တို့သည် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဆင်ပြေချောမွေ့ပြီး ငွေကြေးလာဘ်လာဘများ ပွင့်လန်းကာ ကြွယ်ဝချမ်းသာရပါလို၏ အရှင်ဘုရား။ ၄။ ဤသို့ မြတ်သောပန်း ((၂၄)ပွင့် သဒ္ဓါကြည်ဖြူစွာ ဆည်းကပ်လှူဒါန်း ပူဇော်ရသည့် အကျိုးအားကြောင့် အဖေ နှင့် အမေ တို့သည် ဤပန်းကဲ့သို့ လူချစ်လူခင် ပေါများပြီး လှပတင့်တယ် မွှေးပျံ့သော ဂုဏ်သတင်းကြော်စောခြင်းတို့ဖြင့် သက်တော်ရာကျော် ရှည်ရပါလို၏ အရှင်ဘုရား။ "ဘုရားတပည့်တော်မသည် ရှင်တော်ဘုရားအား ရိုသေမြတ်နိုးစွာဖြင့် မိဘနှစ်ပါး ဘုန်းကံမြှင့်မားစေပြီး လာဘ်လာဘများတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပြီး မကောင်းသောဘေးအန္တရာယ် ကင်းဝေးစေရန် မေတ္တာသုတ်တော် (၃) ခေါက်၊ ပဋ္ဌာန်းအကျဉ်း ဒေသနာတော် (၃) ခေါက် တို့ကို ရွတ်ဖတ်ပူဇော်လှူဒါန်းခွင့်ပြုပါ အရှင်ဘုရား။"@𐙚 ˚HSOUNG"🪐
kyi lae🌊
Region: MM
Friday 03 July 2026 16:37:52 GMT
Music
Download
Comments
Gu Gu 11:11 ♏ :
ကိုယ်စားဆို မိဘ၂ပါးရဲ့ အဝတ်အစားလိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကံမြင့်မှသာ အဝတ်အစားက မထည့်ရတာပါ
2026-07-09 12:06:42
18
Yu Nandar :
တို့ဖေဖေနဲ့မေမေက နေ့နံမတူတော့ ဘယ်နေ့လုပ်ကပါ့မလည်း
2026-08-05 01:52:47
0
Khine Thwe :
အဲ့လိုဗန်းနဲ့ ပူဇော်ပေမဲ့ ပူဇော်ထားတဲ့ ဖယောင်းတိုင်လေးတွေ ၅-၁၀ မိနစ်လောက်အကြာ တဖြည်းဖြည်း လဲကုန်လို့ ရပါတယ်နော်ရှင့်
2026-08-04 03:33:06
0
အပြုံးလေးနဲ့ရှေ့ဆက်မယ် :
အမျိုးသားအတွက်လုပ်ရင်ရောဘယ်လိုလုပ်ရမလဲရှင့်မသိလို့ပါမမ🥰🥰🥰
2026-08-02 16:45:09
0
🌷Tulip🌷 :
အချိန်ကော ကန့်သတ်ထားလားရှင့်
2026-07-31 04:18:12
0
HSU HTET :
ဝတ္တုငွေက ဘုရားမှာလှူပီးရင်ဘလိုဆက်လုပ်ရမှာလဲရှင့် ဒီတိုင်းဘဲသိမ်းထားရမှာလား ဘုန်းကြီးကျောင်းကိုသွားလှူရမှာလားပြေားပေးပဦး လူက နိုင်ငံခြားမှာရှင့်
2026-07-29 17:31:19
0
Yuri Pa ❤️ :
အရင် ပုံမှန်ဘုရားရှစ်ခိုးတာအရင်ရှစ်ခိုးလို့ရလားမမ
2026-07-31 14:17:57
0
Su mon kyaw :
မေတ္တာသုတ်ကမရွတ်လည်းရလားအစ်မ မေတ္တာသုတ်မရလို့ပါ☺
2026-07-29 16:03:45
0
PhyoPhyo EiSan :
နတ်ပင့်နတ်ပို့ရောရွက်ရသေးလားရှင့်မမ🙏
2026-07-30 13:49:04
0
သူသူ :
မိဘကနေ့နမ်မတူတော့ဘယ်သူနေ့လုပ်ရလဲရှင့်
2026-07-29 11:42:52
0
🏳️🌈Mg Nyein🏳️🌈(Tachi) :
ကပ်ထားတဲ့ပိုက်ဆံကဘာပြန်လုပ်ရလဲပြန်သုံးလို့ရလား
2026-07-28 06:21:06
0
🐷May🐷 :
အမေကမရှိတော့အဖေတွက်လုပ်ချင်တာအဲလိုပဲဆုတောင်းရတာလား🙏🙏🙏
2026-07-19 04:39:33
1
phyu phyu khaing :
တပတ်၁ခါလုပ်ပေးရတာလားရှင့်ဘယ်နှစ်ကြိမ်လုပ်ပေးရပါသလဲဖြေပေးပါအုံးနော်❤️
2026-07-26 16:19:00
0
Kayin Lay3683 :
ဘယ်အချိန်ဖြစ်ဖြစ်ရလားရှင့်
2026-07-21 08:31:15
0
Ko Htet :
ဘယ်နေ့တွေလုပ်လို့ရလဲဗျ
2026-07-14 13:36:38
0
Phyoe :
ပဌာန် ကအကျယ်ရွတ်ရတာလားရှင့်
2026-07-17 08:51:08
0
မေ ♈(myanmar) :
အရေအတွက် 24ဆိုတာ ၂၄ပစ္စည်းကိုကိုယ်စားပြုတာလာရှက့်
2026-07-15 14:57:33
0
Nge :
ပိုပေလိုရလာအမစာသာလေ
2026-07-15 11:34:37
0
H :
မနက်ပိုင်းလုပ်ရတာလား ညပိုင်းလုပ်ရတာလား
2026-07-16 04:05:31
0
တာ :
ပဌာန်းအကျဉ်းပဲပူဇော်လို့ရလားရှင့်
2026-07-13 11:44:12
1
Sandi :
မဘယ်နှစ်နာရီထားရတာလဲမ
2026-07-15 08:53:50
0
Shwe Zin Moe :
ဝတ္တုငွေက ဘယ်လောက်တန်ဖြစ်ဖြစ်ရလား 💕
2026-07-13 09:31:18
2
Narawins 💫 :
မြတ်သောပန်းဆိုတာက ကြိုက်တဲ့ပန်း၂၄ပွင့်ကပ်ရတာလားဟင် ✋🏻🤍
2026-07-11 11:44:16
3
JAMES :
ရွတ်ဖတ်ရမယ့်စာသားလေးပို့ပေးလို့ရလားဗျcopyလုပ်ချင်လို့ပါဗျ🥰
2026-07-05 05:59:08
3
Lu Lue🌻 :
ဘာလို့ 24လဲဆိုတာသိလို့ရမလား
2026-07-12 05:38:55
1
To see more videos from user @kyillmoe15, please go to the Tikwm
homepage.