@zawmyo4685: ချစ်ရတာ နာကျင်လာရင် ဒါမှမဟုတ် ငြီးငွေ့လာရင် ချစ်နည်းကိုပဲ ပြောင်းလဲလိုက်ပါ၊ အနားမှာရှိတဲ့ ချစ် ရသူကိုတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အ သက်နဲ့ရင်းပြီး တကယ်ရင်ထဲကနေ သံယောဇဉ်ကြီး ကြီးနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတဲ့သူတစ်ယောက်တော့ အနည်းဆုံး ရှိဖူးကြလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ဆုံတွေ့ ခွင့်ရတဲ့အခါ မိမိအပိုင်ဖြစ်လာအောင်၊ ကိုယ့်ဘဝထဲ ခေါ်ဆောင်လာနိုင်အောင် ရုန်းကန်ကြိုးစားကြတာ သ ဘာဝပါပဲ။ တကယ်လို့များ ကိုယ်အသက်ထက်မက ချစ်ရတဲ့သူက ကိုယ့်အပိုင် ဖြစ်လာခဲ့ပြီဆိုရင် အရင် နေ့ရက်တွေထက် ပိုပြီးတော့ပဲ ဂရုစိုက်ချစ်ပေးကြမှာ အသေအချာပါပဲ။ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ် တွေက တကယ်ကို ဖြူစင်ပါတယ်၊ ဘာမျှော်လင့်ချက် မှမပါဘဲ တကယ်လည်း ရူးရူးမူးမူး ချစ်ခဲ့တာပါ။ ဒါ ပေမယ့် အချစ်က ဘယ်လောက်ပဲဖြူစင်ပါစေ အချိန် တွေ ကြာလာတဲ့အခါ၊ နေ့ရက်တွေ ရိုးအီလာတဲ့အခါ တစ်ခါတစ်လေ သူ့ကိုချစ်ရတာ နာကျင်တယ်လို့ ခံ စားရတာမျိုး၊ တစ်ခါတစ်လေ ဒီ Relationship ကြီး က စိတ်ညစ်စရာကောင်းပြီး မွန်းကျပ်ဖို့ကောင်းတယ် ဆိုပြီး ငြီးငွေ့မိသွားတာမျိုးဟာ လူတိုင်း ကြုံဖူးကြ မှာပါ။ အဲ့ဒီအခါ "ငါ သူ့ကို မချစ်နိုင်တော့ဘူးထင် တယ်" ဆိုတဲ့ စိတ်အလိုကိုလိုက်ပြီး ကိုယ့်လက်ကို တွဲထားတဲ့ ချစ်ရသူကို လက်လွှတ်လိုက်တာမျိုး၊ အ စားထိုးလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ လူနှစ်ယောက် အချိန်အကြာကြီးတွဲလာတဲ့အခါ ဒီလိုအချိုးအကွေ့ မျိုး၊ ဒီလို ခံစားချက်မျိုးက သဘာဝအတိုင်း ဖြစ် လာစမြဲပါ။ တကယ်တော့ ကိုယ်က သူ့ကို အရမ်းချစ် လွန်းလို့၊ ဆုံးရှုံးရမှာ ကြောက်လွန်းလို့သာ သူနဲ့ပတ် သက်သမျှ သေးသေးမွှားမွှားလေးကအစ ကိုယ့်အ တွက် တွေးစရာတွေ ဖြစ်လာရတာ။ "သူ ဘာလို့ စာ မပြန်တာလဲ တခြားသူနဲ့ ပြောနေလို့လား"၊ "သူ ဘာ လို့ အရင်လို မအားရတာလဲ... ငါ့ကိုပဲ ဂရုမစိုက်တော့ တာလား" ဆိုပြီး နောက််ထပ်အဆုံးမရှိတဲ့ သံသယ အတွေးပေါင်းများစွာနဲ့ပေါ့။ အထူးသဖြင့် အတွေး လွန်တတ်တဲ့ Overthinking သမားတွေဆိုရင် ဒီဒဏ် ကို ပိုပြီး ခံစားရပါတယ်။ ဒီလို သံသယတွေ၊ စိုးရိမ် စိတ်တွေနဲ့ နေ့စဉ်တွေးတောရင်း အချိန်ကြာလာတဲ့ အခါ အဲ့ဒီအတွေးတွေကပဲ ရင်ထဲမှာ အနည်ထိုင် ပြည့်နှက်လာပြီး "သူ့ကိုချစ်ရတာ နာကျင်လိုက်တာ၊ ပင်ပန်းလိုက်တာ" ဆိုပြီး အထီးကျန်မှုတွေ ဖြစ်လာ တော့တာပါပဲ။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့က ချစ်ရသူကို ပြောင်းလဲပစ်ဖို့ မကြိုးစားဘဲ၊ ကိုယ့်ရဲ့ "ချစ်နည်း" ကိုပဲ အေးအေးချမ်းချမ်းလေး ပြောင်း လဲပြီး ချစ်ကြည့်ကြရအောင်။ "မတွေးနဲ့" လို့ ပြော လည်း ချစ်နေသရွေ့တော့ တွေးမိနေဦးမှာပါပဲ။ တွေး ပါ... ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အဆိုးမြင်မယ့်အစား အကောင်းဘက်ကနေ လှည့် တွေးပေးကြည့်ပါ။ မတင်မကျဖြစ်ပြီး ရင်မောနေ မယ့်အစား တစ်ခုခုဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြ ပြီး ရင်ဖွင့်တိုင်ပင်ပါ။ ပြီးရင် သံသယတွေအကုန်လုံး ကို ဘေးချိတ်၊ အေးအေးချမ်းချမ်းလေးနဲ့ အပြန်အ လှန် ယုံကြည်မှုအပြည့်နဲ့ ပြန်ချစ်ကြည့်ကြမလား။ ဒီနေရာမှာ "ချစ်ရသူကိုမပြောင်းနဲ့" ဆိုတာက တစ် ဖက်လူက ကိုယ့်ကို တမင်သက်သက် နာကျင်အောင် လုပ်နေတာပဲဖြစ်ဖြစ်၊ သစ္စာဖောက် ဖောက်ပြန်သွား တာပဲဖြစ်ဖြစ် အဲ့လိုလူမျိုးကို အသေအလဲ ဆက်ဖက် တွယ်ထားဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ချစ်သူ က ကိုယ့်အနားမှာ ရှိနေပေးပြီး ကိုယ့်ကိုလည်း အချစ် တွေ ပေးနေပါလျက်နဲ့... ကိုယ့်ရဲ့ မလုံခြုံတဲ့အတွေး တွေ၊ အတ္တတွေကပဲ ကိုယ့်ကိုပြန်ပြီး နာကျင်အောင် နှိပ်စက်နေတာမျိုးဆိုရင်တော့...ကျွန်တော်တို့ဟာ တစ်ဖက်လူကို အပြစ်တင် စိတ်ကောက်မယ့်အစား၊ မိမိရဲ့ ချစ်နည်းအမှားလေးတွေကို ပြန်ပြင်ပြီး တစ်ခါ လောက် အသစ်ကပြန်စတဲ့အလား နားလည်မှုအပြည့် နဲ့ ပြောင်းလဲချစ်ကြည့်လိုက်ကြရအောင်။ #crd #fyp #စာရှည် #foryoupage

A🫀
A🫀
Open In TikTok:
Region: TH
Friday 03 July 2026 18:11:06 GMT
150036
12470
96
2169

Music

Download

Comments

win.ko.ko206
Win Ko Ko :
ကောင်းလိုက်တာဗျာ ဒီလိုအတွေးရှင်ကိုရှာနေတာ
2026-07-26 14:23:58
2
trisha200994
💢🥀Tr...i...ßhã👀🍁 :
စာသားလေးcpပေးပါလားး🥰😁😻
2026-07-26 14:29:28
1
whittzdecy0
W🍒 :
စာသားလေးcopyပါရစေရှင့် ပြန်မျှဝေချင်တယ်
2026-07-26 14:11:21
1
kyugirl07
😍Kùę😍 :
စာသားလေးပေးချင်ဘူးလား
2026-07-26 09:10:09
1
unknownds137
Sai Yan Naing :
ရှိခဲ့ဖူးပါတယ် ချစ်သူလဲဖို့တော့မဟုတ်ဘူး၊ ချစ်နည်းပြောင်းကြည့်ဖို့ပါ။ အရင်ဆို ကိုယ်ကလည်းအရမ်းချစ်တော့ အသေးမွှားကစလိုက်ဂရုစိုက်ပေးနေတာကို ဖုန်းခေါ်ရင်မကိုင်တာတို့၊ စာပို့ထားရင်စာပြန်နောက်ကျတာတို့ဆိုရင် "အော်.. သူမအားတာနေမှာပါ" ဆိုတဲ့ အကောင်းတွေးတွေထက် သူဘယ်ရောက်နေလဲ ဘာတွေလုပ်နေရလို့ဖုန်းကိုမကိုင်ရဲ၊ မကိုင်နိုင်တာလဲ ဆိုပြီး တကိုယ်ကောင်းဆန်မဲ့အတွေးမျိုးတွေ ဝင်လာမိခဲ့ဖူးပါတယ် ကိုယ်ကလည်းသူ့ကို ဆုံးရှုံးမခံနိုင်လောက်အောင်ချစ်တာဆိုတော့ ပါသွားမှာ ထွက်သွားမှာ ကြောက်မိတာပေါ့၊ အဲ့လိုအတွေးတွေကလည်း တဘက်သူကိုမယုံသလို၊ အထင်သေးသလိုဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် အခုဆိုရင် ကိုယ်ကံပါရင်ပိုင်ဆိုင်ရမှာပါ ဆိုတဲ့ မျှော်လင့်ခြင်းတစ်ခုနဲ့သာ လက်တွဲနေခဲ့ပါတယ်၊ သူ့ကိုလည်းမယုံတာမျိုမဖြစ်စေချင်သလို ကိုယ်လည်းရင်ပူစရာတွေကိုအတတ်နိုင်ဆုံးလျော့ချနိုင်သွားတာပေါ့ဗျာ။
2026-07-26 09:51:19
4
user652159975
pyae pyae :
စာသားလေးcopyပါရစေရှင့်
2026-07-26 02:01:36
1
soepaing311
Soepaing🍀 :
ချစ်နည်းပြောင်းပြီးချစ်ကြည့်ပြီးပါပြီကိုယ်ဖြစ်နေလို့ကိုမချစ်တော့တာတဲ့
2026-07-04 14:14:43
6
htet.myat.aung6005
Htet Myat Aung😊ဘောက်ဘောက်😊 :
😊တချို့တွေကလူပြောင်းဖို့ဘဲတွေးကြတာ
2026-07-26 14:05:27
1
kixx2.37
N👾 :
မူမပြောင်းတော့ လူပြောင်းသွားပီ
2026-07-26 11:54:50
1
tl10.4.2010
♡T.L♡ :
အကို့စာသာလေးကြိုက်လို့ ပေးပါအုံးဗျာ ကျနော့်မမကိုပို့ပေးချင်လို့ပါဗျာ
2026-07-24 14:53:19
1
myat.noe.hlaing72
🌿Daw Myat Noe 🌿ပြည်တော်သာသူ :
မေ့နိုင်အောင်တော့ကြိုးစားနေတာပါဘဲ
2026-07-26 11:42:33
1
leo.7969
Lion :
ပြောင်းမှရတော့မယ့်အခြေအနေပါ သူကတော့ပြောင်းလဲမှာမှမဟုတ်တာ 💔
2026-07-10 14:27:12
4
sawsaw7713
saw :
ဒါမဲ့မရခဲ့ဘူးဗျ မချိနိုင်တော့ဘူးတဲ့🥺
2026-07-19 15:24:28
1
hein.bo.bo65
Kaos.Official Acc :
ချစ်နည်းပြောင်းလိုက်ပါတယ် ဒါပေမဲ့သူ့အပေါ်ကိုအချစ်မဟုတ်တ့ဲမေတ္တာပဲရှိတော့တာဘာကြောင့်လဲ🥺🥺
2026-07-12 11:40:45
2
kyawthiha1010
Kyaw Thiha :
ဒီလူကိုပဲ အမြဲ ချစ်နေဖို့ ပြောင်းလဲ ခဲ့ရတာ မာနတွေရော
2026-07-07 13:52:50
1
khinbhonewai07
🇲🇲 DAW KHIN BHONE WAI 🇴🇲 :
ချစ်နည်းပြောင်းပေးခဲ့ပါတယ် သူ့ဘဝမပြည့်စုံလို့ မခေါ်ရက်ဖူးတဲ့လေ🥺
2026-07-04 09:52:00
1
user9805824600134
user9805824600134 :
ချစ်နည်းပြောင်းကြည့်တာ ပြတ်သွားပြီ😁
2026-07-05 07:48:55
1
p071410
PiSi 🌷 :
ပြောင်းလဲခဲ့ပါတယ်
2026-07-09 12:00:45
1
s.n.a98
𝑆"♡︎ :
စာလေcrdပေးပါတယ်
2026-07-25 03:45:14
1
myat.noe.hlaing72
🌿Daw Myat Noe 🌿ပြည်တော်သာသူ :
သူကမှကိုယ်ကိုမလိုတာလေဘယ်လိုဘဲပြောင်းချစ်ချစ်ကိုယ်ဘဲခံစားရလက်မလွှတ်နိုင်တာဘဲအဖက်တင်တယ်အခုတော့အရဲစွန့်ပီးပျတ်လိုက်ပါပိသူကတော့အေးဆေးဘဲကိုယ်ကတော့ပျတ်တယ်လိုသာပြောလိုက်တာမေ့နိုင်မယ်လို့မထင်သေးဘူး
2026-07-08 13:06:23
4
wohlaing
General_WoHlaing ♒🃏 :
လူပြောင်းဖို့ဘဲရွေးချယ်ခဲ့ပါတယ် 🤗
2026-07-04 13:15:32
1
scarlatt147
🅨︎🅞︎🅞︎🅝︎ ʕ•ᴥ•ʔ💗 :
စာသားလေးချပေးပါလားဗျ..ပြန်တင်ချင်လို့🥰
2026-07-05 01:47:02
1
tk02208
user52681788880 :
မလွယ်ပါဘူး
2026-07-05 06:27:12
1
chyou143
𝙼𝚢 𝚁𝚎𝚐𝚒𝚗𝚊 🍓🩷 :
စာသားလေး ယူတင်ခွင့်ပြုပါဗျ ။ လေးစားလျက်ပါ
2026-07-09 13:59:29
1
tobecontinue855
Active now :
That's right bro!!
2026-07-04 05:39:01
1
To see more videos from user @zawmyo4685, please go to the Tikwm homepage.

Other Videos


About