@gentryjoiner: #twopieceset #affordablefashion #momfashion #fashionfinds #comfyfashion

Gentry Stevens Joiner
Gentry Stevens Joiner
Open In TikTok:
Region: US
Friday 03 July 2026 19:13:31 GMT
749
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @gentryjoiner, please go to the Tikwm homepage.

Other Videos

အသက်ကြီးလာရင် နေတတ်မှပါ။ မနေတတ်ရင် ကိုယ်က အားလုံးရဲ့ ရွံရှာကြောက်ရွံ့ခြင်းကို ခံရသူ ဖြစ်လာပါလိမ့်မယ်။ ​တချို့အရာတွေကို မမေးရဘူး၊ မသိချင်ယောင် ဆောင်ပေးရပါတယ်။ သူတို့မှာ သူတို့ပြဿနာနဲ့ သူတို့ ရှိနေကြတာပါ။ ကိုယ်ပါဝင်ဖို့ လိုအပ်ရင် သူတို့ ပြောပြလာပါလိမ့်မယ်။ မပြောရင်တော့ ကိုယ့်ကို မလိုအပ်သေးလို့ပါပဲ။ ​တချို့ကိစ္စတွေကို မမေးဘဲနဲ့ မပြောရသလို၊ မတောင်းဆိုဘဲနဲ့လည်း အကြံဉာဏ်တွေ မပေးရပါဘူး။ သင့်ခေတ်တုန်းက အတွေ့အကြုံတွေဟာ သူတို့ခေတ်မှာ ကိစ္စတိုင်းအတွက် မလိုအပ်တော့သလို၊ အသုံးမဝင်တော့တာ၊ တန်ဖိုးမထားတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေရာတကာမှာ မပါဝင်သင့်ပါဘူး။ ​
အသက်ကြီးလာရင် နေတတ်မှပါ။ မနေတတ်ရင် ကိုယ်က အားလုံးရဲ့ ရွံရှာကြောက်ရွံ့ခြင်းကို ခံရသူ ဖြစ်လာပါလိမ့်မယ်။ ​တချို့အရာတွေကို မမေးရဘူး၊ မသိချင်ယောင် ဆောင်ပေးရပါတယ်။ သူတို့မှာ သူတို့ပြဿနာနဲ့ သူတို့ ရှိနေကြတာပါ။ ကိုယ်ပါဝင်ဖို့ လိုအပ်ရင် သူတို့ ပြောပြလာပါလိမ့်မယ်။ မပြောရင်တော့ ကိုယ့်ကို မလိုအပ်သေးလို့ပါပဲ။ ​တချို့ကိစ္စတွေကို မမေးဘဲနဲ့ မပြောရသလို၊ မတောင်းဆိုဘဲနဲ့လည်း အကြံဉာဏ်တွေ မပေးရပါဘူး။ သင့်ခေတ်တုန်းက အတွေ့အကြုံတွေဟာ သူတို့ခေတ်မှာ ကိစ္စတိုင်းအတွက် မလိုအပ်တော့သလို၊ အသုံးမဝင်တော့တာ၊ တန်ဖိုးမထားတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေရာတကာမှာ မပါဝင်သင့်ပါဘူး။ ​"ငါက အဖေပဲ၊ ငါက အမေပဲ၊ ငါက ဦးလေးပဲ၊ ငါက အဒေါ်ပဲ၊ ငါက အဖိုးပဲ၊ ငါက အဖွားပဲ" ဆိုတဲ့ အသက်အရွယ်ကြီးရင့်မှု တစ်ခုတည်းကို အကြောင်းပြုပြီး နေရာတကာမှာ အတင်းဝင်ပါချင်နေလို့ မရပါဘူး။ လူအများစုနဲ့ အဆင်ပြေအောင် နေတတ်ဖို့ လိုအပ်ပါတယ်။ ​စုဆောင်းထားတဲ့ ဥစ္စာစည်းစိမ် ရှိရင်တော့ အဲဒီစည်းစိမ်ကြောင့် လူရိုသေမှု ရရှိနေပါလိမ့်မယ်။ စုဆောင်းထားတဲ့ ဥစ္စာစည်းစိမ် မရှိရင်တော့ တရားရှိအောင် နေရပါမယ်။ ဒါမှသာ လူတွေက လေးစားမှာပါ။ ​တချို့ကိစ္စတွေမှာ ကိုယ့်ရဲ့အတွေးအခေါ်ဟောင်းတွေ မလိုအပ်တော့ဘူးဆိုတာကို သိထားရပါမယ်။ ကိုယ့်ရဲ့အတွေ့အကြုံဟောင်းတွေဟာ ခေတ်မမီတော့ဘူးဆိုတာကိုလည်း လက်ခံနိုင်ရပါမယ်။ အသက်ကြီးလို့ လူကြီးဖြစ်လာတာဟာ ငယ်သူတွေအားလုံးက မဖြစ်မနေ ရိုသေနေရမယ်ဆိုတဲ့ အတွေးကို ဆင်ခြင်ပါ။ ​ခေတ်ကာလဟာ ပိုပြီးတော့ ဆုတ်ယုတ်လာဖို့ပဲ ရှိပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ လူတွေဟာ ပိုပြီးတော့ ရိုင်းစိုင်းလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်မှာ အိုမင်းလာမယ့် သင့်အတွက် နေရာတိုင်းမှာ နေတတ်အောင်နေဖို့ပဲ ကြိုးစားပါ။ ​အခုကတည်းက အိုစာမင်းစာ စုဆောင်းပါ။ ကိုယ့်ဝန်ထုပ်ဟာ သူများအပေါ် မပိအောင် ကျန်းမာရေးကို စတင်လိုက်စားပါ။ မေတ္တာတရား (အမှန်တကယ်) ကိန်းအောင်းအောင် စိတ်ကို လေ့ကျင့်ပါ။ မာန်မာနတွေရှိရင် တဖြည်းဖြည်းနဲ့ လျှော့ချပါ။ သင့်ထက် ကြီးကျယ်ခမ်းနားခဲ့တဲ့လူတွေ သင်္ချိုင်းရဲ့ ကမ္ဗည်းစာမှာ အများကြီး ဖတ်လို့ရပါတယ်။ ​"ဘယ်သူနဲ့မှ မနေဘူး၊ ငါ့ရာထူး၊ ငါ့စည်းစိမ်နဲ့ ငါ့ဖာသာ ငါတစ်ယောက်တည်း နေမယ်" ဆိုတာ သင် မအိုသေးလို့၊ မနာမကျန်း မဖြစ်သေးလို့ ပြောတာပါ။ လူအိုရုံတို့၊ ဘိုးဘွားရိပ်သာတို့က လူတွေလည်း သန်တုန်းမြန်တုန်း၊ ရှာနိုင်ဖွေနိုင်တုန်း၊ ငယ်စဉ်ကာလက အဲဒီလိုပဲ ကြွေးကြော်ခဲ့ဖူးတယ်ဆိုတာ သင် မမေ့ပါနဲ့။ ​မေတ္တာတရားဖြင့်သာ ရှင်သန်ပါ။ ဒါဆိုရင် သင့်နားမှာ လူတွေ အမြဲတမ်း ရှိနေမှာပါ။

About