@ashinagga969: ​📋 မေတ္တသုတ် မြန်မာပြန် ​၁။ စီးပွားချမ်းသာကို လိုလားသော၊ ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို ကောင်းစွာသိသောသူသည် (ပြုလုပ်ရမည့်) ဝတ်တရားကို ပြုလုပ်အပ်၏။ (ထိုသို့ ပြုလုပ်ရာတွင်) ကိုယ်ရောစိတ်ပါ စွမ်းဆောင်နိုင်သူ ဖြစ်ရမည်၊ ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်၊ အလွန်အမင်း ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်၊ (သူတစ်ပါး ပြောဆိုဆုံးမသည်ကို) အလွယ်တကူ နာယူတတ်သူ ဖြစ်ရမည်၊ နူးညံ့သိမ်မွေ့သူ ဖြစ်ရမည်၊ ထောင်လွှားတက်ကြွသော မာနမရှိသူ ဖြစ်ရမည်။ ​၂။ ရောင့်ရဲလွယ်သူ ဖြစ်ရမည်၊ မွေးမြူရလွယ်သူ ဖြစ်ရမည်၊ အမှုကိစ္စ နည်းပါးသူ ဖြစ်ရမည်၊ ပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိသူ ဖြစ်ရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး၌ မကြမ်းတမ်းသူ ဖြစ်ရမည်၊ ဒါယကာတို့၏ အိမ်၌ တွယ်တာမက်မောမှု မရှိသူ ဖြစ်ရမည်။ ​၃။ ပညာရှိတို့ ကဲ့ရဲ့ပြစ်တင်အပ်သော အနည်းငယ်မျှသော မကောင်းမှုကိုလည်း မပြုလုပ်ရာ။ (ထို့နောက် သတ္တဝါတို့အပေါ် ဤသို့ မေတ္တာပွားရမည်) – ​"ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ စိတ်နှလုံး အေးချမ်းကြပါစေ။" ​၄-၅။ ထွက်သက်ဝင်သက်ရှိသော သတ္တဝါ၊ ကြောက်တတ်သော သတ္တဝါ (ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်)၊ မကြောက်တတ်သော သတ္တဝါ (ရဟန္တာ)၊ ရှည်လျားသော သတ္တဝါ၊ ကြီးမားသော သတ္တဝါ၊ အလတ်စား သတ္တဝါ၊ တိုတောင်းသော သတ္တဝါ၊ အနုမြူကဲ့သို့ သေးငယ်သော သတ္တဝါ၊ ဆုဖြိုးသော သတ္တဝါ၊ ​မျက်စိဖြင့် မြင်ရသော သတ္တဝါ၊ မမြင်ရသော သတ္တဝါ၊ အနီး၌ နေသော သတ္တဝါ၊ အဝေး၌ နေသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲ (ဘဝသစ်ကို ရှာဆဲ) သတ္တဝါ... ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ။ ​၆။ တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ်ခြင်း မပြုပါစေနှင့်၊ ဘယ်နေရာမှာမဆို တစ်ဦးတည်းသောသူကိုမျှ မုတ်ဆိုးမျက်မှောက် ပြု၍ မထင်မဲ့မြင် မပြုပါစေနှင့်၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်းကြောင့် အချင်းချင်း ဆင်းရဲဒုက္ခ ဖြစ်စေလိုသော စိတ်မရှိပါစေနှင့်။ ​၇။ အမိသည် မိမိမွေးဖွားထားသော တစ်ဦးတည်းသောသားကို အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့၊ ထို့အတူပင် ခပ်သိမ်းသော သတ္တဝါတို့အပေါ်၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။ ​၈။ အထက်ဘဝဂ်တိုင်အောင်၊ အောက်အဝီစိတိုင်အောင်၊ အလယ်ဖီလာ ကန့်လန့်ခရီးတိုင်အောင်... တစ်လောကလုံး၌ အတိုင်းအရှည်မရှိသော၊ ရန်သူမရှိသော၊ ရန်ငြိုးမရှိသော မေတ္တာစိတ်ကိုသာလျှင် ပွားများရာ၏။ ​၉။ ရပ်နေစဉ်ဖြစ်စေ၊ သွားနေစဉ်ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ အိပ်စက်ခြင်းမရှိဘဲ နိုးကြားနေသမျှ ကာလပတ်လုံး ဤမေတ္တာကမ္မဋ္ဌာန်းကို အစဉ်အမြဲ သတိရအပ်၏။ ဤသို့ မေတ္တာဖြင့် နေခြင်းကို မြတ်စွာဘုရားတို့က "မြတ်သော နေခြင်း (ဗြဟ္မဝိဟာရ)" ဟု ဟောတော်မူကြ၏။ ​၁၀။ မေတ္တာပွားများသော ထိုသူသည် မိစ္ဆာဒိဋ္ဌိအယူသို့ မကပ်ဘဲ၊ သီလရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံကာ၊ ကာမဂုဏ်တို့၌ တွယ်တာမက်မောမှုကို ပယ်ဖျောက်နိုင်သဖြင့် စင်စစ် ဧကန် နောက်ထပ်တစ်ဖန် မိခင်ဝမ်းတည်းဟူသော ပဋိသန္ဓေနေရခြင်း (ဘဝသစ်ဖြစ်ခြင်း) သို့ မရောက်တော့ဘဲ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပေတော့မည်။ ​💡 မေတ္တသုတ်တော်၏ အကျိုးကျေးဇူးများ ​မေတ္တသုတ်တော်ကို နေ့စဉ် ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပွားများခြင်းဖြင့်: ​အိပ်ပျော်လျှင်လည်း ချမ်းသာစွာ အိပ်ရခြင်း၊ ​နိုးလျှင်လည်း ချမ်းသာစွာ နိုးရခြင်း၊ ​အိမ်မက်ဆိုးများ မမက်ခြင်း၊ ​လူ၊ နတ်၊ ဗြဟ္မာတို့ ချစ်ခင်မြတ်နိုးခြင်း၊ ​ဘေးအန္တရာယ်၊ အဆိပ်အတောက်နှင့် လက်နက်ဘေးများမှ ကင်းဝေးခြင်း စသည့် အကျိုးတရားများကို ခံစားရရှိနိုင်ပါသည်။ #ဘဝအတွက်စာဖတ်ပါ #ပရိတ်ကြီး၁၁သုတ် #မေတ္တာသုတ် #ashinagga #နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏🙏

AshinAgga(MDY)
AshinAgga(MDY)
Open In TikTok:
Region: MM
Friday 03 July 2026 23:59:22 GMT
120668
16682
149
1327

Music

Download

Comments

thet.thet.mon288
モンさん🇯🇵 :
မေတ္တာသုတ်လည်းရွတ်တယ် ပဌာန်းလည်းရွတ်တော့ဘသူမှကို့အနားမှာအကြာကြီးမနေနိုင်ကြဘူး🥰
2026-07-09 23:40:49
46
mya.myint.zuu20
ChelsaⓂ♥(* ° × ° *)♥Ⓜ :
မေတ္တာသုတ်ရွတ်ရမှာကြောက်လဲ ကြောက်တယ်ရွတ်လဲရွတ်ချင်တယ်ကိုယ့်ဘေးမှာကိုယ့်ကိုတကယ်ချစ်တဲ့သူတွေမရှိသလောက်ရှားမှန်းသိနေလို့
2026-07-11 04:07:02
6
hsu.nova
Hsu 🐻 :
နေ့တိုင်းရွတ်ဖစ်ပါတရ်အဓိဌာန်လဲဝင်ထားတရ် တကယ်လဲတယောက်ထဲ အေးချမ်းရပါတရ်☺
2026-07-11 06:38:05
2
mayzin77723
May Zin :
ရွတ်ဖြစ်ပါတယ်🥰 မကောင်းတဲ့သူတွေနဲ့ကွေ့ကွင်းနိုင်တယ်တဲ့ but ကိုယ်သူ့ကိုယုံတယ်😥🥰🥰🥰
2026-07-11 07:38:59
1
kiko00064
ရာသီမလာတဲ့မမ K!~k0 :
2026-07-11 07:57:06
1
khinlay4692
🇲🇲♉Khin Aye Naing♉🇸🇬 :
မေတ္တာ သုတ် သရဏဂုံ ပဠာန်း အကျဥ်းနေ့တိုင်းရွတ်တော့ တစ်ယောက်ထဲ ဖြစ်ပေမယ့် အေးချမ်းတယ်လို့ ခံစားရတယ်
2026-07-11 06:32:25
1
averyt95
🌷@n.sol☀️♏ :
တကယ်တစ်ယောက်ထဲဖြစ်သွားတာပါ အခုအနားမှာဘယ်သူမှမရှိတော့ဘူး ကျောင်းမှာတုန်းက အလွတ်မရလို့ ဘုရားကန်တော့တိုင်း အမြဲဆိုနေတာ အခုတော့ အနားမှဘယ်သူမှမရှိကြတော့ဘူး တစ်ယောက်ထဲလည်း အဆင်ပြေအောင်နေနေပါတယ်
2026-07-11 03:36:57
9
nan10tt01
🌞NANN MOE KHAM🌞 :
မေတ္တာသုတ်မနက်၉ခေါက်ဂုဏ်တော်ကိုးပါးည၉ခေါက်ရွတ်တာလာလာိက်တဲ့ပြသနာပေါင်းသောင်းခြောက်ထောင်တော်တော်လေးကိုစိတ်ထိန်ခဲ့ရတယ်
2026-07-11 07:02:11
1
innocent1223434
SAI AUNG😊🍀 :
မရွတ်ရဲတော့ဘူးဗျာ😌ကုသိုလ်မရရင်နေပါစေတော့ကိုချစ်ရတဲ့သူတေအဆံုးရှုံးမခံနိုက်ဘူး🥺
2026-07-11 03:25:14
5
vikakii2
cappygurl_4lone :
သရဏဂုံ နဲ့မေတ္တာသုတ်နေ့တိုင်းရွတ်ပေးတာ healthy relationship ရပါတယ်ရှင့် မေတ္တာထားရင်အေးချမ်းပါရှင့်🙏
2026-07-11 03:01:37
8
phyophyowaimyokyaw
Phyo Phyo Wai :
ရလဲရပဲနဲ့
2026-07-11 08:20:29
1
tulip6962
Rura :
ကိုယ်ကနေမကောင်းဖြစ်ရင်ရော
2026-07-11 06:50:11
1
ame31223
Rain さん🌧️👻 :
အနားမရှိတောင် ရွတ်တဲ့ကိုယ်ရော သူ့စိတ်လေးရော အေးချမ်းနေရင်ရပါပီ
2026-07-11 05:19:43
1
tin.phyo.wai437
Tin Phyo Wai (အညာသား) :
တစ်ကယ်ကြီးနော်အဲ့တာ
2026-07-11 01:47:41
1
hnin_lay7
Ἅ᭥HninἍ᭥ :
တကယ်တစ်ယောက်ထဲအေးချမ်းနေရော
2026-07-11 02:35:00
1
theintmay3
🌸Smile💙 :
ကိုယ့်မှာတော့မစစ်မှန်တဲ့သူတွေထွက်သွားပြီး စစ်မှန်တဲ့သူတွေပဲ ကျန်ခဲ့တယ် လူချစ်လို့ခင်များလာတယ် စေတနာရှိတဲ့သူတွေနဲ့ သူတော်ကောင်းတွေနဲ့ပဲတွေ့ရတော့တယ် ကိုယ်တိုင်လည်းစိတ်အရမ်းအေးချမ်းရတယ် အခုချိန်မှာသိလိုက်ရတာက ကိုယ်ကိုလုပ်ခဲ့တဲ့သူတွေက လပိုင်းလောက်ပဲကြာတယ် ကိုယ့်ရှေ့မှာပဲပြန်ဝဋ်လည်နေကြပီ အော်... ဝဋ်ဆိုတာ ဘဝမကူးပါလားလို့ သံဝေဂလဲရပါတယ်🥺🙏🙏🙏
2026-07-09 04:52:57
9
sunfrower1
Htet Myat Min :
တစ်ယောက်ထဲအေးချမ်းနေပါတယ်ဘုရား
2026-07-11 03:11:36
1
phoophooei01
🌙Phoo Ei Thwe🌙 :
မေတ္တာသုတ်ရွတ်နေရင်းချစ်သူရရင်ရော
2026-07-08 12:34:25
5
ahnin471
🐼 HNIN EI EI KYAW 🐼 :
ဟုတ်ပါရဲ့ ခုတော့တစ်ယောက်ထဲ😁
2026-07-10 12:59:00
1
choyatithwin
Cho👸🏼 :
မေတ္တာသုတ်ရွတ်တာများသွားလို့ထင်ပါတယ် တစ်ယောက်တည်းကျန်နေခဲ့ရပြီ
2026-07-11 03:53:32
1
kothaw9238
Nay Chi♏ :
အဲ့ဒါကြောင့်မရွတ်ရဲတာ ကိုယ်ကနဂိုကတည်းကမှအဖော်မရှိတာ တစ်ခြားဘုရားစာတော့ရွတ်ပါတယ်😔
2026-07-10 13:18:19
4
eiphyuaung837
𝒫𝒽𝓎𝓊 :
အမှန်ဘဲ နားထောင်ရုံဘဲရှိသေးတယ် 🥺
2026-07-11 03:59:24
1
innerpeace930
Shwe Yamin Thu :
မေတ္တာသုတ်ကို သူ့နာမည်တပ်ရွတ်မှ ပိုဝေးသွားသလိုပဲ တခါလေကျ ဝေးသွားတပ်တယ်. ဇာတာတွေမကိုက်ရင်. အဆင်ပြေသွားတဲ့သူတွေပတွက် ဝမ်းသာပါတယ်
2026-07-11 06:01:40
4
may.nyo789
May Nyo :
ဟုတ်တယ်တကယ်ကိုနောက်ဆုံးတော့တယောက်တည်ဖြစ်သွားတယ်
2026-07-04 00:01:30
2
san9s67
ဝိုင်း ❤️❤️ :
မေတ္တာသုတ်အဓိဌာန်ရွတ်နေစဉ်အတွင်းကို မသိတဲ့သူတွေနဲ့စကားတွေပြောဖြစ်လာတယ်ပြီးရင်အဆက်အသွယ်တွေပြတ်သွားပြန်တာကောဘာကြောင့်ပါလဲဘုရား
2026-07-09 08:35:35
1
To see more videos from user @ashinagga969, please go to the Tikwm homepage.

Other Videos


About