@win.kyaw.naing30: #ကျောင်းပညာရေးမှာထည့်သင်သင့်တဲ့ဝိပဿနာဘာသာရပ်# * မကြားဝံ့မနာသာ ဒုစရိုက်မှုတွေ လျော့ပါးဖို့၊ ကလေးတွေတိုင်းကိုယ်ကျင့်တရားကိုတန်ဖိုးထားတတ်ဖို့နဲ့စိတ်ကိုကောင်းကောင်းထိန်းကျောင်းနိူင်ဖို့ ကျောင်းပညာရေးမှာ ဝိပဿနာ ဘာသာရပ်ပြဋ္ဌာန်းပေးသင့်ပြီ။ * ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် ကာယလေ့ကျင့်ခန်းတွေ သင်ကြားပေးသလို စိတ်ပိုင်းဆိုင်ရာ စောင့်ရှာက်ထိန်းသိမ်းနိူင်စွမ်း သန်စွမ်းဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းအဖြစ် ဝိဿနာကို ဘာသာရပ်တစ်ခုအနေနဲ့ ကျောင်းပညာရေးမှာ ပြဋ္ဌာန်းပြီး နိူင်ငံ အဝှမ်း သင်းကြားပေးရင် နောင်မျိုးဆက်အတွက် သိပ်ကောင်းတဲ့ ကိုယ်ကျင့်တရားတည်ဆောက်ပေးမှု တွေဖြစ်လာမှာပါ။ * မိဘတိုင်း ကိုယ့်သားသမီးတွေကို လူတော် ဖြစ်စေချင်ကြသလို လူကောင်းလေးတွေလဲ ဖြစ်စေချင်ကြတာပါဘဲ။ ဒီနေ့ခေတ် ကလေးငယ်တွေဟာ ကျောင်းနဲ့ အိမ် ပညာရှာရင်းသာ အချိန်တွေကုန်ဆုံးနေကြချိန်မှာ လူတော်ဖြစ်ဖို့ ဘဲ အသားပေးနေကြပြီး လူကောင်းဖြစ်ဖို့ အသားပေးတာ နည်းနေတယ်လို့ စိတ်ထဲမှာ ခံစားမိပါတယ်။ * လူဘယ်လောက်တော်တော် လူကောင်းမဖြစ်ရင် အကျိုးမရှိပါဘူး။ ပတ်ဝန်းကျင် ဒုက္ခပေးတတ်တဲ့ သူတွေသာ တိုးပွားလာမှာပါ။ ငယ်စဉ်ကတည်းက ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်အောင် ပြုစုမပျိုးထောင်ခဲ့ရင် ကြီးလာချိန်မှာ ဒါကောင်းပါတယ်လို့ ဘယ်လောက်ပြောပြော အကောင်းအဆိုး ခွဲခြား ခံစားနားလည်ဖို့ သိပ်ခက်သွားပါလိမ့်မယ်။ * ကျောင်း ပညာရေးမှာသာ အချိန်ပိုင်း ဝိပဿနာ အခြေခံလေးတွေ သင်ကြားပေးရင် ကိုယ့်စိတ်ကို ကိုယ် အကောင်းအဆိုးကြည့် တတ်လာပြီး ကောင်းကောင်းမွန်မွန် ထိမ်းကျောင်း စောင့်ရှောက်တတ်လာလို့ လူ့အဖွဲ့အစည်းဟာလဲ ကိုယ်ကျင့်တရားပြည့်ဝသူတွေ များလာပြီး လုံခြုံစိတ်ချရတဲ့ နေချင့်သဖွယ်၊ ဂုဏ်ယူဖွယ် လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်လာမှာပါ။ * ယဉ်ကျေးမှု သင်တန်းတွေ၊ ဝိပဿနာ သင်တန်းတွေ ရှိပေမယ့် မိဘတွေရဲ့ မအားလပ်တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပို့ဆောင် သင်ကြားမပေးနိူင်တာတွေရှိတာပါဘဲ။ ပညာရေးဋ္ဌာနက အချိန်ပိုင်း သင်းရိုးတစ်ရပ်အနေနဲ့ ယဉ်ကျေးမှု ဘာသာရပ်ကို ထည့်သွင်းပေးမယ် ဆိုရင် ဒီအခက်အခဲတွေ ပြေလည်လာမှာပါ။ * ဒါကို လစ်ဘယ် နဲ့ အမျိုးသားရေး အားပြိုင်တဲ့ မျက်စိမျိုးနဲ့ မကြည့်ဘဲ ကလေးတွေကို ကာယလေ့ကျင့်ခန်း သင်ပေးသလို စိတ်ပိုင်း လေ့ကျင့်ခန်းသင်ပေးတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်ပေးဖို့ လိုပါလိမ့်မယ်။ မိဘတိုင်း သားသမီးအပေါ် လူတော် လူကောင်း တစ်ယောက်အနေနဲ့ ဖြစ်လာစေချင်တဲ့ ခံစားချက်နဲ့ ကြည့်လိုက်ရင် ယနေ့ခေတ်ရဲ့ ရုပ်ပိုင်း ဆိုင်ရာတွေတိုးတက်လာမှုမှာ ကိုယ့်မျိုးဆက်အတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့မျိုးမှု အမွေတွေ ပေးထားခဲ့ချင် ကြမှာပါ။ မေတ္တာဖြင့် **** win kyaw naing.
Win Kyaw Naing
Region: MM
Saturday 04 July 2026 02:29:53 GMT
Music
Download
Comments
Chan Myae Aung (မဲတူးလေး)😉 :
ဒါပေါ့ ဒါန.သီလ. သမထ ဝိပဿာနာ အကြောင်းအကျိုးတရား သဘာဝတရားတွေကို ကာယချိန် အားလပ်ချိန်တွေမှာ သင်ကြားနိူင်ဖို့ လုပ်ဆောင်သင့်တာ အမှန်ဘဲ...အရေးမပါသလောက် ဟာတွေတောင် ထည့်ထားလို့ ကျက်မှတ်ခဲ့ရ ဖြေခဲ့ရသေးတာဘဲ နော့
2026-07-04 06:09:49
2
Htetghk Tyogj :
ကောင်းတဲ့အစီအစဉ်လေးပါ
2026-07-04 06:18:41
3
Thein :
လွတ်တော်မှာတင်ပြအတည်ပြုနိင်ပါစေ👍👍👍👍👍👍👏👏👏👏🥰
2026-07-06 05:33:11
1
uzin0034 :
ယဉ်ကျေးမှု အစ သာသနာက🙏🙏🙏
အကြံပေးလေး ကောင်းပါတယ်...🙏🙏🙏
2026-07-10 12:48:08
1
တပည့်သေးသေးလေးကျော်ဇင် :
✍️✍️✍️🙏🙏🙏🥰🥰🥰🥰🥰🥰🥰🥰
2026-07-06 14:10:41
1
May Sable :
လေးစားချစ်ခင် အကြုံးဝင်
ကောင်းမြတ်သော အလေ့အကြင့်
ငယ်စဥ် ကလေး ဘဝက သိရှိသင့်
ရှေ့ဆက် ခရီလမ်းစဥ် ဖြတ်သန်းရမှာ
သာယာ အေး ချမ်း ဘဝလမ်း *
ခရီးစဥ်လေးချောမွေ့ ၏ *
2026-07-05 06:56:05
2
Min Naing :
မူလတန်း၊အလယ်တန်းတွေမှာ ဝိပဿနာကို
မှန်ကန်ထိရောက်စွာသင်နိုင်ဖို့ အသက်ငယ်သေးသောကြောင့်ဖြစ်နိုင်ဖို့လွယ်မယ်မထင်ပါဘူး။
2026-07-06 10:23:07
1
အပျြိုကီး :
နိုင်ငံတိုင်းလူမျိုးတိုင်းကိုယ်ကျင့်တရားရှိရင်လူတိုင်းညိမ်းချမ်းသာယာအေးချမ်းမှာအမှန်ပါဘဲ
2026-07-04 07:18:33
1
Chit Lay Chit Lay :
လေစားလိုက်တာ
2026-07-12 03:45:47
1
ခင်စံပယ်နှင်း :
တကယ်ဖြစ်နေပြီနော်
ဟုတ်ရဲ့လား မယုံဝံ့ ယုံဝံ့
သို့သော် တကယ်ကြီးပါးလား
ဘာတွေဖြစ်ကုန်တာလဲ !!!!!
2026-07-04 11:13:41
1
U Tin Soe :
🥰🥰🥰🥰🥰🥰🥰
2026-07-05 04:48:28
1
naingdouble3 ဦးႏနိုင်လေး :
🥰🥰🥰
2026-07-05 11:17:25
1
Chit Mg :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-04 15:01:41
1
Han :
🥰🥰🥰
2026-07-06 21:23:13
1
uhtay win :
🥰🥰🥰
2026-07-04 12:43:59
1
Mee Nge :
👍👍👍👍👍
2026-07-04 13:24:12
1
Kyaw lin Tun :
😉😉😉😉
2026-07-04 13:59:42
1
Unity Barber Shop :
🥰🥰🥰🥰
2026-07-05 16:50:41
1
Zaw Latt :
👏👏👏
2026-07-04 03:19:47
1
အညတရတစ်ခဏ :
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
2026-07-08 07:07:23
1
To see more videos from user @win.kyaw.naing30, please go to the Tikwm
homepage.