@capybaraeater777:

mala
mala
Open In TikTok:
Region: ID
Saturday 04 July 2026 04:37:57 GMT
132
11
0
5

Music

Download

Comments

There are no more comments for this video.
To see more videos from user @capybaraeater777, please go to the Tikwm homepage.

Other Videos


"အာဏာသိမ်းစစ်တပ်ရဲ့ ရက် (၁၀၀) စီမံချက်အတွင်း ကုန်စျေးနှုန်း ပိုမိုမြင့်တက်နေတယ်လို့ ဘူးလတ်လှဆွေ ဝေဖန်ပြောဆို" PEN47 / ဇူလိုင် ၄ အာဏာသိမ်းစစ်တပ် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရက် (၁၀၀) စီမံချက်မှာ တရားဥပဒေစိုးမိုးရေး နဲ့ ကုန်စျေးနှုန်း ကျဆင်းရေးကို ရည်မှန်းထားသော်လည်း လက်တွေ့မြေပြင်မှာ ကုန်စျေးနှူန်းမကျတဲ့အပြင် ပိုမိုမြင့်တက်လာတယ်လို့ ဘူးလတ်လှဆွေက မီဒီယာသမား ဦးမြတ်ခိုင်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။ "ရက် (၁၀၀) စီမံချက်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးလို့ ဆိုပေမယ့် လက်တွေ့အောက်ခြေမှာတော့ ကုန်ဈေးနှုန်းတွေက ကျမသွားတဲ့အပြင် ပိုလို့တောင် တက်နေတယ်" လို့ ဘူးလတ်လှဆွေက ပြောဆိုပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက်(၁၀၀)စီမံချက် ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှာ စတင်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ စီမံချက်ရဲ့ နောက်ဆုံးသတ်မှတ်ရက်မှာ လာမယ့် ဇူလိုင်လကုန်မှာ ကုန်ဆုံးမည်ဖြစ်ရာ စီမံချက်သက်တမ်း ကုန်ဆုံးလုနီးပါးဖြစ်နေသော်လည်း အခြေခံကုန်ဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဘူးလတ်လှဆွေက ပြည်သူ့လွှတ်တော်မှာလည်း ထူးထူးခြားခြားမရှိဘဲ မိမိတို့ဒေသတွင်းမှာ လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ ဆည်မြောင်းသာသနာရေးနဲ့ စာသင်ကျောင်းဆောက်လုပ်ရေး စတာတွေတို့ကိုသာ လုပ်ဆောင်ပေးရန် တောင်းဆိုကြခြင်းဖြစ်တာကြောင့် သိပ်အရေးမကြီးကြောင်း ဝေဖန်ထားပါတယ်။ ၎င်းက ဆက်လက်၍ "ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ကော်မတီ၊ ကော်မရှင်တွေ၊ သူတို့ရဲ့ နယ်မြေတွေမှာ မဲဆန္ဒရှင်ပြည်သူကို ကျွန်တော်တို့ ဒါတွေ တောင်းနေပါပြီ၊ ဒါတွေ ဖြည့်ဆည်းပေးပါတော့မယ် ဆိုတာကို ပြချင်တာပေါ့။ အဲဒါမှလည်း မဲထည့်တာကိုး။ အလုပ်ပြတာ။ အလုပ်ပြတာ" လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ဆောင်ချက်အပေါ် သရော်၍ ပြောဆိုလိုက်ပါတယ်။ #pen47 #whathappeninginmyanmar

About