@tunnaungsoe01: ခန္ဓာပျက်ကိန်းတွက်နည်း တွက်နည်းနဲ့ငြိတဲ့လူတိုင်းကျိန်းသေသေရမယ်လို့ဆိုလိုခြင်းမဟုတ်ကြောင်းဦးစွာသတိပေးလိုပါတယ်။ အောက်ဖော်ပြပါတွက်နည်းကို နာမကျန်းဖြစ်နေတဲ့လူ၊ အိပ်ယာထဲဘုန်းဘုန်းလဲပြီး နာလန်မထူနိုင်တဲ့လူတွေမှာသာတွက်ကြည့်ပြီး ကျန်းမာရေးအညံ့ရှိတဲ့နှစ်နဲ့ကြုံကြိုက်နေပါက ဓာတ်ရိုက် ဓာတ်ဆင် ယတြာတွေနဲ့ ကျန်းမာရေးအညံ့တွေကိုကျော်လွှားနိုင်ပါစေကြောင်း မေတ္တာရှေ့ထား၍ ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။ ယတြာတွေကိုတော့ လက်တလောကျန်းမာရေးညံ့နေတဲ့ မည်သူမဆို ခန္ဓာပျက်ကိန်းကြုံကြိုက်သည်ဖြစ်စေ၊ မကြုံကြိုက်သည်ဖြစ်စေ လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။ ခန္ဓာပျက်ကိန်းလင်္ကာမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အာယုဒီဃံ၊ မသွေမှန်၊ ဇီဝဂြိုဟ်နံနှော။ ၂။ တြိသုံးတန်၊ မြှောက်တုံပြန်၊ ကိုးတန်းဘုဉ္ဇကော။ ၃။ ဆနှင့်သုညာ၊ ကြွင်းသောခါ၊ ခန္ဓာပျက်မည်ဟော။ ဆိုလိုသည်မှာ - ၁။ နာမကျန်းဖြစ်နေသောသူ၏အသက်ကို မွေးနံဂြိုလ်သက်ဖြင့်ပေါင်းပါ။ ၂။ ရလာသောအဖြေကို ၃ ဖြင့်မြှောက်ပါ။ ရလာသောအဖြေကို ၉ ဖြင့်စားပါ။ ၃။ နောက်ဆုံးရလာသောအကြွင်းသည် ( ၀ ) (သို့မဟုတ်)( ၆ ) ကြွင်းခဲ့လျှင်ခန္ဓာပျက်ကိန်းကြုံသူဖြစ်ပါတယ်။ ဗုဒ္ဓ ယတြာနည်းများ ~~~~~~~~~~~~~~ ညောင်ထောက်ခြင်း ~~~~~~~~~~~~~~~ ညောင်ထောက်ခြင်းဆိုသည်မှာဗောဓိညောင်ပင်၏အောက်သို့နိမ့်ကျနေသောညောင်ကိုင်းများကိုဝါးလုံးဖြင့် မကျန်းမမာသူလူမမာကျန်းမာစေကြောင်းဆုတောင်းလျှက် ထောက်ပေးရမှာဖြစ်ပါတယ်။ တံတားခင်းခြင်း ~~~~~~~~~~~~~ လူသွားလမ်းပေါရှိ မြောင်းငယ်များဖြတ်ကူးသောနေရာ၌ဝါးဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ ဖြတ်ကူးတံတားပြုလုပ်လှူဒါန်းရပါသည်။ အဆောက်အအုံဟောင်းပြုပြင်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~တံတားအို၊ ဇရပ်အို ၊ကျောင်းအို၊ဘုရားအိုဟောင်းနွမ်းသော ရေကန်ကို တူးဖော်ခြင်း၊ ရေတွင်း၊ ရေကန်ပြုပြင်ခြင်းကိုလည်းပြုလုပ်နိုင်ပါသည်။ အာယုအရပ်၌ မွေးနံပင်စိုက်ပျိုးခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၁။ တနင်္ဂနွေသားသမီးဖြစ်လျှင် အရှေ့အရပ်၌ အုန်းပင်ကို စိုက်ပျိုးရ၏။ ၂။ တနင်္လာသားသမီးဖြစ်လျှင် အရှေ့တောင်ထောင့်အရပ်၌ ကံ့ကော် ပင် စိုက်ပျိုးရ၏။ ၃။ အင်္ဂါသားသမီးဖြစ်လျှင် တောင်အရပ်၌ စကားစိမ်းပင်ကို စိုက်ပျိုးရ၏။ ၄။ ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် အနောက်တောင်ထောင့်အရပ်၌ ဝါးပင် စိုက်ပျိုးရ၏။ ၅။ ကြာသပတေးသားသမီးဖြစ်လျှင် အနောက်မြောက်ထောင့်အရပ်၌ သပြေပင် စိုက်ပျိုးရ၏။ ၆။ သောကြာသားသမီးဖြစ်လျှင်အရှေ့မြောက်ထောင့်အရပ်၌ သီးပင် စိုက်ပျိုးရ၏။ ၇။ စနေသားသမီးဖြစ်လျှင် အနောက်အရပ်၌ ထန်းပင်၊ သို့မဟုတ် တည်ပင် စိုက်ပျိုးရ၏။ ၈။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း၌မွေးဖွားသော ရာဟုသားသမီးဖြစ်လျှင် မြောက်အရပ်၌ ရှားပင် စိုက်ပျိုးရ၏။ မှတ်ချက် ။ ။ အထက်ပါနေ့နံအလိုက် သစ်ပင်များကိုစိုက်ပျိုးရာ၌သက်ရှိအရင်း၊ သက်မဲ့အဖျားဆိုသည့်အတိုင်းသစ်ပင်အမည်၏ အဖျားနာမ်ကိုသာ နံသင့် အဖြစ်ကောက်ယူရမည်။ ဘေးမဲ့လွှတ်ခြင်းနေ့နံသင့်သက်ရှိသတ္တဝါများ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၁။ တနင်္ဂနွေသားသမီးဖြစ်လျှင် ဥသြငှက် သို့မဟုတ် တနင်္ဂနွေနံဖြစ်သော သတ္တဝါတစ်မျိုးမျိုးကို လွှတ်ပေးသင့်၏။ ၂။ တနင်္လာသားသမီးဖြစ်လျှင် ကြက်ကိုဖြစ်စေ၊ ငါးကိုဖြစ်စေ လွှတ် ပေးသင့်၏။ ၃။ အင်္ဂါသားသမီးဖြစ်လျှင် စာကလေးကိုလွှတ်သင့်သည်။ ၄။ ဗုဒ္ဓဟူးသားသမီးဖြစ်လျှင် လင်းယုန် သို့မဟုတ် ယုန်ကိုလွှတ်ပေးသင့်၏။ ၅။ ကြာသပတေးသားသမီးဖြစ်လျှင် ဖားကိုဖြစ်စေ၊ ဘဲကိုဖြစ်စေ လွှတ်ပေးသင့်၏။ ၆။ သောကြာသားသမီးဖြစ်လျှင် ဟင်္သာငှက်ကိုဖြစ်စေ၊သိန်းငှက်ကိုဖြစ်စေ လွှတ်ပေးသင့်၏။ ၇။ စနေသားသမီးဖြစ်လျှင် ဒီးဒုတ်ငှက်ကို လွှတ်ပေးသင့်၏။ ၈။ ရာဟုသားသမီးဖြစ်လျှင် ယုန်ကို ဘေးမဲ့လွှတ် ဇရက်ကို ဘေးမဲ့လွှတ်ပေးသင့်၏။ မွေးနံအသား ~~~~~~~~ ခန္ဓာပျက်ကိန်း စသည်နှင့်ကြုံကြိုက်ခိုက် လွန်မင်းစွာ မကျန်းမမာဖြစ်လျှင် ထိုသူ၏ နေ့နံသင့်ဖြစ်သော သစ်သားကို ကိုယ်နှင့်တိုင်းဖြတ်၍ ချည်ထားခြင်း၊ အဖျားပိုင်း၌ ဆံပင်ကိုဖြတ်၍ ချည်ထားခြင်း။ အရင်းပိုင်း၌ ခြေသည်းကိုဖြတ်၍ထုတ်ဆွဲထားခြင်း၊ အထက်ပိုင်း၌လက်သည်းကိုဖြတ်၍ ထုပ်ဆွဲထားခြင်း၊ မကျန်းမာသူ၏လုံချည်စ၊ အင်္ကျီစများကို ဆိုင်ရာအပိုင်း၌ဝတ်ဆင်ရသကဲ့သို့ ရစ်ပတ်ထားခြင်းကိုပြုလုပ်ပြီးနောက် မကျန်းမာသူ၏ အိပ်ရာဘေး၌တစ်ညတာမျှ ယှဉ်တွဲထား၍ နောက်တစ်နေ့မွန်းလွဲချိန်၌ မကျန်းမာသူ၏ ဘုမ္မိအရပ်၌မြေမြှုပ်သဂြိုဟ်ပစ်ရမည်။ ၁။ တနင်္ဂနွေ - အုန်းလက်။ ၂။ တနင်္လာသား - ကံ့ကော်။ ၃။ အင်္ဂါသား - ညောင်သား။ ၄။ ဗုဒ္ဓဟူးသား - ဝါး။ ၅။ ကြာသပတေး - ယင်းမာ။ ၆။ သောကြာသား - သီးသား။ ၇။ စနေ - ထန်းလက်၊ ဓနိလက်။ ၈။ ရာဟုသား - ရှားသား။ #creatorsearchinsights #foryou #foryoupage #capcut #fyp @ဆရာရဲဝံ့ဖြိုးဦး-09421119443 @ဆရာရဲဝံ့ဖြိုးဦး-09421119443 @ဆရာရဲဝံ့ဖြိုးဦး-09421119443
ဆရာရဲဝံ့ဖြိုးဦး 09-421119443
Region: MM
Saturday 04 July 2026 04:52:49 GMT
Music
Download
Comments
NAING ( OFFICIAL ) :
စနေသား အသက် 49 ဆိုဘယ်လို့တွက်မလဲ
2026-08-23 16:08:35
1
🥰သွန်းဝင့်ထည်ဝါ😘 :
ဘာပဲကြွင်းကြွင်းတနေ့သေရမှာပဲ
တွေးပြီးသောကရောက်နေရင်သရဲဖြစ်နေမယ်
2026-08-05 11:21:34
7
Zaw Zaw Than :
နားမလည်တာက သောကြာ ဂြိုလ်သက်က ၂၁ ဖြစ်တယ်ဆိုရင် ကျန်သောနေ့နမ်များရဲ့ ဂြိုလ်သက်များ သိခွင့်ရှိရင် သ်ိပါရစေလားဆရာ။
2026-07-23 04:18:01
1
Ko Zay 🎸 Guitarist :
၆ ကြွင်းတဲ့နှစ်ဆို လူတိုင်းသေလား
2026-08-24 12:59:12
1
Rose :
သောကြာနေ့ဖွားကျား၊မ အားလုံးအသက်၅၀ မှာသေရမှာလား
အဖွား ၈၂ သောကြာ အခုထိရှိပါ့
2026-08-24 10:52:27
1
yi yi myint :
ကျေးဇူးအထူးများစွာတင်လျှက်ပါဆရာ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🥰🥰🥰
2026-08-24 13:46:46
1
Khin Nu Yin :
ကျေးဇူးပါ
2026-07-09 08:08:55
2
Shaw Su Khin :
hi
2026-07-09 02:29:01
2
NAING ( OFFICIAL ) :
6 ကြွင်းရင်ဘာဖြစ် လဲ ဆရာ
2026-08-24 13:23:06
2
UAyeMinThant :
ကျေးဇူးပါ
2026-07-09 09:29:18
1
Yuki :
မှားေနတယ်ေမွးစ က ေနတွက်ကြည့်
အုံး အကြိမ်းကြိမ်းြဖစ်ေနခဲ့တာ
2026-08-02 19:53:23
1
Ko Min Aung :
ကျေးဇူးပါ
2026-07-10 11:04:37
2
Nan Thet Maw Khine :
ကျေးဇူးပါ
2026-07-07 05:58:36
2
သန္တာ :
0ကြွင်းတယ်။ဘာမှမဖြစ်ပါဘူးတ စ်နေ့ နေ့တော့သေရမှာပါပဲ။
2026-08-24 11:11:32
1
toe :
စ နေဂြိုလ်သက်ဘယ်လောက်လဲ
2026-08-25 11:33:53
0
Win Kyi :
ဘေးမဲ့လွတ်တဲ့အရာတွေအဆင်မပြေရင်ဘယ်လိုလုပ်ရမလဲရှင့်ဥပမာသောကြာဆိုရင်
2026-08-23 11:26:09
1
ဒဏ္ဍါရီ ညို :
အဂ်ါ52ဆိုဂြုလ်သက်ကဘယ်လောက်လဲ
2026-08-25 02:21:40
0
Sai PanMya :
ဘာကြွင်းမှသွားမယုံနဲ့သေချိန်တန်ရင်သေရမှာပဲသက်တန်းတိုးလို့မရပါ
2026-08-26 17:31:08
1
hla hla htwe :
ကျေးဇူးပါ
2026-07-08 14:11:18
2
zawlatt :
၃ကြွင်းရင်ဘာဖြစ်မလဲဆရာ
2026-08-24 13:33:18
1
Ko Thant Zin :
ဥပါဒါန်ကြောင့်ဥပါဖြစ်ကြတော့မှာပဲ ဆင်ခြင်နိုင်ကြပါစေ
2026-07-07 11:37:55
11
Ei Ei Aung360. (Taunggyi.Thu) :
၀. ကြွင်းးးး
2026-08-24 08:50:44
1
ကိုရွှေဆုံ :
၂၁ကဘယ်လိုရတာလဲဗျမသိလိုပါ၅၀+21.ပေါင်းတာကိုမသိတာ
2026-07-10 04:33:49
1
Thin yu Hlaing :
0ကြွင်း ရင်ဘယ်ကြည့်
2026-07-07 06:23:29
4
💖💝M M💝💖 :
တစ်ကြွင်းရင်ဘာဖြစ်နုစ်ကြွင်းရင်မကောင်း လားကောင်းလားတင်ပေးပါအုန်း
2026-07-06 14:51:10
4
To see more videos from user @tunnaungsoe01, please go to the Tikwm
homepage.