@ma.mas.maung.lay: နောက်ဆုံးတော့ သတိရတဲ့အခါတိုင်း "မေတ္တာပို့ပါ" ဆိုတဲ့ စကားကို နားလည်လာတယ် … ပိုင်ဆိုင်ခွင့်ရော၊ ထိတွေ့ခွင့်ရော၊ ဆက်သွယ်ခွင့်ရော မရှိနိုင်တော့တဲ့အခါ မင်းကိုရည်စူးပြီး မေတ္တာပို့ရုံကလွဲလို့ ကိုယ် ဘာများတတ်နိုင်ဦးပါ့မလဲ … အရင်ကတော့ မေတ္တာဆိုတာ အနားမှာရှိမှ ပေးလို့ရတယ် ထင်ခဲ့တယ်။ အခုတော့ ဝေးကွာခြင်းရဲ့ အဆုံးမှာတောင် မေတ္တာက လမ်းပျောက်မသွားဘူးဆိုတာ သိလာတယ်။ မင်းမသိလည်း ရတယ်။ မင်းမခံစားမိလည်း ရတယ်။ ကိုယ့်နှလုံးသားကတော့ မင်း အေးချမ်းပါစေ၊ ပျော်ရွှင်ပါစေဆိုတဲ့ ဆုတောင်းကို နေ့တိုင်း မပျက်မကွက် ပို့နေဦးမှာပဲ။ တချို့လူတွေက ဘဝထဲမှာ အတူလျှောက်ဖို့ မဖြစ်နိုင်တော့ပေမယ့် နှလုံးသားထဲမှာတော့ မေတ္တာနဲ့ပဲ ဆက်ရှိနေကြတယ်။ ဒါကြောင့်… သတိရတဲ့အခါတိုင်း မငိုတော့ဘူး။ မတောင်းဆိုတော့ဘူး။ ပြန်လာဖို့လည်း မမျှော်တော့ဘူး။ မင်းရှိတဲ့နေရာမှာ ကျန်းမာပါစေ၊ အဆင်ပြေပါစေ၊ ပျော်ရွှင်ပါစေလို့ တိတ်တိတ်လေး မေတ္တာပို့နေမယ်။ တကယ်တော့… အချစ်ရဲ့ နောက်ဆုံးပုံစံက ပိုင်ဆိုင်ခြင်း မဟုတ်ဘူး။ မျှော်လင့်ခြင်းလည်း မဟုတ်ဘူး။ ဘာမှ မတောင်းဆိုဘဲ သူ့အတွက် အေးချမ်းခြင်းကိုသာ ဆုတောင်းပေးနိုင်တဲ့ မေတ္တာပဲ ဖြစ်တယ်။ အဲဒါဟာ လက်လွှတ်လိုက်ခြင်း မဟုတ်ဘူး။ အချစ်ကို မေတ္တာအဖြစ် ပြောင်းလဲတတ်သွားခြင်းပဲ။ နေ(သူ့အတွေး၊သူ့အရေး) #crd; to owner with respect.
Scorpion
Region: MM
Saturday 04 July 2026 06:17:40 GMT
Music
Download
Comments
nyein :
ဟုတ်တယ် ကို သူအဆင်ပြေဖို့.ကျန်းမာဖို့.ပျော်ရွှင်နေရင်..ကိုယ်အဝေးကနေဘဲ..ကျေနပ်နေတာပါ..နေ့တိုင်းလဲ..သူအေးချမ်းဖို့ဆုတောင်းမိပါရဲ့..😞😞
2026-07-04 19:12:01
35
Dream :
နေ့တိုင်း ဆုတောင်း ပေးဖြစ်တယ် ဘာမှမပါတဲ့အဖြူရောင် မေတာသန့်သန့်နဲ့ပါ 🤗🤗🤗
2026-07-04 15:13:53
11
Ko Ye :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️6.7.2026=7:46
2026-07-06 13:15:44
1
မြိတ်သားလေး(မွန်မလေးရဲ့ကိုကို) :
စာသားလေးcopyချပေးပါ
2026-07-04 11:06:27
8
Malar :
စာသားလေး copy ချပေးပါလား
2026-07-05 22:30:48
1
War War Aung :
စာသားရော သီချင်းရောကြိုက်🥰🥰🥰
2026-07-05 09:35:46
5
Sai Ko Phyo :
အတူတူပဲ ဗျာ နေ့တိုင်းသတိရနေတယ် အမြဲလွမ်းနေပါတယ် ကိုယ်မပိုင်ဆိုင်လိုက်ရပေမယ့် သူလေး အေးချမ်းပါစေလို့တော့ အမြဲဆုတောင်းပေးတယ်
2026-07-05 05:27:23
5
Mya♥️ကဗျာချစ်သူလေးပါ🥰 :
😳😳😳
2026-07-05 04:49:44
1
Thidar San :
အရမ်းကိုမှန်ပါတယ်🥰အလွန်လှပပြီးနူ့ညံ့တာမေတ္တာတရားပါ🥰
2026-07-06 02:29:04
1
🌸ပန်းခရေ🌸 :
ပြန်တင်ခွင်ပြုပါရှင်
2026-07-06 06:45:55
0
Aung Thu Win964 :
စာသားလေး copy ချပေးပါ
2026-07-05 23:12:50
1
bell lay :
အမျှဝေရုံကလွဲရင်ဘာမှမတက်နိူင်တော့ဘူး။
2026-07-05 15:40:42
1
user5941223244525ko :
မေ တ္တာ %
2026-07-05 21:43:09
1
☂️ဘေးမခ အေးမြစေသူ☂️ :
စာရေးသားပုံ စိတ်ထားပုံလေး
သိပ်ကောင်းပါတယ် အများအကျိုးပြုစာပေများ
ဆက်၍ရေးသားနိုင်ပါစေ။
2026-07-05 15:46:00
2
Hinn Pwint Phu :
ဘာမှမတက်နှိင်ရင်လဲအဝေးကနေပဲချစ်နေမှာကိုရင်ထဲကချစ်တွေကိုဘယ်သူမှမနှိင်ပါဘူး
2026-07-05 12:16:44
1
Asahi Sai ( Sai ) :
ကြိုက်🥰🥰
2026-07-05 08:34:00
1
Soe Soe :
စာလေးဖက်ကြည့်ပြီးကိုပြောနေသလိုခံစားမိတယ်ဟုတ်ပါတယ်နှစ်လတွေကြာထိမေတ္တာပို့နေရတာတနေ့မပျက်ခဲ့ပါပူးတခါတလေရင်ထဲကျင်လာတဲ့ထိသတိရမိတာပါ 😌😥
2026-07-06 01:06:41
1
Zaw Myo Htun :
ပြန်တင်မယ်နော်
2026-07-05 03:09:22
1
nu nu lay :
သူပျော်ရင် ရပါပြီ🥰
2026-07-05 09:37:13
2
Myat :
ပြန်တင်ခွင့်ပြုပါ🥰🥰🥰🥰🥰
2026-07-05 02:03:37
1
sandarwin50710 :
ဟုတ်တယ်နော်ကိုဘာများတတ်နိုင်အုံးမှာလဲ
2026-07-05 21:09:16
1
SITT BHONE AUNG :
နောက်မိန်းမယူသွားတဲ့ကိုကိုရေကျန်းမာပျော်ရွင်ပါစေပိုက်ဆံတွေအများကြီးရှာပေးပါနော်မရှာနိူင်ရင်မယားငယ်မမကြည်ရင်ကိုကိုစိတ်ဆင်းရဲမှာစိုးလို့ပါကို💘
2026-07-05 18:19:12
1
😎A.M.T😎 :
ဪ အချစ်ရယ် ကိုယ်စိတ်မချ လို့ပါကွာ 🥰🥰🥰
2026-07-05 18:05:10
1
Moe Moe :
Right
2026-07-05 01:01:54
1
To see more videos from user @ma.mas.maung.lay, please go to the Tikwm
homepage.